What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 August 2018 16:56

မိုးရာသီတွင် ဖြစ်ပွားလေ့ရှိတဲ့ ဖျားနာမှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ

မိုးရာသီတွင် ဖြစ်ပွားလေ့ရှိတဲ့ ဖျားနာမှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ Google.com

မိုးရာသီက မကြာခဏ မိုးနှင့်အတူ ဖျားနာခြင်းကို ယူဆောင်လာလေ့ရှိပါတယ်။ ဒါကြောင့်လဲ တုတ်ကွေးရာသီလို့လဲ လူသိများကြပါတယ်။

ကျွန်ုပ်တို့ တုတ်ကွေးရောဂါမဖြစ်ပွားရအောင် ကုသခြင်းထက် ပိုကောင်းတဲ့ ကြိုတင်ကာကွယ်ခြင်းကို သိထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက မိုးရာသီမှာ ဖြစ်ပွားလေ့ရှိတဲ့ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထို ဟင်းခတ်အမွှေးအကြိုင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

ငရုတ်ကောင်းမှုန့်

Image result for ငရုတ်ကောင်းမှုန့်
ငရုတ်ကောင်းမှုန့်က အာဟာရဓာတ်ပါဝင်ပြီး ကျန်းမာရေးကောင်းစေပါတယ်။ ဖော့စဖရတ်အက်ဆစ်၊ မဂ္ဂနီဆီယံ၊ ကာရိုတင်း၊ ဆီလီနီယံနှင့် ဗီတာမင်ကေ ဓာတ်များပါဝင်ပါတယ်။ ဒါအပြင့် အန်တီအောက်စီဒန့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်ပွားရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ အကောင်းဆုံးဟင်းခတ်အမွေးအကြိုင်များထဲမှ တစ်ခုဖြစ်ပါတယ်။

နနွင်းမှုန့်

Image result for နနွင်းမှုန့်

နနွင်းမှုန့်ကလဲ တုတ်ကွေးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဟင်းခတ်အမွေးအကြိုင်ဖြစ်ပါတယ်။ ဒါကတော့ ဟင်းခတ်အမွေးအကြိုင်ထဲမှာတော့ ဆရာကြီးပဲဖြစ်ပါတယ်။ ရောဂါတော်တော်များများဖြစ်ပွားမှုကို ကာကွယ်နိုင်တဲ့ အရာဖြစ်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ နနွင်းမှုန့်ကို ဆေးများနှင့် အလှအပရေးရာကုသခြင်းများတွင်လဲ အများဆုံး အသုံးပြုကြပါတယ်။ အဲဒါရဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိကတော့ အာမခန်းပါပဲ။

လေးညှင်

Related image

လေးညှင်းက အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းတို့ကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ထိရောက်သော အာနိသင်ရှိပါတယ်။ ဒီဟင်းခတ်အမွေးအကြိုင်က အနံ့စူးရှပြီး ထူးခြားတဲ့အရသာရှိပါတယ်။ သို့သော် အန်တီအောက်စီတန့်အစွမ်းသတ္တိများ ပါဝင်တဲ့အတွက် ကျန်းမာရေးကောင်းမွန်စေပါတယ်။ မိုးရာသီအတွင်း ဖျားနာမှုမဖြစ်အောင် နှစ်ဆကူညီပေးပါတယ်။

သစ်ကြံပိုးခေါက်

Image result for သစ်ကြံပိုးခေါက်
အချိုကြိုက်တဲ့သူများအတွက် အဆင်ပြေစေတဲ့ အရာကတော့ သစ်ကြံပိုးခေါက်ဖြစ်ပါတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ရနံ့နှင့် အရသာလဲရှိပါတယ်။ လက်ဖက်ရည်နှင့် အစားအစာများတွင် ထည့်ပြီး သရေစာအဖြစ် စားသုံးလို့ရပါတယ်။ သစ်ကြံပိုးခေါက်က ကုသပေးနိုင်တဲ့ အစွမ်းသတ္တိရှိသလို ဝိတ်ချချင်တဲ့သူများအတွက်လဲ ဝိတ်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
source:mingalarbarmorning

Read: မျက်ကွင်းညိုမည်းခြင်း ပြဿနာ

မျက်ကွင်းညိုမည်းခြင်း ပြဿနာ

Read times Last modified on Wednesday, 01 August 2018 17:04
Rate this item
(1 Vote)