What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 April 2020 12:05

တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်

တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက် MOI

90251442_832926683874316_4730726126572273664_n.png

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတို့က ယမန်နေ့နံနက် ၆ နာရီမှ ည ၆ နာရီ အချိန်ထိ တောင်ကြီးမြို့အဝင်ဂိတ်(၄)ဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေး/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်တို့ ပူးပေါင်း၍ တောင်လေးလုံးဂိတ်၊ ဟဲကယ်တိုးဂိတ်၊ ဟိုပုံးတိုးဂိတ်၊ ကျောက်တလုံးကြီး(နောင်ယာဆိုင်းလမ်းဆုံ)တို့က ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပေါ်ရှိ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းများပြုလုပ်ပေးခဲ့ကြပြီး ကားများ၊ ဆိုင်ကယ်များအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ ဂိတ်(၄)ဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့်အဖွဲ့ဝင်များကို ပရဟိတလုပ်ငန်းရှင်များက ဖျော်ရည်၊ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက် ထုပ် များနှင့် အစားအသောက်များ လာရောက်လှူဒါန်းပေးခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတို့တွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများလာရောက် လှူဒါန်း လျက်ရှိပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဂိတ်(၄)ဂိတ်တွင် ယာဉ်(၃၆၆၀)စီးအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခဲ့ကြသည်။ ခရီးသည် အရေအတွက် ကျား(၂၈၅၆)ဦး၊ မ(၁၃၈၇)ဦး၊ ပေါင်း(၄၂၄၃)ဦးတို့ စစ်ဆေးနိုင်ခဲ့ပြီး ပြည်ပ နိုင်ငံမှ ဝင်ရောက်သူဦးရေး ကျား(၃)ဦး၊ မ(၂)ဦး ပေါင်း(၅)ဦးရှိသည်။ တောင်ကြီးမြို့နယ်အတွင်း ပြည်ပမှပြန်လည်ရောက်ရှိလာသူများအား (၁၄) ရက်တာကာလ စောင့်ကြည့်ခြင်းအား Quarantine centre (၁၆၄)နေရာဖွင့်လှစ်ရန် လျာထားပြီး(၁၂၄)နေရာဖွင့်လှစ်နိုင်ခဲ့ရာ ကျား(၅၀၇)၊ မ(၃၆၆)၊ ပေါင်း(၈၇၃)ဦး တင်ပြထားရှိပြီး Quarantine centre ထပ်မံလျာထား(၁)၊ဖွင့်လှစ်(၃) နေရာ ကျား(၉)၊ မ(၁၃)၊ပေါင်း(၂၂)ဦး လက်ခံခဲ့ပြီး စုစုပေါင်း Quarantine centre လျာထား(၁၆၅)နေရာ၊ ဖွင့်လှစ်(၁၂၇)တွင် ကျား (၅၁၆၊ မ(၃၇၉)၊ပေါင်း(၈၉၅)ဦးလက်ခံ ဆောင်ရွက်ထားရှိသည်။

 

အဆိုပါ Quarantine centre နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီမှကြီးကြပ်၍ မြို့ပေါ်၊ရပ်ကွက်/ကျေးရွာအုပ်စုကော်မတီများအနေဖြင့် ကျန်းမာရေး စစ်ဆေးခြင်း၊စောင့်ကြည့်ခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းသိရသည်။

90165828_212716063139335_1462378197545910272_n.png

စိုင်းသန်းကျော်(တောင်ကြီး)

Read times
Rate this item
(1 Vote)