What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 June 2018 15:49

ဒူးရင်းသီးက လူကိုဘာလို့စွဲလန်းစေတာလဲ..။

ဒူးရင်းသီးက လူကိုဘာလို့စွဲလန်းစေတာလဲ..။ google.com

ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ ဘုရင်လို့ ဒူးရင်းကြိုက်သူများက တင်စားခေါ်ဝေါ်ကြပါတယ်။ ဒူးရင်းသီးကို ကျန်းမာရေးရူထောင့်က ကြည့်မယ်ဆိုရင် ဒူးရင်းသီးထဲမှာ သကြား၊ ဗီတာမင်၊ ပိုတတ်စီယမ်၊ အမိုင်နို အက်စစ်တွေ ပါဝင်ပါတယ်။

ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဓာတ်တွေ ရစေပါတယ်။ မလေးရှားမှာတော့ ဒူးရင်းသီး၏ အရွက်နဲ့ အမြစ်ကို ကိုယ်ပူ ကျဆေး အနေနဲ့ သုံးပါတယ်။ အရွက်ကို ဖျားနေသူရဲ့ နဖူးမှာ ကပ်ပေးလျှင် အဖျားမြန်မြန်ကျတယ်လို့ဆိုပါတယ်။
ဒူးရင်းသီးကို ဘီယာနဲ့ ရောရင် လေပွတယ်၊ အစာအကြေဖြစ်မယ်၊ ဘာလို့ဖြစ်ရတာလဲဆိုတော့ ကိုယ်ခန္ဓာကနေ ဒူးရင်းသီးနဲ့ ဘီယာ၊ အရက်မှာပါတဲ့ အဆီနဲ့ သကြားဓာတ်တွေအတွက် အလုပ်ပိုတွေ လုပ်ပေးရလို့ပဲဖြစ်ပါတယ်။ ဒူးရင်းသီးမှာ ဆာလ်ဖာ ကန့်ဓာတ်လည်း ပါတယ်လို့ဆိုပါတယ်။

Diethyl disulfide ဖြစ်ပြီး ဒီဓာတ်က အရက်ရဲ့ ကြေချက်မှုဖြစ်စဉ်ကို တားဆီးပေးပါတယ်။ အရက်သောက်ပြီး ဖြစ်လာသော လက္ခဏာတွေကို လွန်ကဲစေပါတယ်။

ကိုလက်စထောတော့ ထူးပြီး မများစေပါ။ သူ့ထဲက အဆီဟာ Monounsaturated fats အမျိုးအစားသာ ဖြစ်လို့ ကျန်းမာရေး အတွက် မစိုးရိမ် ရပါ။
အစားများတဲ့သူတွေ ခါးတုတ်လာနိုင်ပါတယ်။ ဒူးရင်းသီး တစ်လုံးက ကယ်လိုရီ ၈၈၅ ကနေ ၁၅၀၀ အထိရစေပါတယ်။ 1kg ကို ကယ်လိုရီ ၁၃၅၀ ရပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀လိုသူအတွက် ၆၈% ရသွားပါပြီ။
ပိုတတ်စီယမ်၊ ဖိုက်ဘာ၊ သံဓာတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီ အုပ်စုဝင်တွေ များစွာပါဝင်ပါတယ်။

ဒူးရင်းသီး တစ်လုံးတွင် အဆီစုစုပေါင်း 32.1g (တစ်နေ့တာရဲ့ ၅၀ % ရမယ်)၊ ဆိုဒီယမ် 13 mg ၊ ကာဗွန်ဟိုက်ဒရိတ် စုစုပေါင်း 163.1g (တစ်နေ့တာရဲ့ ၅၀ % )ရမယ်။
ပရိုတင်း 8.8g ၊ လူတစ်ယောက်ရဲ့တစ်နေ့တာလိုအပ်ချက် ဗီတာမင် 198%ရရှိပါတယ်။ သံဓာတ် 14 % ရမယ်။ ဗီတာမင်အေ ၅% ၊ ကယ်လ်စီယမ် ၄ % ၊ ဆီးချိုရှိသူများ အကန့်အသတ်နဲ့ စားသင့်တယ်။

ဒူးရင်းသီးက စွဲစေတဲ့အစားအစာတစ်ခုပါ၊ အရက်သမား၊ မူးယစ်ဆေးသမားတစ်ယောက်လို ပဲ သူကိုပဲ စားချင်နေမှာပါ။

Health product directory
Source: Dr: Tint Swe

Read; ဖက်ရှင်ဆန်တာလား၊ ကိုယ့်ခါးကိုယ် ချိုးနေလား မသဲကွဲ

ဖက်ရှင်ဆန်တာလား၊ ကိုယ့်ခါးကိုယ် ချိုးနေလား မသဲကွဲ

Read times Last modified on Monday, 11 June 2018 16:29
Rate this item
(1 Vote)