What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 May 2018 15:04

ခြင်အန္တရာယ်ကို အလွယ်တကူးဖြေရှင်းနည်း

ခြင်အန္တရာယ်ကို အလွယ်တကူးဖြေရှင်းနည်း Google.com
ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်တဲ့ အချက်ထဲမှာ ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေဟာလည်း အပါဝင်ပဲဖြစ်ပါတယ်။
ခြင်ကိုက်ခံရခြင်းဟာ သာမာန်အရေပြားယားယံခြင်းကနေ သွေးလွန်းတုပ်ကွေး ၊ ဌက်ဖျား ၊ ဆင်ခြေထောက်ရောဂါ နဲ့ တခြားသောကျန်းမာရေး ပြဿနာတွေအထိ
ဖြစ်ပေါ်စေနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ခြင်ပြေစေတဲ့ ခြင်တေးခွေတွေမှာလည်း ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်နေတာကြောင့် သဘာဝအတိုင်းခြင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
 
(၁) ကြက်သွန်ဖြူဟာ ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ သဘာဝပစ္စည်း တမျိုးလည်းဖြစ်ပါတယ်။
ကြက်သွန်ဖြူစားဖြင့် ခြင်တွေရဲ့အနှောက်ယှက်ကနေ ကင်းဝေးစေနိုင်သလို ကြက်သွန်ဖြူကို မကြိုက်နှစ်သက်သူတွေအတွက်ကတော့ အနီးအနားမှာ ထားရှိခြင်းဖြင့် ခြင်တွေရဲ့ အန္တရာယ်ကနေကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်။
 
(၂) ပန်းကန်ဆေးဆပ်ပြာဆီ တစ်စက်နှစ်စက်ခန့် သင့်အနီးအနားမှာ ညှစ်ချထားခြင်းဖြင့်လည်းခြင်ကိုက်ခံရခြင်းကနေ ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်။
ပန်ကန်ဆေးဆပ်ပြားမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခြင်တွေ အနားမလာနိုင်အောင် လုပ်ဆောင်ပေးမှာလည်းဖြစ်ပါတယ်။
 
(၃) လာဗင်ဒါဆီကို အသုံးပြုခြင်းဟာလည်း ခြင်နိုင်ဆေးတွေလိုပဲ အသုံးဝင်တာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။
လာဗင်ဒါ အနံ့ဟာ ခြင်တွေအတွက် အရမ်းကို ပြင်းထန်းလှတဲ့အတွက် ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကျု ခြေရာခံနိုင်တော့မှာ မဟုတ်တော့ပါဘူး။
 
(၄) ပူစီနံအရွက်နဲ့ ပုစီနံအရွက်က ထုတ်လုပ်ထားတဲ့ ပူစီနံအဆီဟာလည်း ခြင်တွေကို အနားမကပ်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
ပူစီနံ အဆီကို အရေးပြားပေါ်မှာ ခပ်ပါးပါးသုတ်လိမ်းပေးခြင်းနဲ့လည်း ခြင် အန္တရာယ်ကို ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်။
 
(၅) သံပရာသီးတစ်လုံးကို တခြမ်းခြမ်းပြီး ခြမ်းထားတဲ့ သံပရာသီးပေါ်မှာ လေးညှင်းပွင့်လေတွေကို စိုက်ထားကာ အနီးအနားမှာထားပေရုံနဲ့လည်း ခြင်တွေကို ဝေးဝေးပြေးစေမှာလည်းဖြစ်ပါတယ်။

source:"ဧရာဝတီ"

 

Read: ကျန်းမာရေးပြဿနာနဲ့ ဆက်နွယ်နေတဲ့ အသင့်စားအစားအစာ

ကျန်းမာရေးပြဿနာနဲ့ ဆက်နွယ်နေတဲ့ အသင့်စားအစားအစာ

Read times Last modified on Thursday, 31 May 2018 15:56
Rate this item
(1 Vote)