What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 April 2018 16:18

မျက်နှာမှာ တင်းတိပ် ဘာကြောင့် ဖြစ်လာရတာလဲ…

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။

Friday, 06 April 2018 13:52

မျက်နှာ အဆီချပုံ အဆင့်ဆင့်

မျက်နှာအဆီချဖို့ တကယ်တော့ သိပ်မခက်ပါဘူး။ အိမ်မှာတင် အလွယ်လုပ်လို့ရတယ်။ ဒါပေမယ့် ကြွေဇွန်းနဲ့ facial lift cream(အဆီတမျိုးမျိုး) ရှိနေဖို့တော့ လိုပါတယ်။

Friday, 06 April 2018 11:43

စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ

မြန်မာနိုင်ငံ ၊ စစ်တွေမြို့တွင် Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်)၊ ခရုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆန်းတမျိုး တွေ့တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းစတင် ဖြစ်ပွားခဲ့တယ်လို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Wednesday, 04 April 2018 17:31

သင်္ကြန်မှာ အပူရှပ်ခြင်း အန္တရာယ်ကင်းဝေးစေရန်

မဟာသင်္ကြန်ကြီးလည်း နီးလာပြီဆိုတော့ အပြင်ထွက်လည်မည့် သူတွေအတွက် အပူရှပ်တဲ့အန္တရာယ်မှ ကင်းဝေးစေရန် ဆောင်ရန်၊ရှောင်ရန် ဗဟုသုတ လေးများကို ဖော်ပြပေးလိုက်ပါတယ်။

Wednesday, 04 April 2018 15:25

နှစ်သစ်သင်္ကြန်မှာ ကျန်းကျန်းမာမာကဲနိုင်ရန်

မြန်မာနှစ်သစ်ကူး သင်္ကြန်ကြီးကလည်း တစထက်တစ နီးကပ်လို့လာနေပါပြီ၊ ရောဂါမှန်သမျှကို သင်္ကြန်ရေနဲ့ထိရင် ပျောက်ကင်းတယ်လို့ ယူဆနေပင်မဲ့

Wednesday, 04 April 2018 14:03

ဆောင်ရန်၊ ရှောင်ရန် Healthy tips များ (၁)

(၁) အကြားအာရုံပိုကောင်းစေသော အစားအစာများ နားအကြားအာရုံကောင်းမွန်စေတဲ့ အစားအစာ တွေက ငှက်ပျောသီး၊ ကန်စွန်းဥ၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနှင့် အခွံမာသီး၊ ကောက်နှံတစ်ခုလုံးပါဝင်သော အစားအစာနှင့် ပင်လယ်စာတို့ဖြစ်ပါတယ်။

Wednesday, 04 April 2018 10:27

FDA မှစစ်ဆေးတွေ့ရှိသည့် တားမြစ်ပစ္စည်းမာကျူရီပါဝင်နေသော အလှကုန်ပစ္စည်း (၂) မျိုး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော အလှကုန်များကို

