What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 June 2018 10:34

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၂)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၂) Google.com

ဘာကြောင့် ခြေထောက်ထုံကျဉ်ရပါသလဲ

Related image

ခန္ဓာကိုယ်တွင်းမှာ အာရုံကြောများစွာတည်ရှိနေပြီး ဒီအာရုံကြောတွေက ခြေဖျားလက်ဖျားကနေ ဦးနှောက်နဲ့ ခါးရိုးကြောမတွေကြားမှာ ဆက်နွှယ်ဖြတ်သန်းနေကြပါတယ်။ခြေထောက်ကိုသွားနေတဲ့ အာရုံကြောတစ်ခုပျက်စီးတာ ၊ ရောဂါပိုးဝင်ရောက်တာ ၊ ပိတ်ဆို့မှုဖြစ်တာ ဒါမှမဟုတ် ဖိအားပေးရတဲ့အခါမှာ ခြေထောက်ထုံကျဉ်နိုင်ပါတယ်။ ဒါ့အပြင် အရက်စွဲရောဂါ ၊ ဆီးချိုနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ အာရုံကြောပြဿနာ ၊ နှင်းကိုက်ခံရတာ ၊ ခါးရိုးကွဲတာ ၊ ခြေလက်သွေးပြန်ကြောရောဂါ ၊ ရေယုန်ရောဂါ ၊ ကင်ဆာကုထုံးရဲ့ နောက်ဆက်တွဲဆိုးကျိုးပြဿနာ ၊ အာရုံကြောမ ထိခိုက်ဒဏ်ရာရတာ ၊ သွေးကြောရောင်ရမ်းတာ စတာတွေဖြစ်ရင်လည်း ခြေထောက်ထုံကျဉ်စေတက်ပါတယ်။

အရိုးကင်ဆာ ဘယ်လိုလူတွေမှာ အဖြစ်များတက်ပါသလဲ

Image result for Joint pain

အရိုးကင်ဆာက အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေကနေ လူကြီးအရွယ်ထိ ဖြစ်နိုင်ခြေရှိပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတွေက တစ်ချို့ကို အခုထိမသိနိုင်သေးပါဘူး။ တစ်ချို့ကလည်း ဗိုင်းရပ်စ်ကြောင်းဖြစ်ပွားတာလည်းရှိပါတယ်။ ခံတွင်း နှင့်မေးရိုးမှာ EV Virus (Epestin-Bar Virus) ကြောင့် ဖြစ်တဲ့ ကင်ဆာ ၊ ဓာတ်ရောင်ခြည်နဲ့ မကြာခဏထိတွေ့နေရတဲ့သူတွေ ၊ ဓာတုပစ္စည်းစက်ရုံတွေမှာလုပ်တဲ့သူတွေ ၊ နျူကလီးယားဓာတ်ပေါင်းဖိုမှာ လုပ်တဲ့သူတွေ စတဲ့သူတွေကတော့ တစ်ခြားသူတွေထက် ဖြစ်နိုင်ခြေပိုများပါတယ်။

ညဘက် အိပ်ရေးပျက်လောက်အောင်ချောင်းဆိုးရင် ဘယ်လိုဖြေရှင်းသင့်ပါသလဲ

Image result for night  symptoms

ညဘက်မှာချောင်းဆိုးတာ သက်သာစေဖို့ ဆားရည်နဲ့ ပလုတ်ကျင်းနိုင်ပါတယ်။ ရေနွေးနွေး ဖန်ခွက်ထဲကို ဆား ထမင်းစားဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး ပလုတ်ကျင်းပါ။ လည်ချောင်းယားတာနဲ့ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ အပြင် ချွဲသလိပ်တွေကိုလည်းဖယ်ရှားပေးပါတယ်။ သံပရာရည်မှာ ဗီတာမင်စီများစွာပါဝင်လို့ ပျားရည်နဲ့ ရောပြီး သောက်သုံးပါက ညဘက်ချောင်းဆိုးတာကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ တို့၏ အကျိုးအာနိသင်တစ်ခု သိချင်ပါတယ်

Image result for ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ နှစ်မျိုးစလုံးမှာ ဆာလဖိုက်တွေပါဝင်ပါတယ်။ အဲဒီဆာလဖိုက်တွေက ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို သန့်စင်ပေးနိုင်တဲ့ အပြင် ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်ပါတယ်။ အမျိုးသမီးတွေအပေါ်မှာ လေ့လာမှုအရ တစ်ပတ်မှာ ကြက်သွန်ဖြူကို တစ်တက် မှ နှစ်တက် စားသုံးသူတွေက ကြက်သွန်ဖြူမစားသုံး တဲ့သူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

source:ပြည်မြန်မာ 

MyanmarMMRD မှ ရန်ကုန် ၊ မန္တလေး Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:ခြေစွယ် လက်စွယ်ငုတ် သူများအတွက်

ခြေစွယ် လက်စွယ်ငုတ် သူများအတွက်

Read times Last modified on Wednesday, 20 June 2018 10:55
Rate this item
(0 votes)