What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 October 2018 17:35

ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုတယ်

ဓာတ်ဆားမှုန့် (Oral Rehydration Salts)

ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်ခြင်း ဖြစ်ပါတယ်။အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံး ဓာတ်ဆားရေ ဖြစ်ပါတယ်။

ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိုးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ အများအပြား ရောင်းချနေပြီး တစ်မျိုးနဲ့တစ်မျိုး အာနိသင်သိသာစွာ ကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ်။

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF) ကထုတ်တဲ့ ဓာတ်ဆား ဖြစ်ပါတယ်။

ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ

ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date) ပါ။ Date ကောင်းတာနဲ့တင်မပြီးပါဘူး လတ်ဆတ်မှုရှမ၊ မရှိ စစ်ဆေးပါ။ ကပ်နေရင် (သို့) အထဲကအမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။

ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ၊ ဘယ်ရေနဲ့ဖျော်ရမလဲ

ဓာတ်ဆားတစ်ထုတ်ကို ရေကျက်အေး (သို့) ရေတစ်လီတာ/ရေသန့်တစ်ဗူးနဲ့ ဖျော်ရမှာ ဖြစ်ပါတယ်။သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို၊ ရေခဲသေတ္တာထဲက ရေအေးနဲ့လဲမဖျော်သင့်ပါဘူး၊ ဓာတ်ပျယ်သွားတတ်လို့ ဖြစ်ပါတယ်။

ဓာတ်ဆားထုတ်ကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက် ထိတွေ့တဲ့နေရာတွေမှာ မထားသင့်ပါဘူး။ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ။

တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ၊ ဘယ်လိုလူတွေမသောက်ရဘူးလဲ

ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာ သောက်သုံးသင့်ပါတယ်။ ၂ထုတ်ထက်ပို သောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန် ကြားချက်နဲ့မှသောက်သင့်ပါတယ်။

Source:ကျန်းမာရေးဗဟုသုတများ

Read times Last modified on Monday, 29 October 2018 17:38
Rate this item
(1 Vote)