What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 23:16

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၃-၂၀၂၀) ရက်နေ့၊ ည (၉:၁၅) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညတွင် ထပ်မံပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

(က) ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊

(ခ) မူဆယ်ပြည်သူ့ ဆေးရုံမှ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(ဂ) နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ ကြီးမှ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

(ဃ) မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှ အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး၊ စုစုပေါင်း (၄) ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။


(အမှတ် - ဃ လူနာဆုံးပါးခဲ့မှု သတင်းကို ယနေ့ည (၈) နာရီတွင် ထုတ်ပြန်သည့် သတင်းတွင်ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။)

 

၃။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 

(၆-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၈၅) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

(က) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်နေထိုင်သော အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ (၃-၃-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပြီး (၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားနေရကြောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သတင်းပေးပို့ခဲ့ သဖြင့် ၎င်းနေ့တွင်ပင် နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ ကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထား ရှိကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

(ခ) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ်အရွယ် အမျိုး သမီးတစ်ဦးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး လေဆိပ်ကျန်းမာရေးဌာနတွင် တာဝန်ကျကျန်းမာရေးဝန်ထမ်းများမှ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်း ဆိုးခြင်း၊ မောပန်းခြင်း၊ စသည့်ရောဂါလက္ခဏာများခံစားခဲ့ရကြောင်း တွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ၎င်း၌ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရပါ။

 

(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သော အသက် (၁၄) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ မောပန်းခြင်း ရောဂါလက္ခဏာ များဖြင့် (၄-၃-၂၀၂၀) ရက်နေ့တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လာ ရောက်ပြသခဲ့ရာ လူနာမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသော နိုင်ငံများ သို့ ခရီးသွားရာဇဝင်နှင့် သံသယလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲ နမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေး ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

(ဃ) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၃-၂-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးသွေးပါခြင်း စသည့်ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် (၂၆-၂-၂၀၂၀) ရက်နေ့မှ (၅-၃-၂၀၂၀) ရက်နေ့အထိ ဆေးကုသမှုပေးခဲ့ပြီး (၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ လူနာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) သို့ ပေးပို့စစ်ဆေးထားရှိပါသည်။ လူနာအား အထူးကြပ်မတ် ကုသမှုများ ပေးခဲ့သော်လည်း အခြေအနေပိုမိုဆိုးရွားလာပြီး (၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄း၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

၃။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သော အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး သည်(၅-၃-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ မန္တလေးမြို့သို့ သွားစဉ် လားရှိုးမြို့သို့ အရောက်တွင် အသက်ရှူကြပ်၍ မောလာ သဖြင့် (၅-၃-၂၀၂၀) ရက်နေ့၊ ည (၈း၄၀) နာရီအချိန်တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ လူနာအား ရောဂါရာဇဝင် စစ်ဆေးမေးမြန်းချက်အရ လူနာသည် လွန်ခဲ့သော (၅) လခန့်မှစ၍ ဆီးချိုရောဂါခံစားနေရပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်လက္ခဏာများအား လွန်ခဲ့သော ရက်ပေါင်း (၄၀) ခန့်ကစတင်၍ ခံစားနေခဲ့ရကြောင်း သိရှိရပါသည်။ ၎င်းအား သံသယလူနာအဖြစ်သတ်မှတ်၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ၍ဆေးကုသမှုများပေးရန် စီစဉ်ဆောင်ရွက်ပြီး အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးခဲ့ပါသည်။ သို့ရာတွင် လူနာသည် ရောဂါအခြေအနေပိုမိုဆိုးရွားလာပြီး (၅-၃-၂၀၂၀) ရက် နေ့၊ ည (၉:၄၀) နာရီအချိန်တွင် နှလုံးကြီးခြင်း၊ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊ သေချာစွာကုသမှုမရရှိထားသော ဆီးချိုရောဂါနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ပါသည်။

 

၄။ (၄-၃-၂၀၂၀) ရက်နေ့မှစ၍ စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံကြီး တွင် အထူးကြပ်မတ်ကုသမှုများပေးလျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မှ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးသည် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး (၆-၃-၂၀၂၀) ရက်နေ့၊ နံနက် (၇:၄၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ အဆိုပါအမျိုးသမီးတွင် နာတာရှည် နှလုံးရောဂါနှင့် ဆီးချိုရောဂါများရှိကြောင်းနှင့် ကနဦးသုံးသပ်ချက်အရ သေဆုံး ရသာ အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာမကုသထားသော နှလုံး ရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြီး ၎င်း၏ ဓာတ်ခွဲအဖြေအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

၅။ ယနေ့ (၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ လူနာ (၅) ဦးအား သက်ဆိုင် ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

