What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 April 2020 22:03

" COVID toes " ကိုရိုနာရောဂါကြောင့် ခြေချောင်းထိပ်တွင် နီမြန်းခြင်း

ကိုရိုနာ ဗိုင်းရစ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်း ဝင်ရောက်တဲ့ အခါမှာ ဖျားနာတာ ၊ လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာတွေပဲလက္ခဏာ ပြတယ်လို့ သင်သိထားမှာပါ ...

 

တကယ်တန်းပြောရရင် အခု ရောဂါရဲ့ လက္ခဏာအသစ်တွေကို ဝေဿနာရှင်များမှ မျှဝေလို့ ထက်မံသိရတာကတော့ ရနံ့ များ ကို မရရှိခြင်း ၊ အမြင်အာရုံ ဝေဝါးခြင်း နဲ့ ခနာကိုယ်အစိတ်အပိုင်းတစ်ချို့ အထိအတွေ့မသိခြင်းစတဲ့ လက္ခဏာတွေပါခံစားရပါတယ်။

 

ဒါ့ထက် နောက်ဆုံး သိရှိရတဲ့ ကိုရိုနာရဲ့ လက္ခဏာ အသစ်ကတော့ ခြေချောင်း ၊ လက်ချောင်း နှင့် နှာခေါင်းထိပ်များ နီမြန်း၊ရောင်ကိုင်းကာ နာကျင်မှု့အနည်းငယ်ရှိတဲ့ " COVID toes " ဆိုတဲ့ ရောဂါလက္ခဏာ တစ်ခုပါ။

 

အသေးစိတ်ဆိုလျှင် " COVID toes က ခရမ်းပုတ်ရောင် ၊ အပြာရောင် ၊ နီမြန်းတဲ့အရောင်ရှိပြီး မီးလောင်ဒဏ်ရာကဲ့သို့ ခံစားမှု့ဆင်သယောင်ရှိပါတယ် " လို့ ပန်စလေဗေးနီးယားရဲ့ ဆေးတက္ကသိုလ် ရှိ ကူးစက်ရောဂါဌာန မှ အမှု့ဆောင်ချုပ် Ebbing Lautenbach က ပြောကြားခဲ့ပါတယ်။

 

ထိုကဲ့သို့ ခြေချောင်းထိပ်တွင် နီမြန်းချင်း လက္ခဏာက ထူးဆန်းပါတယ် ကိုဗစ်ဖြစ်တဲ့ လူနာ တစ်ယောက်ဟာ ထိုသို့ ခြေချောင်းနီမြန်းပါက အခြား ကိုဗစ်ရဲ့ လက္ခဏာတွေဘာမှမပြဘူးလို့သိရပါတယ်။

 

Ebbing ရဲ့ပြောကြားချက်အရဆိုရင် ထိုကဲ့သို့ ခြေချောင်းထိပ်တွင်နီမြန်းခြင်းက ကိုဗစ်ရောဂါရဲ့ ပထမ ဆုံး ရောဂါ ပိုးဝင်ခါစ အဆင့်ဖြစ်ပြီး ဒီ အဆင့်ကို ကျော်ပြီးမှ သင်အခြားအဆင့်တွေဆီရောက်မှာပါ။ဒါ့ကြောင့် ဒီအခြေအနေက သင့်အနေနဲ့ သတိထား စောင့်ကြည့်ရမဲ့ အနေအထားပါပဲ။

 

၁၀ ရက်အတွင်းမှာ ထိုခြေထောက်ထိပ်နီမြန်းခြင်းက ပျောက်သွားမှာဖြစ်ပြီး တချို့ကြတော့ အသက်ရူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေပြပါသတဲ့။

 

ထိုလက္ခဏာဟာ အခြားအရွယ် လူနာများထက် ကလေးလူနာများနဲ့ လူငယ်လူနာများတွင်သာ ပိုပြီး အပြများပါတယ် ဘာကြောင့်ဆိုသော် ကိုဗစ်ရောဂါ ကူးစက်ခံရပြီဆိုပါက ကလေးများနဲ့ လူငယ်များသာ ပျောက်ကင်းဖို့ အလားအလာရှိနေလို့ပဲဖြစ်ပါတယ်။

 

ထိုသို့ ခြေထောက်ထိပ်နီမြန်းခြင်း ( COVID toes ) လက္ခဏာကို ပြီးခဲ့တဲ့ မတ်လထဲက အီတလီမှ ဆရာဝန်တစ်ဦးက သတိထားမိခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ အမေရိက မှာ ဖြစ်ပွါးမှု့နှုန်းများလာတာနှင့်အမျှ ပိုပြီး သတိထားမိလာကြပါတယ်။ထို ခြေထောက်ထိပ်နီမြန်းခြင်း အခြင်းအရာမှာ သွေးကြောမျှင်လေးတွေမှာ သေးငယ်တဲ့သွေးပျစ်ခဲခြင်းကြောင့်ဖြစ်ပွါးတာပါ။

 

တကယ်တန်းကုသမှု့ ကောင်းမွန်စွာ ခံယူပြီး စည်းကမ်းတကျ နေထိုင်မယ်ဆိုပါက ထို ခြေထောက်ထိပ်နီမြန်းခြင်း ( COVID toes ) လက္ခဏာ ရှိတဲ့သူတွေက နောက်တစ်ခါ ထပ်မံ စစ်ဆေးပါက negative ပြနိုင်ဖို့ အလားအလာ အများဆုံးရှိပါတယ်လို့သိရပါတယ်။

 

What are 'COVID toes'? Dermatologists, podiatrists share strange ...

 

<<< Zawgyi >>>

 


-----------------------------------

 


 


 


 


 


 


 


 


 


 


 

Ref : USA Today 

Read times
Rate this item
(0 votes)