What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 07:10

အသက်ရူစက် ventilator ငယ် ထုတ်လုပ်ရန် မတ် ဇပ်ကာဘတ် ကြေညာအသိပေး

Facebook ထူထောင်သူ မတ် ဇပ်ကာဘတ်နဲ့ သူ့ဇနီးတို့ရဲ့ ကောင်းမှုကုသိုလ်တစ်ခုဖြစ်တဲ့ Chan Zuckerberg Biohub မှ အဖွဲ့သူအဖွဲ့သားတို့က Stanford တက္ကသိုလ် သုတေသနဌာနမှာ ကိုဗစ်လူနာတွေ ရောဂါပြင်းထန်တဲ့အခါ အသက်မရူနိုင်ကြလို့ စက်ကူပေးရတဲ့အခါ သုံးတဲ့ အသက်ရူစက် ventilator ကို တစ်ဦီးတည်းသုံး အရွယ်အစားဖြင့် အမြောက်အမြား အလွယ်တကူ ထုတ်လုပ်နိုင်မယ့် ဒီဇိုင်းကို ကြံဆထုတ်လုပ်ခဲ့ကြတာ ယခုအခါ အောင်မြင်မှု ရရှိကြောင်း ထုတ်ပြန်‌ကြေညာပါတယ်။

 

လေရူစက်အရွယ်အစားက ငယ်တာမို့ လိုအပ်နေတဲ့လူနာကုတင်ဆီ အလွယ်တကူ ယူသွားပြီး တပ်ဆင်သုံးစွဲလို့ ရတဲ့ အားသာချက်ရှိတယ်။ အမေရိကန် ပြည်တွင်းမှာ အရင်စတင်ဖြန့်ချိမှာ ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံတဲ့အခါ တခြားနိုင်ငံတွေထံ တင်ပို့ခွင့် ရရှိမှာ ဖြစ်တယ်လို့ ကြညာချက်မှာ ဖော်ပြထားပါတယ်။

COVID.png


 


 


 

HPD.png

Read times Last modified on Thursday, 16 April 2020 12:31
Rate this item
(0 votes)