What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 May 2018 14:32

Brown Rice (ခေါ်) ဆန်လုံးညိုအကြောင်းသိကောင်းစရာ

Brown Rice (ခေါ်) ဆန်လုံးညိုအကြောင်းသိကောင်းစရာ Google.com

အာရှတွင်ဆန်ဟာ အဓိကထားစားကြတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

ဆန်မှာ ကစီဓာတ် ၊ ဗီတာမင် B1 စတဲ့ ဗီတာမင် B များနှင့်

သတ္တုဓာတ်ဆားများအပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အတွက် ကျန်းမာရေးမှာလည်း အရေးပါလှပါတယ်။

မောင်းထောင်းဆန် (သို့မဟုတ်) အခွံတစ်ထပ်သာချွတ်ထားသော ဆန်လုံးညိုဟာ ကျန်းမာရေ အတွက်အလည်းသင့်တော်လို့ Brown Rice ဆိုပြီး ကမ္ဘာ့ကျော်သွားအောင် ထင်ရှားကျော်ကြားခဲ့ပါတယ်။

အခွံတစ်ထပ်သာချွတ်ထားတဲ့ ဆန်လုံးညိုဟာ အစိုဓာတ် နှင့် အောက်ဆီဂျင် ကို ထိန်းထားနိုင်ပါတယ်။ဆန်လုံးညို ကို ဖြူဖွယ်အောင်ပွတ်လိုက်တာနဲ့ အစိုဓာတ်နည်းသွားလျှင် အောက်ဆီဂျင်လည်း ရှိတော့မှာ မဟုတ်တော့ပါဘူး။

ထိုအခါတွင် ဆန်၏ အာဟာရဓာတ်လည်း ကုန်ဆုံးသွားမှာလည်းဖြစ်ပါတယ်။ Brown Rice ခေါ် ဆန်လုံးညို သည်အာဟာဓာတ်တန်ဖိုးမြင့်မားတာကြောင့် လူအများကြားတွင် နာမည်ကြော်ကြားနေသော ဆန်တစ်မျိုလည်းဖြစ်ပါတယ်။

ဆန်လုံးညိုတွင် အသားဓာတ် ၊ အမျှင်ဓာတ် ၊ ဗီတာမင်များနှင့် သတ္တုဓာတ်ဆားများပါဝင်တာတယ်ဆိုပြီး နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။

ဆန်လုံးညိုမှာပါဝင်တဲ့ အဆီဓာတ်ဟာ ပိုလီအန်စက်ကျူရိတ်တက်စစ်ဖြစ်လို့ ကလာပ်စည်းတွေရဲ့ အမြှေးပါးကျန်းမာရေးကို စောင့်ရှောက်ပေးမှာလည်းဖြစ်ပါတယ်။

အမျှင်ဓာတ်ပါဝင်မှုကလည်းဖြူးဖွေးနေအောင်ဖွပ်တဲ့ဆန်းတွေထက် ၂ဝဝ ရာခိုင်နှုန်းပိုမြင့်မားစွာပါဝင်တယ်။

ဒါကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေမှာလည်းဖြစ်ပါတယ်။

ဗီတာမင် E ၊ ကယ်လ်ဆီယမ် ၊ မဂ္ဂနီစီယမ် ၊ ဇင့် နှင့် ခရိုမီယမ် တို့ပါလို့ အရိုးနှင့်သွားတွေကို ကြံ့ခိုင်စေမှာလည်းဖြစ်ပါတယ်။

ဆန်လုံးညိုသည် DNA ခေါ်ဗီဇကလာပ်စည်းအတွက် လည်း အလွန်းအရေးပါလှပါတယ်။

 

source:"HealthDigestjournal"

 

Read:ရာသီအကူးအပြောင်းနှင့် သတိပြုစရာ အအေးမိတုပ်ကွေးရောဂါ

ရာသီအကူးအပြောင်းနှင့် သတိပြုစရာ အအေးမိတုပ်ကွေးရောဂါ

Read times Last modified on Tuesday, 29 May 2018 16:44
Rate this item
(1 Vote)