What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 February 2022 12:32

24နာရီ ဆက်သွယ်နိုင်သည့် ခရိုင်အလိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖုန်းနံပါတ်များနှင့် ခရိုင်မြို့နယ်များ

24နာရီ ဆက်သွယ်နိုင်သည့် ခရိုင်အလိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖုန်းနံပါတ်များနှင့် ခရိုင်မြို့နယ်များ Covid - 19 ရောဂါ ဓာတ်ခွဲစမ်းသပ်လိုသူများအနေဖြင့် ကိုဗစ်၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) အဖွဲ့ကို ဆက်သွယ်လိုပါက ခရိုင်မြို့နယ်များအလိုက် အောက်ဖော်ပြပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို (24နာရီ) ဆက်သွယ်နိုင်ပါတယ်။   တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန >>> 09 88 2555067 ~ 69.မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန >>> 09 88 2555071, 09 88 2556338, 09 88 2556340.အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန >>> 09 88 2555363 ~ 65.အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန >>> 09 88 2555049, 09 88 2555061 ~ 62 ***********************************************ရန်ကုန်တောင်ပိုင်းခရိုင်တွင် ပါဝင်သည့်မြို့နယ်များ၁။ ဒလမြို့နယ်၂။ ဆိပ်ကြီးခနောင်တိုမြို့နယ်၃။ ကိုကိုးကျွန်းမြို့နယ်၄။ ကော့မှူးမြို့နယ်၅။ ခရမ်းမြို့နယ၆။ ကွမ်းခြံကုန်းမြို့နယ်၇။ ကျောက်တန်းမြို့နယ်၈။ သန်လျင်မြို့နယ်၉။ သုံးခွမြို့နယ်၁၀။ တွံတေးမြို့နယ် ***********************************************ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ပါဝင်သည့်မြို့များ ၁။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၂။ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၃။ အင်းစိန်မြို့နယ်၄။ မင်္ဂလာဒုံမြို့နယ်၅။ ရွှေပြည်သာမြို့နယ်၆။ လှည်းကူးမြို့နယ်၇။ မှော်ဘီမြို့နယ်၈။ ထန်းတပင်မြို့နယ်၉။ တိုက်ကြီးမြို့နယ်***********************************************ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ပါဝင်သည့်မြို့နယ်များ ၁. အလုံမြို့နယ်၂။ ဗဟန်းမြို့နယ်၃။ ဒဂုံမြို့နယ်၄။ ကျောက်တံတားမြို့နယ်၅။ ကြည့်မြင်တိုင်မြို့နယ်၆။ လမ်းမတော်မြို့နယ်၇။ လသာမြို့နယ်၈။ ပန်းဘဲတန်းမြို့နယ်၉။ စမ်းချောင်းမြို့နယ်၁၀။ လှိုင်မြို့နယ်၁၁။ ကမာရွတ်မြို့နယ်၁၂။ မရမ်းကုန်းမြို့နယ်***********************************************ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ပါဝင်သည့်မြို့နယ်များ ၁။ ဗိုလ်တထောင်မြို့နယ်၂။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၃။ ဒဂုံမြို့သစ်အရှေ့ပိုင်း (အရှေ့ဒဂုံမြို့နယ်)၄။ ဒဂုံမြို့သစ်မြောက်ပိုင်း (မြောက်ဒဂုံမြို့နယ်)၅။ မြောက်ဥက္ကလာပမြို့နယ် ၆။ ပုဇွန်တောင်မြို့နယ်၇။ ဒဂုံမြို့သစ်တောင်ပိုင်း (တောင်ဒဂုံမြို့နယ်)၈။ တောင်ဥက္ကလာပမြို့နယ်၉။ သင်္ဃန်းကျွန်းမြို့နယ်၁၀။ ဒေါပုံမြို့နယ်၁၁။ မင်္ဂလာတောင်ညွန့်မြို့နယ်၁၂။ တာမွေမြို့နယ်၁၃။ သာကေတမြို့နယ်၁၄။ ရန်ကင်းမြို့နယ်

