What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 April 2019 16:44

ညအိပ်ယာမဝင်ခင် စားသင့်တဲ့ အစားအစာများ နှင့် မစားသင့်တဲ့ အစားအစာများ

ညအိပ်ယာမဝင်ခင် စားသင့်တဲ့ အစားအစာများ နှင့် မစားသင့်တဲ့ အစားအစာများ google

 

လူတစ်ယောက် ကျန်းမာရေး ကောင်းမွန်နေဖို့အတွက် ကောင်းမွန်စွာ အိပ်စက်ဖို့ဆိုတာ လိုပါတယ်။ တခါတရံ ဘာကြောင့်မှန်းမသိပဲ အိပ်မပျော်တာကို လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။

ဒါပေမယ့် ကိုယ်ကိုတိုင် စားသုံးလိုက်တဲ့ အစားအစာတွေကြောင့် အိပ်မပျော်တာကို ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့် ညအိပ်ယာမဝင်ခင် စားသင့်တဲ့ အစားအစာများ နှင့် မစားသင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

 

ညအိပ်ယာမဝင်ခင် မစားသင့်တဲ့ အစားအစာ

 

ဝက်ဆားနယ်ခြောက်ပါဝင်တဲ့ ချီစ်ဘာဂါ

Easy Pimento Cheese and Bacon Burger EL burger great

အသင့်စား အစားသောက်တွေက သင့်ကျန်းမာရေးသာမက အိပ်စက်ခြင်းကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။ ဝက်ဆားနယ်ခြောက်မှာ ပါဝင်တဲ့ အဆီများက အစာအိမ်ချဉ်ပေါက်စေပြီး ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

ဝိုင်

Wine Tasting

အယ်ကိုဟော်လ်တွေက ဆီးရွှင်စေတဲ့အတွက် အိပ်ယာမခင် သောက်သုံးခဲ့မယ်ဆိုရင် ညဘက်တွေမှာ သင့်ကို တစ်ကြိမ်ထက်ပိုပြီး ဆီး ခဏခဏ သွားစေနိုင်တာကြောင့် သင့်ကို အိပ်ရေး ပျက်စေနိုင်ပါတယ်။

 

အနက်ရောင် ချောကလတ်

zero net carb chocolate chips 2 KNOW foods 1024x

အနက်ရောင် ချောကလတ်တွေမှာ ကဖိန်းဓာတ် နှင့် ဘရိုမင်းန်ဓာတ်တို့ ပါဝင်ပါတယ်။ ၎င်းဓာတ်တွေက အာရုံကြောစနစ်ကို လှုံဆော်ပေးတာကြောင့် နှလုံးခုန်နှုန်း တိုးစေပြီး အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

အစပ်ပါဝင်တဲ့ ဟင်းခတ်အမွေးအကြိုင်များ

gn gift guide variable c

မအိပ်ခင်မှာ ကိုယ်စားမယ့် အစားသောက်ထဲကို အစပ်ပါတဲ့ထည့်ပြီး အစားတာက အကောင်းဆုံးပါပဲ။ ၎င်းအမွေးအကြိုင်တွေက ရင်ပူခြင်းဖြစ်ပေါ်စေပြီး သင့်ကို အိပ်ရေးပျက်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ကြက်သား

roasted chicken 1

ကြက်သားမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်များက အစာခြေစနစ်ကို ၅၀ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ ဒါ့ကြောင့် သင်အိပ်ပျော်နေစဉ် သင့်ခန္ဓာကိုယ်က အနားယူနေရမယ့်အစား အစာအိမ်ထဲကို ရောက်ရှိလာတဲ့ အရာတွေကို ချေဖျက်နေရတာနဲ့ ခန္ဒာကိုယ်က အလုပ်လုပ်နေရပါတယ်။

 


ညအိပ်ယာဝင်ခင် စားသင့်တဲ့အစားအစာ

 

ငှက်ပျောသီး

bananas 1354785 1920 1200x800

ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်များက သင့်ကြွက်သားတွေကို အသစ်တဖန်ပြန်လည်မွေးဖွားပေးတဲ့အတွက် သင့်ရဲ့ အိပ်စက်ခြင်းကို ကောင်းမွန်စေပါတယ်။

 

နို့

A9E4C1EB 4BBC 48D2 88CFA877B19815CE source

နို့မှာ အမိုနီးယန်းအက်ဆစ်ဒ် ပါဝင်တာကြောင့် ညအိပ်ယာမဝင်ခင် နို့တစ်ခွက်သောက်မယ်ဆိုရင် သင့်ကို အချိန်အကြာကြီး ငြိမ်းချမ်းစွာအိပ်ပျော်စေပါတယ်။

 

ခ်ယ္ရီသီးမာ်း

img24111.1426x713

ချယ်ရီသီးများမှာ ပါဝင်တဲ့ မယ်လာတိုနီန်ဓာတ် (ဟော်မုန်းဓာတ်တစ်မျိုး) က ခန္ဓာကိုယ်အတွင်း ဇီဝဓာတုဆိုင်ရာ လည်ပတ်တွေကို ထိန်းချုပ်ပေးနိုင်တာကြောင့် သင့်ကို ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

 

Ref;brightside

Read times Last modified on Friday, 26 April 2019 17:20
Rate this item
(1 Vote)