Tuesday, 03 April 2018 16:56

ခန္ဓာကိုယ်မှာ အာရုံကြောစနစ်တွေ ပျက်စီးနေရင် ပြသောလက္ခဏာ(၆)ချက်

အရွယ်မတိုင်ခင် အာရုံကြောတွေ ပျက်စီးယိုယွင်းနေပြီလားဆိုတဲ့ အချက်ကိုသင်ခန္ဓာကိုယ်က ပြသပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အာရုံကြောပေါင်းထောင်နဲ့ သောင်းနဲ့ချီပြီးရှိနေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းအား လုံးကို ဆက်သွယ်ပေးထားတဲ့ ကြေးနန်းမျှင်လေးတွေလိုပါပဲ။ တချို့အာရုံကြောလေးတွေက ခန္ဓာကိုယ်လှုပ်ရှားဖို့ ဦးနှောက်ကနေတစ်ဆင့်ခန္ဓာကိုယ်ဆီဆက်သွယ်ပေးပါတယ်။ တချို့ကတော့ အပူ၊အအေး၊ နာကျင်မှုတွေကို ခန္ဓာကိုယ်မှတစ်ဆင့် ဦးနှောက်ဆီသတင်းပို့ဆက်သွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှရှိတဲ့ အထိအတွေ့အာရုံစနစ်လေးတစ်ခုပျက်စီးသွားရင်တော့ သူနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းမှာ လက္ခဏာလေးတွေပြပါတယ်။ ဒီတော့ ကိုယ့်အာရုံကြောစနစ်တွေ ကောင်းမွန်တယ်၊ပျက်စီးတယ်ဆိုတာ ဘယ်လိုသိလဲဆိုတာကတော့- (၁) ခြေလက်ထုံကျဉ်မယ်။ အာရုံခံအာရုံကြောစနစ်နဲ့ပတ်သတ်ပြီး ပထမဆုံးပြတဲ့လက္ခဏာကတော့ ခြေလက်တွေထုံကျဉ်လာတာပါ၊ အထူးသဖြင့် ခြေချောင်းလေးတွေ၊ လက်ချောင်းတွေမှာပါ။ မကုသဘဲထားလိုက်မယ်ဆိုရင်တော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ ခြေလက်ထုံကျဉ်တာဟာ ခြေလက်ကို အကြာကြီးဖိထားမိတာ၊ အအေးကိုအချိန်အကြာကြီးကိုင်ထားတာ၊ အထိုင်များလွန်းတာ၊ နဲ့ ဗီတာမင် ဘီ12 (သို့) Magnesium ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (၂) ကိုယ်လက်တွေ နာကျင်မယ်၊ ဦးနှောက်ကို အထိအတွေ့အာရုံသယ်ဆောင်ပေးတဲ့အာရုံခံအာရုံကြော ထိခိုက်မိတဲ့အတွက် ကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါတယ်။ဒီနာကျင်တဲ့ဧရိယာက တဖြည်းဖြည်းနဲ့ ခန္ဒာကိုယ်အနှံ့ပျံ့သွားပြီး ညအိပ်တဲ့အခါပိုပြီးဆိုးရွားစေပါလိမ့်မယ်။ အာရုံကြောစနစ်ပျက်စီးတာမဟုတ်ပဲဆီးချို၊ ဗီတာမင် B12 ချို့တဲ့တာကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါသေးတယ်။ (၃) ကြွက်သားအားနည်းမယ်၊ ခန္ဓာကိုယ်မှာ ရွေ့လျားနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ အာရုံကြောစနစ်လေးတွေပျက်စီးလာတဲ့အခါမှာ ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာတာကြောင့် ကြွက်သားတွေအားနည်းတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ (၄) ကြွက်တတ်မယ်၊ အာရုံကြောအားနည်းတဲ့ အခါမျိုးတွေမှာ ကြွက်တတ်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။ တခါတရံကြွက်တတ်တဲ့အတွက် အာရုံကြောလေးတွေကိုပါ ဆွဲသလိုဖြစ်စေပြီး ပိုပျက်စီးစေနိုင်ပါတယ်၊ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်မိတာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ သတ္တုဓာတ်ချို့တဲ့ တာကြောင့်လည်း ကြွက်တတ်နိုင်ပါတယ်။ (၅) ဆီးခဏခဏသွားမယ်၊ ဆီးစနစ်ကောင်းဖို့အတွက် ကြွက်သားနဲ့ အာရုံကြောတွေစုပေါင်းပြီး လုပ်ဆောင်ရတာပါ။ သို့သော် ဆီးစနစ်ပျက်စီးသွားတဲ့အခါမှာတေ့ာ ဆီးမကြာမကြာသွားချင်စိတ်ဖြစ်ပေါ်စေပါတယ်။ (၆) ခေါင်းအရမ်းကိုက်မယ်၊ မကြာမကြာခေါင်းအပြင်းအထန်ကိုက်တာ ၊ ဓာတ်လိုက်သလိုကျဉ်ကနဲ၊ ကျဉ်ကနဲ ခံစားရတာတွေက အာရုံကြောစနစ်ပျက်စီးနေတဲ့ လက္ခဏာတွေပါ။ Pann Chit Thu

Tuesday, 03 April 2018 15:00

မျက်ကပ်မှန်တတ်သူများ ဂရုပြုရမည့် အချက်( ၅) ချက်

မျက်ကပ်မှန်တတ်ခြင်းဟာ အခုခေတ်မှာ ဖက်ရှင်တစ်ခုအနေနဲ့ တော်တော်ခေတ်စားလာနေပါပြီ။ တပ်လိုက်ရင်လှတယ်ဆိုပေမဲ့ စနစ်တကျအသုံးမပြုတတ်ရင်တော့ မျက်လုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။