Sunday, 13 February 2022 10:45

Omicron ကို ထိတွေ့မှုက ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေပါသလား။

Omicron ကို ထိတွေ့မှုက ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေပါသလား။

Friday, 11 February 2022 10:03

KF94 ဆိုတာ ဘာကိုဆိုလိုတာလဲ

KF94 ဆိုတာ ဘာကိုဆိုလိုတာလဲ

Friday, 11 February 2022 09:53

ကိုဗစ်ဆေးဝါး MOLNUPAC 200 (Molnupiravir 200mg) ကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ

ကိုဗစ်ဆေးဝါး MOLNUPAC 200 (Molnupiravir 200mg) ကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ

Thursday, 10 February 2022 10:58

ဆေးဝါးဖြန့်ချိရေးလုပ်ငန်း Hemas Group မြန်မာမှ ထွက်ခွာတော့မည်

ဆေးဝါးဖြန့်ချိရေးလုပ်ငန်း Hemas Group မြန်မာမှ ထွက်ခွာတော့မည်

Monday, 07 February 2022 09:54

Covid -19 ကာကွယ်ဆေး ထိုးနှံနိုင်မယ့် ရန်ကုန်မြို့ရဲ့ ကိုယ်ပိုင်ဆေးရုံ (၁၀) ခု

Covid -19 ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ Omicron က အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တဖြည်းဖြည်း ပျံ့နှံ့နေတာကြောင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးကောင်းပါတယ်။ ဖျားနာခြင်း(ချမ်းတုန်ခြင်း)ချောင်းခြောက်ဆိုးခြင်း၊ လည်းချောင်းခြောက်/နာခြင်းခေါင်းကိုက်ခြင်းမောပန်းနွမ်းနယ်ခြင်းနှာစေး၊နှာပိတ်၊နှာရည်ယိုခြင်းကိုယ်ခန္ဓာကြွက်သားများ ကိုက်ခဲခြင်းတို့ ဖြစ်နေပါက Omicron ဖြစ်နိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေပါ။ ကိုဗစ်ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာနှင့် ဆင်တူတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေကြဖို့ လိုသလို ဗိုင်းရပ်စ်ကိုရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း သေချာလိုက်နာဖို့ မှာချင်ပါတယ်။ တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ပါ ။နှာခေါင်းစည်း (Mask) တပ်ပါ ။ကာကွယ်ဆေးထိုးပါ ။Covid -19 ကာကွယ်ဆေး ထိုးလို့ရနိင်မည့် ဆေးရုံ (၁၀)ခု နှင့် အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။ ၁။ Myat Taw Win Hospitalမလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှ ထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု Sinovac ကာကွယ်ဆေးဟာ စင်္ကာပူ၊ မလေးရှားနှင့် သြစတေးလျနိုင်ငံတို့တွင် အသိအမှတ်ပြုထားပြီး အသက် (၁၂ )နှစ်အထက်ကလေးများ ထိုးနှံဖို့အတွက် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးအတွက် တစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၀ဝဝဝ ကျပ် ဖြစ်ပြီး Booster ထိုးမည့်သူများ တစ်ကြိမ်စာ ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်ငွေလွဲ Booking စနစ်ဖြင့်သာ လက်ခံပြီးဖုန်းနံပါတ် - 09969897770, 09969897771 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်နေ့မှာ မှတ်ပုံတင်မူရင်း (သို့မဟုတ်) Passport မူရင်း ယူဆောင်လာရပါမယ်။ COVID-19 ကာကွယ်ဆေးထိုးနှံပြီး တရားဝင် QR Code ပါရှိသော ဆေးထိုးပြီးကြောင်း လက်မှတ် ကိုလည်း ရယူနိုင်မှာပါ။ ၂။ Ar Yu -International Hospitalကာကွယ်ဆေးအမျိုးအစားမှာ "Corona Vac" Vaccine ဖြစ်ပါတယ်။ Corona Vac ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ SINOVAC Biotech ဆေးဝါးကုမ္မဏီမှ ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေးဖြစ်ပြီး၊ ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း နည်းပါးစေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသက် (၁၂)နှစ်မှစတင်၍ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေး တစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ - ၄၂,၀၀၀ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ ကာကွယ်​ဆေးထိုးနှံ​ပေးမည့်ရက် - ဗုဒ္ဓဟူး​နေ့ မှ တနင်္ဂ​နွေ​နေ့အထိ နံနက် (၉)နာရီမှ ည​နေ (၃)နာရီအတွင်း ထိုးနိုင်ပါတယ်။အသေးစိတ် စုံစမ်းရန် နှင့် ကြိုတင် Booking ယူရန် ​အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ (01) 9376 200၊ (01) 9376 201၊ (01) 9376 202၊ (01) 9376 206၊ (01) 9376 207၊ (01) 9376 208၊ (01) 9376 209အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း(တာမွေဈေးဟောင်းမှတ်တိုင်)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ၃ ။ Victoria Hospital (ဝိတိုရိယ)Sinopharm COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၀,ဝဝဝ ကျပ်နှင့် Sinopharm အတွက် အသက် 18 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Sinovac COVID-19 Vaccine အတွက်ကတော့ တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၂,၅ဝဝ ကျပ်ဖြင့် အသက် 12 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Booking တင်ရန်အတွက် 09750358906 ၊ 09750358901 သို့ ဆက်သွယ်နိုင်ပါတယ်။ ၄။ Sakura Hospital ဆာကူရာဆေးရုံကြီး ထိုးပေးတာကတော့မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Sinovac Covid-19 Vaccine (Vero Cell) အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးအား အကြိမ်ရေပြည့် (Full Dose) ထိုးနှံမည်ဆိုပါက (၇၉,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ထပ်တိုးအကြိမ်ရေ (Booster Dose) ထိုးနှံမည်ဆိုပါက (၄၅,၀၀၀) ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ထိုးနှံလိုပါက 09 400979813 သို့ဆက်သွယ်၍ ဘိုကင်တင်ထားနိုင်ပါတယ်။ ၅။ Grand Hantha International Hospitalကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားတဲ့ Sinovac Covid-19 Vaccine (Vero Call) အမျိုးအစား၊ တရုတ်နိုင်ငံ Beijing Manufacturing ပဲဖြစ်ပါတယ်။ အသက် (၁၂) နှစ်အထက်မှ စပြီးထိုးနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရပါမယ် ။ နှစ်ကြိမ်စာ အတွက် (၉၀,၀၀၀) ကျပ် နှင့်တစ်ကြိမ်စာအတွက် (၄၅,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ 09-406664001၊ 01-2317617၊ 01-523000၊ 01-523111 ၆ ။ Aung Yadana Hospital (အောင်ရတနာဆေးရုံ)Covid-19 Vaccine ထိုးနှံခြင်းကို အသက် ၁၂နှစ်အထက်မှစ၍ ထိုးနိုင်ပြီး Sinovac Vaccine (Malaysia) - ၁ဦးလျှင် 80,000ကျပ် (နှစ်ကြိမ်စာ)၊ Sinovac Vaccine (Beijing) - ၁ဦးလျှင် 80,000 ကျပ် (နှစ်ကြိမ်စာ)၊ Sinopharm ၁ဦးလျှင် 90,000 ကျပ် (နှစ်ကြိမ်စာ) ဆေး ၂ ကြိမ် ထိုးနှံပြီးပါက QR Code ပါရှိသည့် Certificate ရရှိနိုင်မှာဖြစ်ပါတယ်။ 09-408097722 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။ ၇။ Thukha Gabar Hospital (သုခကမ္ဘာ ဆေးရုံ)သုခကမ္ဘာဆေးရုံမှာ အသက် (၁၂) နှစ် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအနေနဲ့ Careme bot booking စနစ်မှအပြင် ဖုန်းနဲ့လည်းစာရင်းသွင်း ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေးကို ၄ ပတ်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး Full Dose နှစ်ကြိမ်အတွက် ၈၅၀၀၀ ကျပ်နဲ့ Booster Dose တစ်ကြိမ် အတွက် ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန် နေ့စဉ်မနက် ( ၈ ) နာရီမှညနေ ( ၅ ) နာရီ အထိ 09-404040850၊ 09-40404086 သို့ဆက်သွယ်နိုင်ပါပြီ။ ၈။ Pun Hlaing HospitalsPan Hlaing ဆေးရုံတွင် Beijing Institute မှာ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ Full Doses (1st & 2nd Dose) -62000 mmk၊ 3rd Dose (Booster Dose) - 31000 mmk ကျသင့်မှာဖြစ်ပြီး Vaccine Certificate ကိုလည်း ပန်းလှိုင်ဆေးရုံမှ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းမေးမြန်းရန် Pun Hlaing Hospitals FB page Messenger (သို့) Hotline: 01 23 99 222 (မနက်၈နာရီ မှ ညနေ၅နာရီအထိ) ဆက်လို့ရပါတယ်။ ၉။ OSC Hospital ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကာကွယ်ဆေးများ ဖြစ်တဲ့ Sinovac Vaccine ကို အသက် (၁၂) နှစ်မှ စတင်ထိုးနိုင်ပြီး Covexin Vaccine ကိုတော့ အသက် (၁၈) နှစ်မှ စတင် ထိုးနှံနိုင်ပါတယ်။ ဈေးနူန်းတွေကတော့ Sinovac Vaccine တစ်ကြိမ်စာ ကို 42,500 ks နှင့် Covexin Vaccine တစ်ကြိမ်စာ ကို 45,000 ks၊ Booster (တတိယအကြိမ်) ထိုးနှံလိုသူများအနေနဲ့ ယခင်ထိုးနှံထားသော Vaccination Certificate ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါမည်။ အသေးစိတ်သိရှိလိုပါက Ph. 01- 4706622၊ 09-43208326 ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ၁၀။ Chan Myae Myittar Hospitalချမ်းမြေ့မေတ္တာ ဆေးရုံမှာတော့ Sinopharm Vaccine အတွက် တစ်ယောက်လျှင် နှစ်ကြိမ်စာကို (90,000), တစ်ကြိမ် (45,000) ကျပ် နှင့် Sinovac Vaccine အတွက် နှစ်ကြိမ်စာကို (80,000), တစ်ကြိမ် (40000)ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ 09-420123047၊ 09-696685770၊ 09-768199677၊ 056-21769, 056-22600၊ 056-21055 တို့မှ တဆင့် Booking တင်ထားနိုင်ပါတယ်။ အမှတ်(၅၃) ၊ ကျိုက်ခေါက်ဘုရားလမ်း ၊သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့ တွင် သွားရောက် ထိုးနိုင်ပါတယ်။ COVID-19 ကာကွယ်ဆေးထိုးပြီးနောက် -လက်မောင်းနာခြင်း၊- ဖျားခြင်း၊ ကိုယ်ပူခြင်း- ပင်ပန်းနွမ်းနယ်ခြင်း- ခေါင်း (သို့) ကြွက်သားများနာကျင်ခြင်း- ဝမ်းပျက်ခြင်း စတဲ့အပျော့စားလက္ခဏာများကို ခံစားရခြင်းဟာ ပုံမှန်ဖြစ်တာကြောင့် ကြုံတွေ့ရနိုင်သော အပျော့စားလက္ခဏာများဟာ ရက်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီလက္ခဏာတွေကို လူတိုင်းမခံစားရနိုင်ပေမယ့် စတင်ခံစားနေရပါက သင့်ခန္ဓာကိုယ်က ကိုဗစ်ရောဂါကို ကာကွယ်မှုစတင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ COVID-19 ရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခွင့် ရတာနဲ့ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါတယ်။

