What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 April 2018 17:31

သင်္ကြန်မှာ အပူရှပ်ခြင်း အန္တရာယ်ကင်းဝေးစေရန်

သင်္ကြန်မှာ အပူရှပ်ခြင်း အန္တရာယ်ကင်းဝေးစေရန် google.com

မဟာသင်္ကြန်ကြီးလည်း နီးလာပြီဆိုတော့ အပြင်ထွက်လည်မည့် သူတွေအတွက် အပူရှပ်တဲ့အန္တရာယ်မှ ကင်းဝေးစေရန် ဆောင်ရန်၊ရှောင်ရန် ဗဟုသုတ လေးများကို ဖော်ပြပေးလိုက်ပါတယ်။

အပူရှပ်တဲ့သူတစ်ယောက်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထက်မြင့်မားလာပြီး သတိလစ်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။ အရေးပေါ်ဆေး ကုသမှုမခံယူပါက ဦးနှောက် ၊ နှလုံး၊ကြွက်သား၊ ကျောက်ကပ် များ ပျက်စီးကာ အသက်အန္တရာယ် ဆုံးရှုံးသည်အထိဖြစ်ပေါ်စေနိုင်သည် ။

ပုံမှန်ခန္ဓာကိုယ်အပူချိန်သည်၉၈ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်သည်၁၀၄-၁၀၆ ဒီဂရီဖာရင်ဟိုက်အထိတက်သွားလျှင် အပူချိန်မထိန်းညှိနိုင်တော့ ဘဲ အပူလျှပ်ခြင်း (Heat Stroke) အဆင့်သို့ေ ရာက်ရှိသွား နိုင်သည် ။ ‘‘Heat Stroke ကတော့ နောက်ဆုံးအဆင့်ပဲ။ ဆေးရုံရောက်တဲ့ အဆင့် ပါ။ ချွေးလုံးဝ မထွက်တော့ ဘူး။ အပူဒဏ်ခံနိုင်တဲ့  စနစ် ပျက်စီးသွားပါတယ်။

ခန္ဓာကိုယ်အပူချိန်၁၀၅ ဒီဂရီကျော်လွန်ပါက ပျို့ချင် ၊ အန်ချင်သလိုဖြစ်ပေါ်ခြ င်း၊ ယင်းအချိန်တွင်ဗဟိုအာရုံကြောစနစ် ပျက်သွားကာ သတိလစ်ချင်သလိုဖြစ်ပေါ်ခြင်း၊ စူးခနဲနေအောင်ခေါင်းကိုက်ခြင်း၊ ပြီးလျှ င်ခေါင်းမူးခြင်း၊ လူက ပူနေသော် လည်း ချွေးလုံးဝ မထွက်ခြင်း၊ အရေပြားများနီရဲ ခြောက်သွေ့ခြင်း၊ ကြွက်သားနာ ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသ က်ရှူမြန်ခြင်းနှင့်သတိလစ်ခြင်းအပြင်တစ်ခါတစ်ရံတက်ခြင်းမျိုး ဖြစ်ပေါ်နို င်သည် ။

ပူလာပြီဆိုရင်ခန္ဓာကိုယ်ကနေလိုက်ပြီး ချွေး ထွက်ပေးရမယ် ။ လိုက်ညှိပေးတာ ပေါ့။ ညှိလို့မရတဲ့  အခြေအနေဖြစ်သွားတဲ့ အချိန် ဘာဖြစ်သွားလဲဆိုတော့ ချွေးထွက်တာ လျော့နည်း သွားတယ် ။ ချွေးလုံးဝ မထွက်ဘူး။ နောက်သတိမေ့မြောတယ် ။ မှိန်း တယ် ။ ကယောင်ကတမ်းဖြ စ်တယ် ။ အာရုံချောက်ချားတယ် ။ အသက်ရှူတွေမြန်လာတယ် ။ နှလုံးခုန်နှု န်းတွေ မြန်လာတယ် ။ အဲဒီအခါမှာ သေချာကုသမှုမခံယူဘူးဆိုရင်တချို့ေ တွဆိုအသက်သေဆုံးတဲ့အထိ ဖြစ်ပွှားနိုင်ပါတယ်။

အသက်အရွယ်ကြီးမြင့်သူများ၊ ကလေးငယ် များ၊ အအေးပိုင်းဇုန်မှလာသည့် နိုင်ငံခြားသားခရီး သွားများ၊ ကိုယ်ကာယလှုပ်ရှား အားကစားသမား များ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများ၊ စိတ်ရောဂါ ဆေးဝါးသုံးစွဲနေရသူများ၊ အဝလွန်သူများနှင့် Heat Stroke ရောဂါဖြစ်ဖူးသူများသည် ရောဂါဖြစ်ပွားနှုန်းမြင့်မားနိုင်သောကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

နံနက် ၁၀ နာရီမှ ညနေ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ၊ အရိပ်ရသော နေရာများတွင် နေထိုင်ခြင်း၊ အပြင်ထွက်ချိန်တွင် ဦးထုပ်၊ နေပူဒဏ်ကာကွယ်သော ပစ္စည်းမျာ ဝတ်ဆင်ပါ၊ ရေများများသောက်ပါ၊ သစ်သီးဖျော်ရည်နှင့် ဓာတ်ဆားရည်များ သောက်ပေးရမည်ဖြစ်ပါတယ်။

အပူဒဏ်ကြောင့် ကြွက်တတ်ခြင်း၊ ကိုယ်အပူချိန်တတ်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့ အမြန်ဆုံး သွားရောက်ပြသ ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

Source: 7 Daily news

Read: နှစ်သစ်သင်္ကြန်မှာ ကျန်းကျန်းမာမာကဲနိုင်ရန်

နှစ်သစ်သင်္ကြန်မှာ ကျန်းကျန်းမာမာကဲနိုင်ရန်

Read times
Rate this item
(0 votes)