What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 June 2019 17:13

အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်

အာရှနိုင်ငံတွေမှာ ပေါပေါများများ တွေ့ရတတ်တဲ့ မြင်းခွာရွက်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိသလို အသားအရေအလှအပအတွက်လည်း များစွာ အသုံးတည့်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မြင်းခွာရွက်ရဲ့ အသားအရေအလှအပအတွက် အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်

မြင်းခွာရွက်ဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်တဲ့ Collagen ထုတ်လွှတ်မှုကို မြင့်တက်စေနိုင်ပါတယ်။ ကြိတ်ထားတဲ့ မြင်းခွာရွက်အရည်နဲ့ အသားအရေကို လိမ်းကျံပေးတာမျိုးနဲ့ မြင်းခွာရွက်စားသုံးပေးခြင်းတို့က အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်းတွေကို တားဆီးကာကွယ်ပေးနိုင်မှာပါ။

 

အသားအရေကို ကြည်လင်ချောမွေ့စေတယ်

မြင်းခွာရွက်မှာ Antioxidant Saponin ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြည်တင်းရင်းစေပြီး အစက်အပြောက်တွေ၊ အသားအရေ အရောင်မညီညာတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အသားအရေ ညစ်ညမ်းမှုတွေကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်က အကြောပြတ်ရာတွေပေါ်မှာ မြင်းခွာရွက်အရည် လိမ်းကျံပေးခြင်းအားဖြင့်လည်း မှေးမှိန် ပျောက်ကွယ်သွားစေနိုင်ပါတယ်။

Read More : အာရုံကြော အားကောင်းဆေးအဖြစ် အသုံးပြုလာတဲ့ ပဲကောသီးပင်

အာရုံကြော အားကောင်းဆေးအဖြစ် အသုံးပြုလာတဲ့ ပဲကောသီးပင် (နှစ် ၁ဝဝ သီး)

 

အရေပြားနီရဲရောင်ရမ်းခြင်းကို သက်သာစေတယ်

အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့ အသားအရေ နီမြန်းရောင်ရမ်းခြင်းတွေကို ကြိတ်ချေထားတဲ့ မြင်းခွာရွက်အရည် လိမ်းကျံပေးခြင်းအားဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

 

ဝက်ခြံတွေကို ကာကွယ်ကုသပေးနိုင်တယ်

အရေပြားကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်များတဲ့ ဝက်ခြံဖြစ်ပေါ်ခြင်းကို မြင်းခွာရွက်အရည် လိမ်းကျံပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ မြင်းခွာရွက်ဟာ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး အနာကျက်မြန်စေတာကြောင့် နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

 

Source : irrawaddy

Read times
Rate this item
(0 votes)