Wednesday, 02 February 2022 09:47

IVF နည်းဖြင့် ၃မြွှာပူး မွေးသည့်မိခင်

IVF နည်းဖြင့် ၃မြွှာပူး မွေးသည့်မိခင်

Tuesday, 18 January 2022 14:34

ကိုဗစ်ကုသရေး ဆေးသစ် ၂ မျိုး WHO အတည်ပြု

ကိုဗစ်ကုသရေး ဆေးသစ် ၂ မျိုး WHO အတည်ပြု

Wednesday, 12 January 2022 09:57

မျည်ရည်ဘာကြောင့်ကျရတယ်???

မျည်ရည်ဘာကြောင့်ကျရတယ်??? မျက်ရည်များကို လက်ခ်ရီမာဂလင်း (Lacrima Gland) မှ ထုတ်ပေးသည်။ လက်ခ်ရီမာသည် လက်တင်ဝေါဟာရအရ မျက်ရည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းဂလင်းသည် မျက်ခုံးအောက်ဘက်တွင်ရှိသည့် မျက်လုံး၏ အပေါ်တွင် တည်ရှိသည်။ လူသားတို့၏ မျက်ရည်များမှ ဘေဆယ်မျက်ရည် (Basal Tears)၊ တုံ့ပြန်မျက်ရည် (Reflex Tears) နှင့် စိတ်ခံစားမှုကြောင့်ကျရသည့်မျက်ရည် (Emotional Tears) ဟု ပုံစံသုံးမျိုးဖြင့် တွေ့မြင်နိုင်သည်။   ** ဘေဆယ်မျက်ရသည် မျက်လုံးကို အဆီဓာတ်ဖြည့်ပေးသည်။ ** တုံ့ပြန်မျက်ရသည်သည် ပြင်ပမှ မီးခိုးများ၊ ဖုန်မှုန့်များ မျက်လုံးအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ယားယံကျိန်းစပ်ခြင်းခံစားရကာ ထွက်လာသည့် မျက်ရည်ဖြစ်သည်။** စိတ်ခံစားမှုကြောင့်ကျသည့်မျက်ရည်သည် ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် တွေ့ကြုံရသည့်အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်စရာများကြောင့် အပျော်လွန်သည့်အခါဖြစ်စေ စီးကျလာသည့် မျက်ရည်ဖြစ်သည်။   မျက်ရည်အားလုံးတွင် အဆီရောယှက်နေသောဆားရည်၊ ရောဂါကိုကာကွယ်ပေးသည့် ပဋိပစ္စည်းနှင့် အင်ဇိုင်းများ ပါဝင်သည်။ သို့ရာတွင် မျက်ရည်အမျိုးအစားကိုလိုက်၍ ပါဝင်သည့် မော်လီကျူးများ မတူညီကြပါ။ ဥပမာအားဖြင့် စိတ်ခံစားမှုကြောင့် ကျဆင်းသည့် မျက်ရည်တွင် ပရိုတင်းကိုအခြေခံသည့် ဟောမုန်းဖြစ်သည့် လီယူဆင်း-အန်ကက်ဖာလင် (Leucine-Enkephalin) ပါဝင်သည်။ ၎င်းသည် ခန္ဓာကိုယ်စိတ်ဖိစီးမှု ခံစားရသည့်အခါ သဘာဝအလျာက်ထုတ်လွှတ်ပေးပြီး ခံစားရသည့် နာကျင်မှုကို သက်သာစေသည့် အရည်ဖြစ်သည်။ ကြက်သွန်လှီးဖြတ်သည့်အခါ မျက်ရည်ကျခြင်းကြက်သွန်နီကိုလှီးဖြတ်စဉ် မျက်ရည်ကျရခြင်းမှာ ကြက်သွန်နီမှထွက်သည့် လက်ချရီမေသိုရီဖက်တာဆင်းသေးစ် (Lachrymatory Factor