What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 May 2018 14:02

တပတ်အတွင်း တင်းရင်းလှပတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့

တပတ်အတွင်း တင်းရင်းလှပတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့ google.com

အလုပ်တာဝန်တွေ ဆက်တိုက်ပင်ပန်းလာတဲ့အခါ မျက်နာမှာ ပင်ပန်းတဲ့ဒဏ်က အရမ်းပေါ်လွင်ပါတယ်။ မျက်ကွင်းတွေ ချိုင့်လာမယ်၊ မျက်နာလေးက ချောင်ကျသွားတယ်လေ။ အဲ့ဒီလို ဖြစ်ပြီဆိုရင် အသက်ငယ်ငယ်ရွယ် ရွယ်နဲ့ အိုမင်းရင့်ရော်နေသလို ခံစားရမှာပါ။

တချို့လူတွေဆိုရင် မျက်နာပြည့်ပြည့်ဖောင်းဖောင်းလေး လိုချင်လို့ Filler ထိုးတာတွေ၊ဘာတွေလုပ်ကြပါတယ်။ နည်းပညာတွေဘယ်လောက်ပဲကောင်းကောင်း ဘေးထွက်ဆိုးကျိုးဆိုတာရှိမှာပဲလေ။

ဒါကြောင့် မျက်နာချောင်ကျလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် တပတ်အတွင်း မျက်နာပြည့်ပြည့်တင်းတင်း လေးဖြစ်လာစေဖို့ သဘာဝနည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကာဗိုဟိုက်ဒရိုက်ပါဝင်တဲ့ အစားအစာများ

Related image

ကာဗွန်ဟိုက်ဒရိုက်ပါတဲ့ အစားအစာတွေက အသားအရေကို ပြည့်တင်းလာစေနိုင်ပါတယ်။ ပေါင်မုန့်၊ ထမင်း၊ ပါစတာ၊ ထောပတ် စတာတွေ က ကာဗိုဟိုက်ဒရိုက်ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် အသားအရေကို ပြည့်တင်းစေပါတယ်။

(၂) ပါးနစ်ဖက်ကို ဆွဲပေးပါ။

Image result for your cheek pull myself your hand

ကလေးလေးတွေ ငယ်ငယ်က ချစ်ဖို့ကောင်းလို့ ပါးဆွဲရင် ပါးလေးတွေဖောင်းလာကြပါတယ်။ ဒီနည်းအတိုင်းပဲ မိမိပါးနှစ်ဖက်ကို ဆွဲပေးပါ။ မျက်နာကြွက်သားများနဲ့ ဆဲလ်များကို ကျန်းမာစေပြီး သွေးလည်ပတ်မှု ကောင်းစေတယ်တဲ့။ ပါးလေးတွေဆွဲပေးတာက မျက်နာပြည့်ပြည့်ဖောင်းဖောင်းလေး ပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းတစ်မျိုးလိုပါပဲ၊

(၃) အစိုဓာတ် ဖြည့်တင်းပေးပါ။

အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ လာဗင်ဒါပန်းအဆီ (သို့) သံလွင်ဆီကို မျက်နှာတစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ မျက်နာပေါ်က ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် သဘာဝနည်းလေးတစ်ခုပါ။

(၄) ဆေးလိပ်၊ အရက်သောက်ခြင်း ရှောင်ပါ။

Image result for don't smooking

သဘာဝအတိုင်းပါးပြည့်ပြည့်ဖောင်းဖောင်းလေး လိုချင်တယ်ဆိုရင်တော့ ဆေးလိပ်၊ အရက်သောက်တတ်တဲ့ အကျင့်ကို ဖျောက်ပါ။ ဆေးလိပ်သောက်ခြင်းက အသားအရေကို ခြောက်သွေ့စေပြီး အယ်လ်ကိုဟောပါဝင်တဲ့ အရာများက အသားအရေကို လျော့ရွဲ တွဲကျစေပါတယ်။ အသားအရေလေး တင်းတင်းရင်းရင်း မရတော့ပုပေါ့။

(၅) မိတ်ကပ်ဖျက်ပြီးမှ အိပ်ပါ။

Related image

မိတ်ကပ်လိမ်းတတ်တဲ့ မိန်းခလေးတွေအတွက် တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ်ကို စင်ကြယ်စွာဆေးကြောပြီးမှ အိပ်ယာဝင်သင့်ပါတယ်။ မိတ်ကပ်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေကြောင့် အသားအရေကို အရွယ်မတိုင်ခင် တွန့်စေပြီး တင်းရင်းမှုမရှိစေပါဘူး။ ဒါကြောင့် အိပ်ယာမဝင်ခင်တိုင်း မိတ်ကပ်ဖျက်ပြီးမှ အိပ်သင့်ပါတယ်။

 Read: အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ

အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ

Read times Last modified on Monday, 14 May 2018 15:24
Rate this item
(1 Vote)