၆။ သတင်းများထပ်မံရရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

zawgyi

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး သံသယလူနာ၊ ေစာင့္ၾကည့္လူနာႏွင့္ COVID-19 ေရာဂါျဖစ္ပြားသူႏွင့္ ထိေတြ႕ခဲ့သူမ်ားထံမွ ဓာတ္ခြဲနမူနာမ်ားရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ စစ္ေဆးလ်က္ရွိပါသည္။

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ယေန႔၊ ညတြင္ ထပ္မံေပးပို႔လာေသာ ဓာတ္ခြဲအေျဖမ်ားအရ -

(က) ကန္ပိုင္တီး တိုက္နယ္ျပည္သူ႔ေဆး႐ုံမွ အသက္(၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦး၊

(ခ) မူဆယ္ျပည္သူ႔ ေဆး႐ုံမွ အသက္ (၂၇) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊

(ဂ) ေနျပည္ေတာ္၊ ခုတင္ (၁,၀၀၀) ဆံ့ျပည္သူ႔ေဆး႐ုံ ႀကီးမွ အသက္ (၃၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္

(ဃ) မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံမွ အသက္ (၆၈) ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါအခံရွိသူ အမ်ိဳးသမီးႀကီးတစ္ဦး၊ စုစုေပါင္း (၄) ဦးတို႔တြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။


(အမွတ္ - ဃ လူနာဆုံးပါးခဲ့မႈ သတင္းကို ယေန႔ည (၈) နာရီတြင္ ထုတ္ျပန္သည့္ သတင္းတြင္ပါဝင္ခဲ့ၿပီးျဖစ္ပါသည္၊။)

 

၃။ ဓာတ္ခြဲအေျဖသတင္းမ်ား ထပ္မံရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။

 

(၆-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း


၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံ (၈၅) ႏိုင္ငံတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ား ႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ -

(က) ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၃၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ (၃-၃-၂၀၂၀)ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ ခဲ့ၿပီး (၅-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ႏွာေစးျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစားေနရေၾကာင္း ေက်းလက္က်န္းမာေရးဌာနခြဲမွ သတင္းေပးပို႔ခဲ့ သျဖင့္ ၎ေန႔တြင္ပင္ ေနျပည္ေတာ္၊ ခုတင္ (၁,၀၀၀) ဆံ့ျပည္သူ႔ေဆး႐ုံ ႀကီးသို႔ ၫႊန္းပို႔ခဲ့ပါသည္။ ၎အား ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထား ရွိကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာန (ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

 

(ခ) ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၀) ႏွစ္အ႐ြယ္ အမ်ိဳး သမီးတစ္ဦးသည္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ (၆-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၁၀း၁၅) နာရီအခ်ိန္တြင္ ေရာက္ရွိလာခဲ့ၿပီး ေလဆိပ္က်န္းမာေရးဌာနတြင္ တာဝန္က်က်န္းမာေရးဝန္ထမ္းမ်ားမွ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ကိုယ္အပူခ်ိန္ျမင့္တက္ျခင္း၊ ေခ်ာင္း ဆိုးျခင္း၊ ေမာပန္းျခင္း၊ စသည့္ေရာဂါလကၡဏာမ်ားခံစားခဲ့ရေၾကာင္း ေတြ႕ရွိရသျဖင့္ ေဝဘာဂီအထူးကုေဆး႐ုံသို႔ ၫႊန္းပို႔ခဲ့ပါသည္။ ၎အား ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္ လ်က္ရွိပါသည္။ ၎၌ လတ္တေလာျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ လကၡဏာမ်ား မေတြ႕ရွိရပါ။

 

(ဂ) ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၁၄) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦးသည္ ဖ်ားျခင္း၊ ေခ်ာင္းဆိုး ျခင္း၊ ေမာပန္းျခင္း ေရာဂါလကၡဏာ မ်ားျဖင့္ (၄-၃-၂၀၂၀) ရက္ေန႔တြင္ အင္းစိန္အေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ လာ ေရာက္ျပသခဲ့ရာ လူနာမွာ COVID-19 ေရာဂါကူးစက္ျဖစ္ပြားလ်က္ရွိေသာ ႏိုင္ငံမ်ား သို႔ ခရီးသြားရာဇဝင္ႏွင့္ သံသယလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သည့္ ရာဇဝင္မရွိေသာ္လည္း လတ္တေလာျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာလကၡဏာမ်ား ေတြ႕ရွိရသျဖင့္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲ နမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)သို႔ ေပးပို႔စစ္ေဆး ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

 