Synthase) ဒြပ်ပေါင်းကြောင့်ဖြစ်သည်။ ကြက်သွန်နီကို မလှီးဖြတ်မီ ရေခဲသေတ္တာထဲတွင် အအေးခံထားခြင်း၊ ဓားထက်ထက်ကိုအသုံးပြုခြင်းအားဖြင့် အဆိုပါဒြပ်ပေါင်းထွက်ရှိမှုကို လျော့နည်းစေနိုင်သည်။ မျက်ရည်ဘယ်ကစ ဖြစ်ပေါ်လာသလဲရာစုများစွာက မျက်ရည်သည် လူသားများ၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသည်ဟု ထင်ကြသည်။ ရှေးကျသည့် လေ့လာမှုများအရ စိတ်နှလုံးသား ပျော့ညံ့မှုကြောင့် မျက်ရည်များ ထွက်ကျသည်ဟု ဆိုထားသည်။ အလယ်ခေတ်တွင် ယောကျ်ားများ ငိုကြွေးကြသည်ကို အပြစ်မမြင်ဘဲ ကောင်းသည်ဟု လက်သင့်ခံကြသည်။ အင်ဂလိုဆေမွန် (Anglo Saxmon) ကဗျာတွင် ဘီအော်ဖ် (Beowulf) ကို နဂါးက သတ်လိုက်သောကြောင့် ဘီအော်ဖ်၏ နောက်လိုက်စစ်သည်များသည် ၎င်းတို့၏ အရှင်သခင် ကွယ်လွန်ခြင်းအတွက် ဖြေသိမ့်မရအောင်ဖြစ်ပြီး ဝမ်းနည်းပက်လက် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးခဲ့ကြသည်။ ဘုရင်အာသာ (Arthur) ကိုလည်း ငိုယိုတတ်သူအဖြစ် လူသိများသည်။   ငိုယိုခြင်းက ကောင်းသည်ဟုဆိုသော်လည်းငိုယိုခြင်းသည် သင့်အတွက်ကောင်းသည်ဟု ဆိုနိုင်သည်။အချို့သောလေ့လာတွေ့ရှိမှုများမှ ဖော်ပြထားသည်မှာ ငိုယိုသည့်အခါတွင် အောက်စီတိုဆင် (Oxytocin) နှင့် အင်ဒေါ်ဖင်စ် (Indorphins) ဒြပ်ပေါင်းများ ထွက်ရှိစေသည့်အတွက် စိတ်သက်သာရာရစေသည်ဟု ဖော်ပြထားသည်။ အခြားသော လေ့လာတွေ့ရှိမှုတစ်ခုမှာ ယေဘုယျအားဖြင့် အငိုလွယ်သူများ၊ ထစ်ခနဲဆိုငိုယိုတတ်သူများသည် ရုပ်ရှင်ကြည့်နေစဉ်အတောအတြင်း အငိုမလွယ်သူများထက် ပိုမို၍ ငိုယိုကြပြီးနောက် ဆိုးဆိုးဝါးဝါး ခံစားကြသည်ကို တွေ့ရှိရသည်။   ငိုယိုသည့်အခါတိုင်း အဘယ်ကြောင့် နှာရည်ကျရသနည်း။ငိုယိုသည့်အခါတိုင်း နှာရည်ကျသည်မှာ အံ့သြစရာကောင်းသည်။ မျက်ရည်ဂလင်း (Lacrimal Gland) မှ အလျှံပယ်ထုတ်လွှတ်လိုက်သည့် မျက်ရည်များသည် မျက်ရည်ပြွန်ထဲသို့ စီးဝင်ကာ ထိုမှတဆင့် နှာခေါင်းပေါက်ထဲသို့စီးဝင်ပြီး နှာခေါင်းအတွင်းရှိ အချွဲနှင့်ရောယှက်ကာ နှာရည်အဖြစ် ထွက်ကျလာရခြင်းဖြစ်သည်။   မျက်ရည်ယိုဓာတ်ငွေ့1980 ပြည့်နှစ်ကျော်ခန့်တွင် အီရတ်တို့သည် မျက်ရည်ယိုဓာတ်ငွေ့များကို ဓာတုလက်နက်အဖြစ် အသုံးပြုလာခဲ့ကြသည်။ 1993 ခုနှစ်တွင် ဓာတ်ုလက်နက်ညီလာခံက