What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 April 2020 11:15

ဂျပန်က တုပ်ကွေးတိုက်ဖျက်ရေး Avigan ဆေးဝါး အခမဲ့ပေးမည်

COVID.png

 

ဂျပန်နိုင်ငံသည်ဗိုင်းရပ်စ်ကူးစက်ခံထားရသောနိုင်ငံ ၂၀ သို့ တုပ်ကွေးတိုက်ဖျက်ရေး Avigan ဆေးဝါးအခမဲ့ပေးမည်ဖြစ်ကြောင်း ကြေညာသည်။ 

 

Coronavirus လူနာများကို ကုသရန်အတွက် အသုံးပြုရန် ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ သို့ Avigan ကို ဂျပန်နိုင်ငံက အခမဲ့ပေးအပ်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 

လက်ရှိဆေးလက်တွေ့စမ်းသပ်မှုများပြုလုပ်နေရာ၌ ဆေးကို လက်ခံရရှိသည့် နိုင်ငံပေါင်း ၂၀ တွင် ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ အီရန်၊ မြန်မာ၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီနိုင်ငံများ ပါဝင်သည်။

 

Fujifilm Holdings Corp. ၏ လက်အောက်ခံကုမ္ပဏီမှ ထုတ်လုပ်သည့် Favipiravir ဟုလည်း လူသိများသော တုပ်ကွေး တိုက်ဖျက်ရေး ဆေးဝါးကို ဝယ်ရန်နှင့် ဖြန့်ဖြူးရန်တို့ အတွက် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုဆိုင်ရာရုံးအား ဒေါ်လာ ၁ သန်း ထောက်ပံ့မည်။

 

“ Avigan ကို နိုင်ငံတကာမှာ လက်တွေ့သုတေသနလုပ်ဖို့ စိတ်ဝင်စားတဲ့နိုင်ငံတွေနဲ့ အလုပ်လုပ်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည်။

 

ဝူဟံ တက္ကသိုလ်မှ တရုတ်သုတေသီများက ဤဆေးသည် coronavirus လူနာများ အထူးသဖြင့် ဗိုင်းရပ်စ် ကူးစက်ခံထားရသော်လည်း COVID-19 လက္ခဏာ မပြသောသူများအတွက် ထိရောက်မှုရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ် Shinzo Abe ၏အစိုးရသည် Coriganavirus ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂ သန်းကိုကုသရာတွင် အသုံးပြုရန် လုံလောက်သော ပမာဏ အသင့်ဆောင်ထားနိုင်ရန်အလို့ငှာ လက်ရှိထုတ်လုပ်မှုပမာဏ၏ သုံးဆအထိ Avigan ကို ထုတ်လုပ်သိုလှောင်မှု တိုးမြှင့်ပေးရန်စီစဉ်နေသည်။

 

ကိုဗစ်နှိမ်နင်းဖို့ ဂျပန်ဆေး Avigan ကို မီးစိမ်းပြလိုက်တဲ့ အမေရိကန်

ကိုဗစ်နှိမ်နင်းဖို့ ဂျပန်ဆေး Avigan ကို မီးစိမ်းပြလိုက်တဲ့ အမေရိကန်

 

HPD.png

(Zawgyi)

======

ဂ်ပန္ တုပ္ေကြးတိုက္ဖ်က္ေရး Avigan ေဆးဝါး အခမဲ့ေပးမည္

 

ဂ်ပန္ႏိုင္ငံသည္ဗိုင္းရပ္စ္ကူးစက္ခံထားရေသာႏိုင္ငံ ၂၀ သို႔တုပ္ေကြးတိုက္ဖ်က္ေရး Avigan ေဆးဝါးအခမဲ့ေပးမည္ျဖစ္ေၾကာင္း ေၾကညာသည္။ Coronavirus လူနာမ်ားကို ကုသရန္အတြက္ အသုံးျပဳရန္ ရည္မွန္းခ်က္ျဖင့္ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း ၂၀ သို႔ Avigan ကို ဂ်ပန္ႏိုင္ငံက အခမဲ့ေပးအပ္ရန္ စီစဥ္ထားေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi က အဂၤါေန႔တြင္ ေျပာၾကားခဲ့သည္။

 

လက္ရွိေဆးလက္ေတြ႕စမ္းသပ္မႈမ်ားျပဳလုပ္ေနရာ၌ ေဆးကို လက္ခံရရွိသည့္ ႏိုင္ငံေပါင္း ၂၀ တြင္ ဘူလ္ေဂးရီးယား၊ ခ်က္သမၼတႏိုင္ငံ၊ အင္ဒိုနီးရွား၊ အီရန္၊ ျမန္မာ၊ ေဆာ္ဒီအာေရးဗီးယားႏွင့္ တူရကီႏိုင္ငံမ်ား ပါဝင္သည္။

 

Fujifilm Holdings Corp. ၏ လက္ေအာက္ခံကုမၸဏီမွ ထုတ္လုပ္သည့္ Favipiravir ဟုလည္း လူသိမ်ားေသာ တုပ္ေကြး တိုက္ဖ်က္ေရး ေဆးဝါးကို ဝယ္ရန္ႏွင့္ ျဖန႔္ျဖဴးရန္တို႔ အတြက္ ဂ်ပန္ႏိုင္ငံသည္ ကုလသမဂၢ စီမံကိန္း ဝန္ေဆာင္မႈဆိုင္ရာ႐ုံးအား ေဒၚလာ ၁ သန္း ေထာက္ပံ့မည္။

 

“ Avigan ကို ႏိုင္ငံတကာမွာ လက္ေတြ႕သုေတသနလုပ္ဖို႔ စိတ္ဝင္စားတဲ့ႏိုင္ငံေတြနဲ႔ အလုပ္လုပ္မွာပါ” ဟု ႏိုင္ငံျခားေရးဝန္ႀကီးက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသည္။

 

ဝူဟံ တကၠသိုလ္မွ တ႐ုတ္သုေတသီမ်ားက ဤေဆးသည္ coronavirus လူနာမ်ား အထူးသျဖင့္ ဗိုင္းရပ္စ္ ကူးစက္ခံထားရေသာ္လည္း COVID-19 လကၡဏာ မျပေသာသူမ်ားအတြက္ ထိေရာက္မႈရွိေၾကာင္း အတည္ျပဳေျပာၾကားခဲ့သည္။

 

ဝန္ႀကီးခ်ဳပ္ Shinzo Abe ၏အစိုးရသည္ Coriganavirus ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၂ သန္းကိုကုသရာတြင္ အသုံးျပဳရန္ လုံေလာက္ေသာ ပမာဏ အသင့္ေဆာင္ထားႏိုင္ရန္အလို႔ငွာ လက္ရွိထုတ္လုပ္မႈပမာဏ၏ သုံးဆအထိ Avigan ကို ထုတ္လုပ္သိုေလွာင္မႈ တိုးျမႇင့္ေပးရန္စီစဥ္ေနသည္။

 

ကိုဗစ္ႏွိမ္နင္းဖို႔ ဂ်ပန္ေဆး Avigan ကို မီးစိမ္းျပလိုက္တဲ့ အေမရိကန္

ကိုဗစ်နှိမ်နင်းဖို့ ဂျပန်ဆေး Avigan ကို မီးစိမ်းပြလိုက်တဲ့ အမေရိကန်

Read times Last modified on Sunday, 12 April 2020 12:30
Rate this item
(1 Vote)