(ဃ) ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၄) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၂၃-၂-၂၀၂၀) ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေမာပန္းျခင္း၊ ေခ်ာင္းဆိုးေသြးပါျခင္း စသည့္ေရာဂါလကၡဏာမ်ားခံစားခဲ့ရသျဖင့္ ပုဂၢလိကေဆး႐ုံ တစ္ခုတြင္ (၂၆-၂-၂၀၂၀) ရက္ေန႔မွ (၅-၃-၂၀၂၀) ရက္ေန႔အထိ ေဆးကုသမႈေပးခဲ့ၿပီး (၆-၃-၂၀၂၀) ရက္ေန႔၊ ေန႔လည္ (၁၂:၀၀) နာရီအခ်ိန္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့ပါသည္။ လူနာတြင္ COVID-19 ေရာဂါကူးစက္ျဖစ္ပြားေနေသာ ႏိုင္ငံမ်ားသို႔ ခရီးသြားရာဇဝင္မရွိေသာ္လည္း လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ လကၡဏာမ်ားေတြ႕ရွိရသျဖင့္ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန(ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးထားရွိပါသည္။ လူနာအား အထူးၾကပ္မတ္ ကုသမႈမ်ား ေပးခဲ့ေသာ္လည္း အေျခအေနပိုမိုဆိုး႐ြားလာၿပီး (၆-၃-၂၀၂၀) ရက္ေန႔၊ ညေန (၄း၃၀) နာရီအခ်ိန္တြင္ ေသဆုံးသြားခဲ့ပါသည္။

 

၃။ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၄၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး သည္(၅-၃-၂၀၂၀)ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ သြားစဥ္ လားရႈိးၿမိဳ႕သို႔ အေရာက္တြင္ အသက္ရႉၾကပ္၍ ေမာလာ သျဖင့္ (၅-၃-၂၀၂၀) ရက္ေန႔၊ ည (၈း၄၀) နာရီအခ်ိန္တြင္ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ပါသည္။ လူနာအား ေရာဂါရာဇဝင္ စစ္ေဆးေမးျမန္းခ်က္အရ လူနာသည္ လြန္ခဲ့ေသာ (၅) လခန္႔မွစ၍ ဆီးခ်ိဳေရာဂါခံစားေနရၿပီး ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း စသည့္လကၡဏာမ်ားအား လြန္ခဲ့ေသာ ရက္ေပါင္း (၄၀) ခန္႔ကစတင္၍ ခံစားေနခဲ့ရေၾကာင္း သိရွိရပါသည္။ ၎အား သံသယလူနာအျဖစ္သတ္မွတ္၍ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ သီးျခားထားရွိ၍ေဆးကုသမႈမ်ားေပးရန္ စီစဥ္ေဆာင္႐ြက္ၿပီး အဆိုပါ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔ စစ္ေဆးခဲ့ပါသည္။ သို႔ရာတြင္ လူနာသည္ ေရာဂါအေျခအေနပိုမိုဆိုး႐ြားလာၿပီး (၅-၃-၂၀၂၀) ရက္ ေန႔၊ ည (၉:၄၀) နာရီအခ်ိန္တြင္ ႏွလုံးႀကီးျခင္း၊ ႏွလုံးေကာင္းစြာအလုပ္မလုပ္ျခင္း၊ ေသခ်ာစြာကုသမႈမရရွိထားေသာ ဆီးခ်ိဳေရာဂါႏွင့္ အဆုတ္ေရာင္ျခင္းတို႔ေၾကာင့္ ေသဆုံးသြားခဲ့ပါသည္။

 

၄။ (၄-၃-၂၀၂၀) ရက္ေန႔မွစ၍ ေစာင့္ၾကည့္လူနာအျဖစ္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံႀကီး တြင္ အထူးၾကပ္မတ္ကုသမႈမ်ားေပးလ်က္ရွိေသာ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ မွ အသက္ (၆၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ ေရာဂါအေျခအေန ပိုမိုဆိုး႐ြားလာၿပီး (၆-၃-၂၀၂၀) ရက္ေန႔၊ နံနက္ (၇:၄၀) နာရီအခ်ိန္တြင္ ေသဆုံးသြားခဲ့ပါသည္။ အဆိုပါအမ်ိဳးသမီးတြင္ နာတာရွည္ ႏွလုံးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါမ်ားရွိေၾကာင္းႏွင့္ ကနဦးသုံးသပ္ခ်က္အရ ေသဆုံး ရသာ အေၾကာင္းအရင္းမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါႏွင့္ ေသခ်ာစြာမကုသထားေသာ ႏွလုံး ေရာဂါႏွင့္ ဆီးခ်ိဳေရာဂါမ်ား၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားေၾကာင့္ျဖစ္ေၾကာင္း သုံးသပ္ၿပီး ၎၏ ဓာတ္ခြဲအေျဖအား အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

 

၅။ ယေန႔ (၆-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ လူနာ (၅) ဦးအား သက္ဆိုင္ ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိပါသည္။

 

၆။ သတင္းမ်ားထပ္မံရရွိပါက အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Read times Last modified on Friday, 06 March 2020 23:48
Rate this item
(0 votes)