What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 April 2020 12:24

ကိုယ်ခံစွမ်းအားအတွက် ဂျင်း - ကြက်သွန်ဖြူ လက်ဖက်ရည်ကြမ်း ဘယ်လိုနှပ်သလဲ

90251442_832926683874316_4730726126572273664_n.png

ကိုယ်ခံစွမ်းအား ကောင်းဖို့နဲ့ နှင့်ကိုယ်အလေးချိန် ကိုယ်ရည်စစ်သွားဖို့အတွက် သောက်ကြတဲ့ ဆေးဘက်ဝင် ဂျင်း - ကြက်သွန်ဖြူလက်ဖက်ရည်ကို ဘယ်လိုနှပ်ရမလဲ ။ ကိုယ်ခံစွမ်းအား အထူးသဖြင့် အဆုပ်အတွက် ဆေးဘက်ဝင်တဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို ကိုယ်အလေးချိန်လျှော့ချနိုင်သည့်နည်းလမ်းတစ်မျိုး အဖြစ်ခြင့်လည်း သောက်ကြတယ်။

 

ဂျင်းနဲ့ ကြက်သွန်ဖြူကို ရေနွေးကြမ်းလို့ ပြောကြတဲ့ လက်ဘက်ရည်ကြမ်းနဲ့ နှပ်လို့ ရတဲ့ ရှေးနည်းဟောင်းတစ်ခုကို တင်ပြလိုပါတယ်။ Coronavirus ခြိမ်းခြောက်မှုကြီးကြောင့် လူအများစုတို့ ကိုယ်ခံစွမ်းအား ကောင်းဖို့ ဂရုပြုလာကြတယ်။ကိုယ်ခံစွမ်းအားကို ခန္ဓာကိုယ်မှာ ရောဂါဖြစ်စေသောပိုးများကို ခန္ဓာကိုယ်ခုခံနိုင်သည့် မျှတသောအခြေအနေဟု သတ်မှတ်ပါတယ်။

 

ကိုယ်ခံစွမ်းအားအတွက် အံ့ဖွယ်အမှုပြုနိုင်သော အရာတွေထဲမှ ဂျင်းနှင့်ကြက်သွန်ဖြူတို့ဟာ ဟင်းချက်ရန်အတွက် အရသာအေးဂျင့်များမျှသာ မဟုတ်ပါ။ ဂျင်း၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများ အာယုဗေဒကျမ်းများတွင် အကျယ် ဖော်ပြထားပါတယ်။ ယခု အကျဉ်းမျှ ရေးပါမယ်။ အဓိကအားဖြင့် အစာမကြေခြင်းကို ပြေပျောက်စေတယ်။

 

ကြက်သွန်ဖြူက ရောင်ရမ်းခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဂုဏ်သတ္တိများကြောင့် ကျော်ကြားသည်။ နှစ်ခုစလုံး အလွန်အစွမ်းထက်သောအပင်များဖြစ်တယ်ဆိုရာ အငြင်းပွားဖွယ်ရာ မဟုတ်ပါ။ အဲဒီနှစ်မျိုးကို ဆေးဘက်ဝင်တဲ့ လက်ဖက်ရည်ကြမ်းနဲ့ နှပ်လိုက်လိုက်တဲ့အခါ ရရှိလာတဲ့ ဂျင်းကြက်သွန်ဖြူလက်ဖက်ရည်အနေဖြင့်ကိုယ်အလေးချိန်လျော့ကျစေခြင်းနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးအရည် ဖြစ်ပါတယ်။

 

ဆေးဖက်ဝင်အပင်များဖြစ်ကြပြီး အအေးမိပြီးနောက် မကြာခဏတရှောင်ရှောင်ဖြင့် အအေးမိခြင်း၊ နှာခေါင်းအတွင်း ပိတ်ခြင်း၊ လည်ချောင်းနာခြင်းများကြောင့် ဖြစ်ပေါ်သော အဆင်မပြေမှုများကို သက်သာစေရန် အလွန်ထိရောက်ပါတယ်။ သင် နေ့စဉ်ဆေးဖက်ဝင်အပင်များအရည်ကို သောက်နိုင်တယ်။ သို့သော် ရောဂါလက္ခဏာများ မြဲနေလျှင် ဆရာဝန်နှင့်တိုင်ပင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

 

ဂျင်း - ကြက်သွန်ဖြူလက်ဖက်ရည်လုပ်နည်း 

၁။ ဂျင်းကို အခွံနွှာ၊ ရေဖြင့် ဆေးကြော၊ အတုံးသေးသေးများ လှီး၊

၂။ ရေနွေးအိုးထဲ ရေခွက်တစ်ခွက်သာသာ ထည့်ပါ။ ဂျင်းအတုံးငယ်များကို ထည့်ပါ။

၃။ ကြက်သွန်ဖြူကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပါ။ ငရုတ်ကောင်းစေ့(အမည်း) လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပါ။

၄။ ၅ မိနစ် ပြူတ်ထားပါ။

၃။ အပူမှ ဖယ်ရှားပြီး ခွက်ထဲ ဇကာစစ်ထည့်။ လက်ဖက်ခြောက် ခတ်ပါ။ အရသာ ပိုကောင်းပြီး ဆေးဘက်ပိုဝင်ချင်ရင် လက်ဖက်ရည်ဇွန်းတစ်ဝက် ပျားရည်စစ်စစ် ထည့်မွှေပါ။

 

သင့် ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားကောင်းစေမယ့် ဂျင်း - ကြက်သွန်ဖြူ လက်ဖက်ရည်ကြမ်း ရပါပြီ။

90165828_212716063139335_1462378197545910272_n.png

Read times Last modified on Thursday, 09 April 2020 13:17
Rate this item
(0 votes)