What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 May 2018 10:39

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၇)

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၇) google.com

(၁) အာတာလွတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

အာတာလွတ်တွင် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အစာချေစနစ်ကို အထောက်အကူပြုနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကိုလက်စထရောကို ကျဆင်းခြင်း၊ သွေးဖိအားကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စတဲ့ အကျိုးကျေးဇူးများစွာပါရှိပါတယ်။

 

Related image

 

အာတာလွတ်ဥမှာပါဝင်တဲ့ ပိုတတ်စီယမ်ပမာဏဟာ နှလုံးနဲ့ပတ်သတ်တဲ့ ပြဿနာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ ပိုတတ်စီယမ်မှာ သွေးကြောတွေကို ကျယ်စေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးကြောအတွင်း တင်းမာမှုတွေကို လျော့ကျစေနိုင်သောကြောင့် သွေးကြောကျဉ်းရောဂါများ၊ နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာနဲ့ သွေးဖိအား လျော့နည်းတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ပန်းနာရင်ကျပ်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းများ

Related image

ပန်းနာရင်ကျပ်ရောဂါကို ဖြစ်စေအောင်အားပေးတဲ့ အခြေအနေတွေက အိမ်တွင်းမှာလေကောင်းလေ သန့်မရရှိခြင်း၊ ကလေးဘဝတုန်းက ကူးစက်ရောဂါတစ်ခုခုဖြစ်ဖူးတာ၊ မိမိနဲ့ဓာတ်မတည့်တဲ့ အရာတွေနဲ့ ထိမိတာ( အိမ်မွေးတိရစ္ဆာန်၊ ပိုးမွှား)၊ အစားအသောက်ထဲတွင် ဓာတ်တိုးဆန့်ကျင် အာဟာရအားနည်းတာ၊ ငယ်ရွယ်စဉ်မှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ထိတွေ့တာများတဲ့သူတွေမျာ အဖြစ်များပါတယ်။

(၃) ဇက်ပိုးနာတဲ့ ဝေဒနာ

Related image

ဇက်နာတဲ့အခါ ဇက်ပေါ်မှာ ရေနွေးအိတ်ကပ်ပေးကြည့်ပါ။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ဇက်နာခြင်းကို သက်သာစေနိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတဲ့ အလေ့အကျင့်ကလည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဇက်ကို အပူရရှိစေပါတယ်။ အိမ်မှာ အဆင်သင့်ရေနွေးအိတ်မ ရှိပါက ပုလင်းတစ်လုံးထဲကိုရေနွေးထည့်ပြီး အဝတ်နဲ့ပတ်၍ အသုံးပြုနိုင်ပါတယ်။

(၄) ခြေထောက်တွေ တအားညောင်းနေရင်

Image result for leg pain

ခြေထောက်တွေ ညောင်းလာပြီဆိုရင် ထိုင်ခုံတလုံးမှာ အေးအေးဆေးဆေးထိုင်ပြီး ရေအေးအေးလေး နဲ့ အရင် ၅မိနစ်ခန့် စိမ်ပေးထားပါ။ ပြီးမှ ကြက်သီးနွေးရေထဲကို ခဏလောက်ပြန်စိမ်လိုက်ပါ။ သွေး ကြောတွေပွင့်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ရေသုတ်ပြီး မိမိကြိုက်နှစ်သက်ရာ အဆီတစ်ခုခုလိမ်းပေး၍ ခြေစွပ်ဝတ်ထားလိုက်ပါ။

Source: ပြည်မြန်မာ

Read: အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်မလဲ။

Image result for osteoporosis.

 

Read times
Rate this item
(0 votes)