What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 April 2020 09:51

COVID-19 ကြောင့်ထိခိုက်မှုရှိသည့် လုပ်ငန်းများအတွက် လျော့နည်းသက်သာရေးအတွက် Help Desk ဖွဲ့စည်းခြင်း

90251442_832926683874316_4730726126572273664_n.png

 

Coronavirus Disease 2019 ( COVID-19) ကြောင့်ထိခိုက်မှုရှိသည့်လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာရေးအတွက် ချက်ချင်းအရေးယူဆောင်ရွက်ပေးရမည့်ကိစ္စများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် Help Desk ဖွဲ့စည်းခြင်း။

 

လုပ်ငန်းတာဝန်များ

၁။ Help Desk အနေဖြင့် ဆိပ်ကမ်း၊လေဆိပ်၊နယ်စပ်များတွင် ပို့ကုန်၊သွင်းကုန်ဆိုင်ရာ လတ်တလော ဖြစ်ပေါ်နေသည့် အခက်အခဲများကို ချက်ချင်းဖြေရှင်းပေးရန်နှင့် သက်ဆိုင်ရာ အကြီးအကဲများထံ ချက်ချင်းတင်ပြပြီး အဆုံးအဖြတ်ရယူဖြေရှင်းပေးရန်။

 

၂။ ကုန်ကြမ်းများ၊ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုအပါအဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက် လတ်တလောတွေ့ကြုံရသည့် အခက်အခဲများကို ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးရန်။

 

၃။ ပို့ကုန်/သွင်းကုန်များအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်မှုနှင့် Logistics ဆိုင်ရာကိစ္စများတွင် အခက်အခဲများကြုံတွေ့နေရပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းရန်။

 

၄။ အလုပ်သမားဆိုင်ရာ အခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချက်ချင်းချိတ်ဆက်ပြီး ညှိနှိုင်းဖြေရှင်းပေးရန်။

 

၅။ တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များကို ချက်ချင်ဆောင်ရွက်ပေးပြီး ဆောင်ရွက်ပေးနိုင်ခြင်းမရှိက အချိန်နှင့်တစ်ပြေးညီ အထက်ဌာနများသို့ တင်ပြရန်။

 

၆။ နေ့စဉ်ဆောင်ရွက်မှုများကို Coronavirus Disease 2019 ( COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီသို့ အစီရင်ခံတင်ပြရန်။

 

အဖွဲ့၏လုပ်ငန်းတာဝန်များနှင့်ပါတ်သက်သောကိစ္စရပ်များရှိပါက ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်- ဦးမင်းမောင်ဦး

၀၉ ၅၀၁ ၆၀၈၂

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)