What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 March 2018 14:41

လူတိုင်းမသိသေးသည့် ကိုလက်စထရော( colasterol )၏ ကောင်းကျိုးတချို့

လူတိုင်းမသိသေးသည့် ကိုလက်စထရော( colasterol )၏ ကောင်းကျိုးတချို့ google.com

ကိုလက်စထရောသည် ကြောက်စရာတစ်ခုမဟုတ်ပါ။ ခန္ဓာကိုယ်အတွက် အရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုပင်ဖြစ်ပါတယ်။

ကိုလက်စထရောသည်လည်း ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ “တန်ဆေး၊ လွန်ဘေး” ဟုဆိုသည့်အတိုင်း မတန်မဆများပြားလာပါက ဘေးဖြစ်စေနိုင်ပါတယ်။ ကိုလက်စထရော သာမက အခြားဓာတ်ပစ္စည်းများသည်လည်း ခန္ဓာကိုယ်၌ လွန်ကဲများပြားလွန်းလျှင် ဘေးဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် ကိုလက်စထရောက ဘယ်ကြောင့်လိုအပ်လဲဆိုတာ အောက်တွင်ဖော်ပြထားပါတယ်။

၁။ ဟော်မုန်းတည်ဆောက်ခြင်း

          တချို့သော ဟော်မုန်းများသည် ကိုလက်စထရောကို ကုန်ကြမ်းအဖြစ်ရယူအသုံးပြုကာ တည်ဆောက်ကြရပါတယ်။ အက်ဒရီနယ်ဂလင်း (Adrenal Gland ) သည် ဟော်မုန်းကော်တီကို စတီးရွိုဒ် (Corticosteroid ) တည်ဆောက်ရန် ကိုလက်စထရောကို သုံးရပါတယ်။ ကော်တီကိုစတီးရွိုဒ်သည် လူအတွက်အလွန်အရေးကြီးသော ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ မမျိုးဥအိမ် (Ovary ) နှင့် ဝှေးစေ့ (Testicle ) တို့မှ အီထရိုဂျင် (Oestrogen)၊ ပရိုဂျက်စတင် (Progestin ) နှင့် အင်ဒရိုဂျင် (Androgen ) ဟော်မုန်းများ တည်ဆောက်ထုတ်လုပ်ရာတွင်လည်း ကိုလက်စထရော လိုအပ်ပါတယ်။

၂။ ဗီတာမင် “ဒီ” ( Vitamin D ) တည်ဆောက်ခြင်း

          အရေပြားသည် နေရောင်ခြည်၏ စွမ်းအင်ကိုရယူပြီး ကိုလက်စထရောမှ ဗီတာမင် ဒီကို တည်ဆောက်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီသည် အရိုးနှင့် သွားများအတွက် အရေးကြီးသည့် ဗီတာမင်ဖြစ်ပါတယ်။ ဗီတာမင် ဒီချို့တဲ့ခြင်းကြောင့် အရိုးပျော့ရောဂါဖြစ်နိုင်ပါတယ်။

၃။ သည်းခြေဆားတည်ဆောက်ခြင်း (Bile Salts )

          သည်းခြေဆားထုတ်လုပ်ခြင်းအတွက်လည်း ကိုလက်စထရောလိုအပ်ပါတယ်။ သည်းခြေဆားသည် သည်းခြေရည် သည်းခြေရည်နှင့်အတူ အစာလမ်းကြောင်းသို့ ရောက်ရှိလာပြီး အဆီဓာတ်ကို ချေဖျက်စုပ်ယူရန်အတွက် ကူညီပေးရပါတယ်။ အဆီ၌ ပျော်ဝင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စုပ်ယူရန်အတွက် လည်း အားပေးပါတယ်။

၎။ ကလာပ်စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းသဘာဝပိုမိုကောင်းမွန်မှန်ကန်စေခြင်း

          ကလာပ်စည်းခေါ် ဆဲလ်များ၏ နံရံတွင် ကိုလက်စထရောသည် အခြေခံဓာတ်ပစ္စည်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။ ကလာပ်စည်းများတည်ဆောက်ပုံအရလည်းကောင်း၊ လုပ်ငန်းသဘာဝအရလည်းကောင်း ကိုလက်စထရောသည် အရေးကြီးသည့် ပစ္စည်းတစ်ခုဖြစ်ပါတယ်။

သာမာန်လူတစ်ယောက်အတွက် သွေး၌ရှိသင့်သော ကိုလက်စထရောပမာဏမှာ ၁၂၀ မှ ၂၀၀ မီလီဂရမ် % သို့မဟုတ် ၃ ဒသမ ၂ မီလီမိုး/လီတာ ( 120-200 mg%)(3.0-5.2 mmol/L) ဖြစ်ပါတယ်။

          ကိုလက်စထရောလိုအပ်သည်ထက် များခြင်းသည် ရောဂါဖြစ်စေသော အကြောင်းတစ်ခုဖြစ်ပါတယ်။ ကိုလက်စထရောများခြင်းကြောင့် သွေးကြောများ မာခြင်း၊ ကျဉ်းခြင်း၊ ပိတ်ဆို့ခြင်း များဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ဥပမာအားဖြင့်- နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ဆို့ခြင်း တို့ဖြစ်ပါက ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးကြွက်သားများ ပျက်ယွင်းခြင်း ( Myocardial Infarction ) ဖြစ်တတ်ပါတယ်။ နှလုံးကြွက်သားများ ပျက်ယွင်းခြင်းမှ တဆင့် နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးအဆို့ရှင်များ ပျက်စီးခြင်း၊ နှလုံးအလုပ်မလုပ်တော့ခြင်း တို့ဖြစ်လာနိုင်ပါတယ်။ နှလုံး၏ ပျက်ယွင်းသွားသော ဧရိယာပမာဏများလွန်းပါက ရုတ်တရက်သေဆုံးခြင်း ပင်ဖြစ်စေနိုင်ပါတယ်။

          ဦးနှောက်သွေးကြောပိတ်ခြင်း၊ ကျဉ်းခြင်းများ ကြောင့်လည်း လေငန်းဖြစ်ခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ တစ်ပိုင်းသေခြင်း၊ လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ဦးနှောက်၏ အဓိကအရေးကြီးဆုံးသော အသက်နှင့်စပ်ဆိုင်သည့်လုပ်ငန်းများကို ထိန်းချုပ်သော Medulla Oblongata ကဲ့သို့ နေရာသို့ သွေးမရောက်ရှိပါက ရုတ်တရက် သတိလစ်မေ့မြောခြင်း၊သေဆုံးခြင်းဖြစ်ပေလိမ့်မည်။

          သွေး၌ ကိုလက်စထရောများခြင်းသည် သည်းခြေကျောက်တည်ခြင်း၏ အကြောင်းဇာစ်မြစ်တစ်ခုဖြစ်ပါတယ်။ ပိုလျှံသော ကိုလက်စထရောများကို သည်းခြေမှ စွန့်ပစ်ရသည်ဖြစ်ရာ သည်းခြေကျောက်တည်မှု ပို၍များလာနိုင်ပါသည်။

          ကိုလက်စထရော၏ အန္တရာယ်များဖြစ်သော နှလုံးသွေးကြော နှင့် ဦးနှောက်သွေးကြောများပိတ်ခြင်း၊ ကျဉ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

Source: Dr Aye Kyaw

Read times Last modified on Thursday, 29 March 2018 15:31
Rate this item
(0 votes)