What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 April 2020 18:35

16 April 2020 အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ

အာဆီယံတွင် ကိုဗစ်လူနာစုစုပေါင်း 23,000 ကျော်သို့ ရောက်ရှိ ယနေ့ လူနာသစ် 1,000 ကျော် အတည်ပြု

 

စင်ကာပူ (447) သည် အာဆီယံတွင် လူနာသစ်အတည်ပြုခြင်း အများဆုံး ဖြစ်သည်။ အဓိကအကြောင်ရင်းဖြစ်သော ရွှေ့ပြောင်းလုပ်သားများ ပေါင်းစုနေထိုင်သည့် အဆောင်တိုက်တာတွင် cluster အစုအဖွဲ့လိုက် ကူးစက်ခြင်း ဖြစ်ပွားနေသည်ကို လျော့ပါးအောင် ကြိုးပမ်းနေဆဲဖြစ်သည်။ နောက်ထပ်ကူးစက်မှုများ ရှိလိမ့်ဦးမည်ဟု မျှော်လင့်ထားသည်။


အင်ဒိုနီးရှားသည် လူနာသစ် ယမန်နေ့က (85) ဦး ရှိခဲ့ရာမှ ယနေ့ (110) ရှိသည်။ ဆေးစစ်ခြင်းကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်နေခြင်းကြောင့် အတည်ပြုလူနာ ဦးရေ ပိုများသွားသည်ဟု ယူဆရသည်။


ထိုင်းနိုင်ငံတွင် အတည်ပြု လူနာသစ်ဦးရေ ဆက်လက်လျော့ကျနေသည်။ စင်ကာပူပြီးလျှင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ အများဆုံး ဖြစ်ကြသည်။ ၁၀ နိုင်ငံစုစုပေါင်း သေဆုံးသူဦးရေ 1,000 ကျော်သွားပြီ ဖြစ်သည်။ အင်ဒိုနီးရှားတွင် (27) ဦး ထပ်မံသေဆုံးခဲ့သည်။

 

အာဆီယံဒေသတွင် ပြန်နာလန်ထ လူနာ 6,375 ဦး ရှိပြီး ပြန်နာလန်ထ ပျမ်းမျှ ရာခိုင်နှုန်းမှာ 27% ဖြစ်သည်။

WHO 7:00PM GMT+8 16 April 2020

အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 16 April 2020

COVID.png

 

(Zawgyi)

======








 


 


HPD.png


Read times Last modified on Thursday, 16 April 2020 18:45
Rate this item
(1 Vote)