What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 June 2018 17:09

မစားသင့်သော ငါးအမျိုးအစာများ

မစားသင့်သော ငါးအမျိုးအစာများ Google.com


ငါး အမျိုးအစားတွေက မြန်မာများနဲ့ နီးစပ်တာဆိုလို့တီလာပီးယားငါး နဲ့ ငါးခူပဲ ပါပါတယ် ။


မြန်မာပြည်မှာ ငါးငူကို မွေးမြူရေးလုပ် မလုပ် မသိပါဘူး ။အခြားငါးအမျိုးအစားတွေက ပြည်တွင်းက မြန်မာများနဲ့တွေ့ထိဖို့ မနီးစပ်ပေမယ် ၊ အာရှတွင်မက ဥရောပ အမေရိကန်ထိမြန်မာတွေ ခြေဆန့်လာကြပြီမို့ ခရီးသွားတဲ့မြန်မာတွေ

သိထားသင့်တယ် ထင်လို့ ၊ တွေ့တာလေး တင်ပြလိုက်ပါတယ် ။

1 ။ တင်သွင်းသော ငါးခူ Imported Catfish

Image result for Imported Catfish

ငါးခူဟာ အတော်အတန်ထိ အရွယ်အစား ကြီးမားပါတယ် ။ဒါပေမယ့် ငါးမွေးမြူရေးသမားများက ဟော်မုန်းများကျွေးပြီး အရွယ်ပိုကြီးအောင် လုပ်ကြပါတယ် ။
အာရှတိုင်းပြည်များက တင်သွင်းလာသော ငါးခူကို ပုံမှန် မစားသုံးသင့်ပါဘူး ။
အရိုင်း လွတ်လပ်စွာပေါက်ပွားသော ငါးခူလို အန္တရာယ် မကင်းပါဘူး ။
( မူရင်းဆောင်းပါးက အမေရိကန်ပညာရှင်တွေ ရေးတာမို့ပါ )

2 ။ မက်ကရယ်ငါး Mackerel

Image result for Mackerel Catfish

မက်ကရယ်ငါးမှာ ပြဒါးပါဝင်မှု များပြားပါတယ် ။ ပြဒါးက လူ့ခန္ဓာကိုယ်ကို ရောဂါအမျိုးမျိုး ဖြစ်စေပါတယ် ။ အတ္တလန်တစ် မက်ကရယ်ငါးကတော့ အန္တရာယ်ပေးတာ နည်းပါတယ် ။
စားချင်ရင် အတ္တလန်တစ်သမုဒ္ဒရာကဖမ်းတဲ့ ငါးကို စားပါ ။

3 ။ တူနာငါး Tuna

Related image

ဆူးတောင်အနက်တူနာ နဲ့ ဆူးတောင်အပြာတူနာငါးတွေမှာ ပြဒါးပါဝင်မှု များပြားပါတယ် ။
ခလေးငယ်များ လုံးဝ မစားသင့်ပါဘူး ။
လူကြီးများက စစ်စစ်ဆေးဆေး ပြုပြီး စားသင့်ပါတယ် ။

4 ။ တီလားပီးယား Tilapia

Image result for Tilapia

တီလားပီးယားငါးမှာ ဆိုးဝါးတဲ့အဆီ အလွန်များပြားစွာ ပါရှိပါတယ် ။ ကိုလက်စထရော တက်စေနိုင်သလို ၊ သွေးဓါတ်မတည့်တဲ့ ဝေဒနာမျိုး ဖြစ်စေတတ်ပါတယ် ။
ပန်းနာရင်ကျပ်ရောဂါသည်များ ၊ နှလုံးရောဂါသည်များ ၊ အဆစ်အမြစ်ရောင်ရောဂါသည်များ လုံးဝ ရှောင်ရှားသင့်ပါတယ်။

5 ။ ငါးရှဉ့် Eel

Related image

အဆီများတဲ့သတ္တဝါဖြစ်သဖြင့် ရေထဲမှ စက်မှုလုပ်ငန်းထွက် အညစ်အကြေးများကို
အများအပြား စုပ်ယူထားပါတယ် ။
ပုံမှန်စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေပါတယ် ။

6 ။ ပင်ဂါစီးယပ်ငါး Pangasius

Related image

ပင်ဂါစီးယပ်ငါးကို တောင်အာရှ နဲ့ အရှေ့တောင်အာရှမှာ တွေ့ရပါတယ် ။ ဗီယက်နမ်နိုင်ငံရဲ့ ထွက်ကုန်ဖြစ်ပါတယ် ။ ကမ္ဘာမှာ ရေထုညစ်ညမ်းမှု အများဆုံးထဲက တစ်ခုဖြစ်တဲ့ မဲခေါင်မြစ်ကနေ ဖမ်းယူတာဖြစ်ပါတယ် ။
ပင်ဂါစီးယပ်ငါးအသားထဲမှာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဖြူရာဇုံး ၊
ပေါ်လီဖော့စဖိတ်ဓါတ်များ အများကြီးပါဝင်ပါတယ် ။

7 ။ တိုင်လီငါး Tilefish

Image result for Tilefish

ပြဒါးပါဝင်မှု အများဆုံးပါဝင်တဲ့ငါးတွေထဲမှာ တိုင်လီငါးက ခေါင်ဆောင်ဖြစ်ပါတယ် ။ အစာအဆိပ်သင့်စေတဲ့ငါး ဖြစ်ပါတယ် ။

8 ။ ဆီးဘတ်ငါး Seabass

Related image

ဆီးဘတ်ငါးဟာလည်း ပြဒါးများစွာ ပါဝင်ပါတယ် ။

9 ။ ဒေါ်လာငါး Dollarfish

Related image

ဒေါ်လာငါးမှာ ဂျင်ပိုင်လိုတောက်ဆင် အဆိပ် ပါပါတယ် ။ အစာအဆိပ်သင့်စေတဲ့ငါး ဖြစ်ပါတယ် ။

လပ်ဆတ်မှု သိနိုင်ဖို့

အကြေးခွံဟာ အရောင်တောက်နေပြီး ကြည်လင်နေရပါမယ် ။
ဆူးတောင်များ ခြောက်နေပြီး ၊ ပါးဟက်များ ရဲမနေဘဲ ညစ်နေရင်
ပုပ်လုပုပ်ခင် ဖြစ်နေပါပြီ ။

 

source:lwinpyin

 

Read:အသည်းကို သန့်စင်ပေးမယ့် အစားအစာ ၇ မျိုး

အသည်းကို သန့်စင်ပေးမယ့် အစားအစာ ၇ မျိုး

 

 

 

Read times Last modified on Tuesday, 12 June 2018 17:47
Rate this item
(1 Vote)