What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 13:26

Covid 19 ကို ၅ မိနစ်အတွင်းစမ်းသပ်သိရှိနိုင်မယ့်ကိရိယာကို တီထွင်

90251442_832926683874316_4730726126572273664_n.png

 

Coronavirus ကို ၅ မိနစ်အတွင်းစမ်းသပ်သိရှိနိုင်မယ့်ကိရိယာကို Abbott Company ကတီထွင်လိုက်ပါတယ်။

အမေရိကန် FDA ကအရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ခွင့်ပြုထားပြီးဖြစ်ပြီး အရွယ်အစားလည်းသေးငယ်တဲ့အတွက်ကြောင့် အခန်းငယ်ထဲမှာတင် အသုံးပြုနိုင်ပါတယ်။

Abbott ကနေတီထွင်ထားတဲ့ ဒီကိရိယာဟာဆိုရင် ပင်မ Lab ကိုပေးပို့စရာမလို့ပဲ အခန်းငယ် ဒါမှမဟုတ် အရေးပေါ်အခန်းထဲမှာတင် စမ်းသပ်နိုင်တဲ့အတွက် အချိန်ကုန်သက်သာစေပြီး အလွန်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဒီကိရိယာထဲထည့်သွင်းစမ်းသပ်မယ်ဆိုရင် Covid 19 Positive ဖြစ်ပါက ၅ မိနစ်ကြာမြှင့်မှာ ဖြစ်ပြီး Negative ဆိုရင် ၁၃ မိနစ်လောက်ကြာမှာ ဖြစ်ပါတယ်။

ဒီကိရိယာဟာ FDA ကခွင့်ပြုလိုက်တဲ့ ဒုတိယမြောက် Point-of-care Test Kit ဖြစ်ကာ Cephid Biotechnology Company ကနေ ပထမဦးဆုံး Test Kit ကိုထုတ်လုပ်ထားပါသေးတယ်။ လာမယ့်တစ်ပတ်ကစပြီး Test Kit ၅ သောင်းထိထုတ်ပေးသွားမယ်လို့ Abbott ကပြောခဲ့ပါတယ်။

90165828_212716063139335_1462378197545910272_n.png

Myanmar ICT Guide

Read times
Rate this item
(1 Vote)