စစ်မြေပြင်တွင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးမပြုရန် တားမြစ်ခဲ့သည်။   အသက်အရွယ်အရ မျက်ရည်ထုတ်လွှတ်မှုလျော့နည်လာခြင်းကျွနုပ်တို့အသက်အရွယ်ရလာသည်နှင့်အမျှ ဘေဆယ်မျက်ရည် (Basal Tears) ထုတ်လွှတ်မှုနှေးကွေးလာသည့်အတွက် မျက်စိခြောက်သွေ့သည့်ရောဂါ ရရှိလာကြသည်။ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်စဉ်ကာလ (သို့) သွေးဆုံးချိန်တို့တွင် ဟော်မုန်းအပြောင်းအလဲကြောင့် ခံနီုင်ရည်နည်းသည့်အတွက် မျက်စိခြောက်သွေ့ရောဂါ ရတတ်ကြသည်။ မျက်ရည်တုမျက်စဉ်း (Lubricating OTC Eye Drops) ခတ်ပေးခြင်းဖြင့်လည်းကောင်း၊ မျက်စိပေါ်သည့် ပူနွေးသောတို့ပတ်ဖြင့် ဖိသိပ်ပေးခြင်းဖြင့်လည်းကောင်း သက်သာစေနိုင်သည်။   မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းက မျက်စိကို ထိခိုက်နိုင်ပါသလား။မိဘတိုင်းလိုလို ၎င်းတို့၏သားသမီးများ မီးအုပ်ဆောင်းအလင်းရောင်အောက်တွင် စာဖတ်သည်ကိုတွေ့သည့်အခါတိုင်း မျက်စိထိခိုက်ပျက်စီးမည်ဟု ဆူပူလေ့ရှိကြသည်။မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းကြောင့် မျက်စိပျက်စီးရသည် (သို့) မျက်စိမှုန်ရသည်ဆိုသည့် အထောက်အထားများ မရှိပါ သို့သော် အလင်းရောင်မှန်မှိန် မီးအုပ်ဆေငာ်းအောက်တွင် စာဖတ်ခြင်းသည် အလင်းရောင်အားနည်းသည့်အတွက်ကြောင့် ခဲယဉ်းစွာအာရုံစူးသိုက်ရခြင်းကြောင့် မျက်စိထိခိုက်ပျက်စီးစေနိုင်သည်ဆိုသည့် အကြောင်းရင်းခံ ဖြစ်နိုင်ပေသည်။ မီးအလင်းအရောင်မှိန်မှိန်တွင် စူးစူးစိုက်စိုက်စာဖတ်ရခြင်းကြောင့် မျက်တောင်ခတ်မှု အကြိမ်အရေအတွက် လျော့နည်းစေသည့်အတွက် မျက်စိခြောက်သွေ့ခြင်းရောဂ် ရစေသဖြင့် အများလက်ခံယုံကြည်ထားသည့်အတိုင်း မျက်စိပျက်စီးစေသည်ဆိုသည့်အချက်တွင် ပါဝင်သော်လည်း အစဉ်အမြဲ မျက်စိကျိန်းစပ်ခြင်း၊ မျက်စိကိုက်ခဲခြင်းများ ခံစားနေရသည်ဆိုသည့် သက်သေအထောက်အထားများမရှိပါ။ ထိန်လင်းသောမီးအလင်းရောင်အောက်တွင် စာဖတ်ခြင်းသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းရှိသော်လည်း မျက်စိကျန်းမာရေးကို ကာကွယ်ရန်အတွက် ပဓာနမကျပါ။   Original Writer - (မိုမိုကို - သုတဗဒသော - စက်တင်ဘာ - 2021)Ref: Eye Opening Facts About Tears (By Jen McCaffery, R.D, May, 2021)