What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 April 2018 16:23

သဲသောင်ပြင်ပေါ်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

သဲသောင်ပြင်ပေါ်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ google.com

ပိတ်ရက်ရှည်ပဲဖြစ်ဖြစ် ၊ စိတ်တွေပင်ပန်းတဲ့အချိန်မှာပဲဖြစ်ဖြစ် လူတိုင်းပင်လယ်ကမ်းခြေသွားပြီး ပင်လယ်လှိုင်းပုတ် သံလေးများကို နားသောတဆင်းရင်း သဲသောင်ပြင်ပေါ်လမ်းလျှောက်ခြင်းက

အချိန်ကို ကုန်လိုကုန်မှန်းမသိအောင်ကို စိတ်အာရုံလန်းဆန်စေ ရုံသာမကပဲ သဲသောင်ပြင်ပေါ်လမ်းလျှောက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများစွာရရှိစေနိုင်မှာပါ။

(၁) သဲပြင်မွမွပေါ် ရုန်းကန်လမ်းလျှောက်ခြင်းက၊ မာကျောသော မျက်နာပြင်ပေါ်လျှောက်လှမ်းခြင်းထက် ခွန်အားကို ၂.၅ ဆလောက်ပို၍ သုံးရသောကြောင့် သဲသောင်ပြင်ပေါ် လမ်လျှောက်ပြီးသည့်အခါ အစာစားချင်စိတ်ကို ခံစားဖြစ်ပေါ်လာစေခြင်း၊

(၂) သဲသောင်ပြင်ပေါ် ခြေလှမ်းလိုက်တိုင်းမှာ သဲမှုန့်များက သဘာဝကူရှင်သဖွယ်စွမ်းဆောင်ပေးနိုင်သော ကြောင့် ခြေဖဝါးကို သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင်၊ အဆစ်များအပေါ်ဒဏ်မသက်ရောက်အောင် ကာ ကွယ်ပေးပါတယ်။

(၃) သဲသောင်ပြင်ပေါ် လမ်းလျှောက်ခြင်းသည် ရုန်းကန်လှုပ်ရှားရ၍ ခြေထောက်များပိုမိုပြီး အားပြုလျှောက်လမ်းရသဖြင့် ခြေသလုံး၊ ပေါင်နှင့် တင်ပါးတို့၏ ကြွက်သားများကို သန်မာစေတဲ့အပြင် ၊ တင်ပါးဆုံရိုး၊ ဒူးခေါင်း၊ပေါင်ရိုးနှင့် ခြေသလုံးအရိုးတို့ကို သန်စွမ်းစေပါတယ်။

(၄) ဗီတာမင်ချိုတဲ့သူများအတွက်၊ နေထွက်ချိန်တွေမှာသဲသောင်ပြင်ပေါ် လျှောက်ပေးခြင်းက နေရောင်ခြည်မှာ ပါဝင်သော ဗီတာမင်ဒီစုပ်ယူမှုအားကို ပိုမိုခံစားရရှိနိုင်ပါတယ်။

(၅) သဲပြင်ပေါ်လမ်လျှောက်ခြင်းသည် စိတ်ဖိစီးမှုတွေ ဖြေလျော့ရာမှာ အထောက်အကူဖြစ်စေကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

(၆) မာကျောသောနေရာမှထက် သဲသောင်ပြင်မှာ လမ်းလျှောက်ခြင်းက သဲကျွံမှုကို ဆန့်ကျင်၍လျှောက်လှမ်းရသဖြင့် ကယ်လိုရီ ၂၀ မှ ၅၀ ရာခိုင်နှုန်းထိလောက်မြိုက်သွားစေကာ ဘက်စုံကျန်းမာရေးကို ညီညွတ်မျှတစေပါတယ်။

(၇) စိုထိုင်းတဲ့ သဲမှုန့်တွေက ခြေကျင်းဝတ်ကို နှိပ်နယ်ပေးသလိုဖြစ်၍ Lymph (သငံရည်) စီးဆင်းမှုအားကောင်းစေ၍ ခြေကျင်းဝတ်ရောင်ခြင်းကို လျော့ကျသက်သာစေနိုင်ပါတယ်။

(၈) ခြောက်သွေ့သော ပင်လယ်ကမ်းစပ်သဲမှုန်နှင့် ဆားတို့က ခြေဖဝါးမှ ဆဲလ်အသေများကို ပွတ်ချပေးနိုင်ပါတယ်။

(၉) အကြောဖြေပွိုင့်များပေါ် တိုက်ရိုက်ထိရောက်မှုရှိတာကြောင့်လည်း ကောင်းစွာအိပ်ပျော်စေပါတယ်။

(၁၀) မဂ္ဂနီစီယမ်ပါသော ပင်လယ်လေက ပင်ပန်းမှုပြေစေသလို၊ အိုင်အိုဒင်းဓာတ်ပါသော ပင်လယ်လေကို ရှုရှိုက်ခြင်းဖြင့် သိုင်းရွိုက်လည်ပင်းအကျိတ်အတွက် သဘာဝကုထုံးဖြစ်စေပါတယ်။

(၁၁) သွေးတိုးရောဂါရှိသူများ သဲသောင်ပြင်ပေါ်လမ်းများများ လျှောက်ပေးသင့်ပါတယ်။

ဘယ်အရာမဆိုကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲလျက်ရှိရာ သဲပြင်ထက်ခြေဗလာဖြင့် အချိန်အကန်အသတ်လျှောက် ပါ၊ အချိန်ကြာမြင့်စွာ လျှောက်မည်ဆိုပါက ရှူးဖိနပ်စီး၍ လျှောက်ပါ။

သဲပြင်ထက် ခြေဗလာဖြင့် အချိန်ကြာကြာလမ်းလျှောက်ပါက ခြေချောင်းများကြားမှာ သဲဝဲစားခြင်း နှင့် ခြေဖနောင့်ကွဲအက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်၍ သတိပြုသင့်ပါတယ်။

ခြေသဲဝဲစားတဲ့အခံရှိသူများအနေဖြင့် အစိုဓာတ်ပါသော ကရင်မ်ကို လိမ်းပြီးမှသာ သဲပြင်ထက်လမ်လျှောက်သင့်ပါတယ်။

Source: YCDC

 Read: ကြွက်တတ်ခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများ

ကြွက်တတ်ခြင်းအတွက် ကာကွယ်ရန်နည်းလမ်းများ

Read times
Rate this item
(0 votes)