What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 May 2018 11:35

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၅)

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၅) google.com

 

အစားအသောက်ကြောင့် စိုးရိမ်စိတ်(သို့) စိတ်ကျဝေဒနာပိုဖြစ်လာနိုင်တာလား..??

တချို့ပြောတာကြားဖူးပါတယ်။ “စိုးရိမ်စိတ်များသူ(သို့) စိတ်ကျဝေဒနာရှိသူတွေဟာ အစားအသောက်ကြောင့် ပိုစိုးရိမ်တာတွေ၊ ပိုစိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်” လို့ပေါ့။

Image result for depression

ဒီလိုစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေဟာ မှန်ကန်စွာရွေးချယ်စားသောက်တတ်ရင် စိုးရိမ်စိတ်ကိုလျော့သွားနိုင်ပါတယ်။ (ဥပမာ- ဂျုံဖြူနဲ့လုပ်ထားတဲ့ ပေါင်မုန့်ကိုစားရင် သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြှင့်တတ်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့် တတ်တာကစိုးရိမ်စိတ်များသူတွေအတွက် မကောင်းပါဘူး၊ Diet ဆော်ဒါဆိုရင် သကြားဓာတ်မပါဝင်ပေမဲ့လည်း စိတ်ကျဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။

အစာအိမ်အူလမ်းကြောင်းကျန်းမာစေဖို့ လိုက်နာသင့်သည့်အချက်များ

အဆီများတဲ့ အစားအစာများ၊ ဆီကြော်စာတွေ၊ ဆားဆော်ဒါတွေ၊ အချဉ်လွန်ကဲတဲ့အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ခရမ်းချဉ်သီးစားသုံးတာက အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

Related image

အစာကိုမြန်မြန်စားတာဟာ အစာအိမ်ထဲကလေတွေ အပြင်ထွက်ချိန်မရဘဲ အထဲမှာပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် အစာနဲ့လေနဲ့တွေ့ပြီး ဗိုက်အောင့်တာတွေဖြစ်တာပါ။ အစာစားတဲ့အခါ ကြေညက်အောင်ဝါးစားပါ။ ပီကေနဲ့ သကြားလုံးအမာတွေစားတာက လေကိုမျိုချမိနိုင်ပါတယ်။ မိမိစားတဲ့အစားအစာထဲမှာ ဆားပါဝင်မှု များတဲ့အခါမှာလည်း လေပွတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အစာအိမ်နဲ့အူလမ်း ကြောင်းကင်ဆာဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ဘာတွေစားသင့်လဲ။

ဆယ်ကျော်သက်တွေဟာ စွမ်းအင်များများရဖို့၊ အာဟာရတွေပြည့်ဖို့ စူပါအစားအသောက်တွေ စားဖို့လိုပါတယ်။ မုန်လာဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ အဆီထုတ်ထားတဲ့ နွားနို့၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ဆယ်လ်မွန်ငါးစတာတွေစားသင့်ပါတယ်။

Image result for diet for young man

ဥပမာ- ဆယ်ကျော်သက်အရွယ်မှာ လိုအပ်တဲ့ ဘီတာကယ်ရိုတင်းပမာဏကို ရရှိနိုင်တဲ့အပြင် သွေးတွင်းကိုလက်စထေရောကို လျော့နည်းစေပါတယ်။

ခံတွင်းမှာ တံတွေးအထွက်နည်းတာ၊ အာခေါင်ခြောက်တာ ဘာကြောင့်လဲ..??

မိမိမှာရှိတဲ့ ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ-ဆီးချို၊ သွေးချိုတို့လိုပေါ့။ တံတွေးခြောက်တဲ့လူတွေက ရေကိုခဏခဏ သောက်ပေးရတယ်။

Image result for Dry palate disease

ပါးစပ်မှာ ရေဓာတ်နည်းနေတဲ့အတွက် စားသမျှအစာတွေက သွားမှာကပ်ပြီး အချဉ်ဖောက်တာမြန်စေပါတယ်။ အချဉ်ဖောက်တာမြန်ရင် သွေးတွေပျက်စီးဖို့မြန်ပါတယ်။

Source: ပြည်မြန်မာ

Read: ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၄)

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၄)

Read times
Rate this item
(0 votes)