What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 August 2018 11:23

ကျန်းမာရေး အက်ပလီကေးရှင်းများကို မျက်စိစုံမှိတ်အားမကိုးကြရန် ဆရာဝန်များ သတိပေး

ကျန်းမာရေး အက်ပလီကေးရှင်းများကို မျက်စိစုံမှိတ်အားမကိုးကြရန် ဆရာဝန်များ သတိပေး Google.com

မိုဘိုင်းဖုန်းများတွင် ထည့်သွင်းထားသည့် ကျန်းမာရေးအက်ပလီကေးရှင်းများ အသုံးပြုမှုပိုများလာသဖြင့်

ယင်းအက်ပလီကေးရှင်းများသည် မှားယွင်းသော ခန့်မှန်းတွက်ချက်မှုများ ဖော်ပြနိုင်သောကြောင့် မျက်စိစုံမှိတ်အားမကိုးကြရန် အိန္ဒိယနိုင်ငံရှိ ဆရာဝန်များက သတိပေးပြောကြားသည်။

ယင်းအက်ပလီကေးရှင်းများက ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို မသိဘဲ လွဲမှားသော အစားအစာများကို လမ်းညွှန်လေ့ရှိသဖြင့် ပြင်းထန်သော ကျန်းမာရေးရှုပ်ထွေးမှု အခြေအနေများ ကြုံတွေ့နိုင်ကြောင်း ဆရာဝန်များက ပြောကြားသည်။

အချို့သော မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများက မျက်နှာပြင် ပေါ်တွင် လက်မကို ဖိကပ်ထားရုံမျှဖြင့် သွေးပေါင်ချိန်နိုင်ကြောင်း ပြောကြားထားသဖြင့် ယင်းနည်းပညာများမှာ လွဲမှားခြင်းဆီသို့ ဦး တည်နေသည်ဟု ဆရာဝန်များက ပြောသည်။

ဥပမာအားဖြင့် ကျန်းမာရေးအက်ပလီကေးရှင်းများဖြင့် တိုင်း တာရရှိသော သွေးပေါင်ချိန်ရလဒ်များသည် သမားရိုးကျနည်းလမ်း ဖြင့် တိုင်းတာရရှိသော ရလဒ်နှင့် အမြဲကွာခြားနေလေ့ရှိကြောင်း ဆရာဝန်များက ပြောသည်။

ဈေးကွက်အတွင်း ကျန်းမာရေးအက်ပလီကေးရှင်း ၅၀,၀၀၀ အထိ ရှိနေကြောင်း ဆရာဝန်များက ခန့်မှန်းထားပြီး ကမ္ဘာတစ်ဝန်း ယင်းအက်ပလီကေးရှင်းများကို အသုံးပြုနေသူ သန်း ၅၀၀ ခန့်ရှိ သည်။ လူအများသည် ကိုယ်အလေးချိန်လျှော့ချရန် သဘာဝနည်း လမ်းများအတိုင်း (သို့မဟုတ်) ဆရာဝန်များ ညွှန်ကြားသည့် နည်းလမ်းများထက် အက်ပလီကေးရှင်းများ (သို့မဟုတ်) ကိုယ်ပိုင်နည်း လမ်းအချို့တို့ဖြင့် အလွယ်တကူနည်းလမ်းရယူကာ လုပ်ဆောင်လိုကြကြောင်း ဆရာဝန်များက ပြောသည်။

လူအများအတွက် ကျန်းမာရေးလမ်းညွှန်ချက်များသည် တစ်ဦးချင်းအလိုက် ကွာခြားမှုရှိကြောင်း သိရှိနားလည်ထားရန် လိုသည်ဟု ဆရာဝန်များကပြောသည်။ အချို့သော ကျန်းမာရေးအက်ပလီ ကေးရှင်းများက အသုံးပြုသူများတွင် ရောဂါအမျိုးအစားအချို့ ဖြစ် ပွားနေသည်ဟု ဖော်ပြနေသောကြောင့် ဆရာဝန်များနှင့် ဆက် လက်စစ်ဆေးရာတွင် မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိကြောင်း တွေ့ရှိခြင်းမျိုးများလည်း ရှိသည်ဟု ဆရာဝန်များကပြောသည်။

source:7daydaily

Read: မော်ဒယ်တွေလုပ်လေ့ရှိတဲ့ အလှအပဆိုင်ရာ အချက်လေးချက်

မော်ဒယ်တွေလုပ်လေ့ရှိတဲ့ အလှအပဆိုင်ရာ အချက်လေးချက်

Read times Last modified on Friday, 10 August 2018 11:44
Rate this item
(1 Vote)