What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 11:39

အမည်းစက်လေးတွေကို သုံးရက်အတွင်း ဖယ်ရှားလိုက်ရအောင်

အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ နေရောင်ခြည်ထိတွေ့မှု များလို့ဖြစ်ဖြစ်၊ သွေးသား ဟော်မုန်းပြောင်းလဲလို့ဖြစ်ဖြစ် မျက်နှာပေါ်မှာ ထင်ဟပ်လာတဲ့ အမည်းစက်တွေက အလှဖျက်တဲ့ ရန်သူတွေပါ။

မျက်နှာမှာ အမည်းစက်တွေထင်လာလို့ ကိုယ့်အလှတရားအပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလား။

 

ဒီအတွက် ပူပင်နေရသူတွေအတွက် ၃ရက်အတွင်း အိုကေမှာ စိုပြေစေမယ့် နည်းကောင်းလေးရှိတယ်နော်။ ဒီနည်းလေးတွေအတွက်တော့ အာလူး၊ သံပရာ၊ ရေခဲတုံးလေးတွေပဲ လိုပါတယ်။

 

၁။ ညိုမည်းနေတာတွေကို အရောင်ဖျော့သွားစေနိုင်စွမ်းရှိတဲ့ အာလူးအနေတော်တစ်လုံးကို အခွံခွာပြီး အတုံးသေးလေးတွေ တုံးထားပါ။

 

၂။ အသားအရေပေါ်က ကြေး(ဂျီး) တွေကို ဖယ်ရှားပေးပြီး အသားအရေ ဖြူစင်တောက်ပစေတဲ့ သံပရာသီးတစ်လုံးကို အရည်ညှစ်ယူထားပါ။

 

၃။ ပြီးရင် အာလူးကို အာလူးအနှစ်ရည်ရအောင် Blender နဲ့ ကျိတ်ပါ။

 

တိုင်းရင်းဆေးဝါး ထ/လ လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

eth_tradmedicine208291.jpg

၄။ ရလာတဲ့ အာလူးအနှစ်ရည်ထဲကို သံပရာရည်ရောပြီး နှံအောင်မွှေကာ ရေခဲတုံးလုပ်မယ့် ပုံစံခွက်ငယ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ၆နာရီခန့် အအေးခံပါ။

 

၅။ ၆နာရီကျော်တဲ့အခါ ရလာတဲ့ ရေခဲတုံးလေးကို မျက်နှာပေါ်က အမည်းစက်တွေအပေါ် ဖြည်းဖြည်းညင်သာ ပွတ်ပေးပါ။

 

ပွတ်ပြီးရင် ခဏထားပြီး ရေအေးအေးနဲ့ မျက်နှာကို စင်အောင်ဆေးကြောပြီး လိမ်းနေကျ Moisturizer ကို လိမ်းပေးလိုက်နော်။ နေ့စဉ်မှန်မှန်လုပ်ပေးရင် ထိရောက်မြန်ဆန်တဲ့ရလဒ်ကို တွေ့ရမှာပါ။

 

(Zawgyi)

----------

အမည္းစက္ေလးေတြကို သံုးရက္အတြင္း ဖယ္႐ွားလိုက္ရေအာင္

 

အသက္အရြယ္ေၾကာင့္ျဖစ္ျဖစ္၊ ေနေရာင္ျခည္ထိေတြ႔မႈ မ်ားလို႔ျဖစ္ျဖစ္၊ ေသြးသား ေဟာ္မုန္းေျပာင္းလဲလို႔ျဖစ္ျဖစ္ မ်က္ႏွာေပၚမွာ ထင္ဟပ္လာတဲ့ အမည္းစက္ေတြက အလွဖ်က္တဲ့ ရန္သူေတြပါ။ မ်က္ႏွာမွာ အမည္းစက္ေတြထင္လာလို႔ ကိုယ့္အလွတရားအေပၚ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနၿပီလား။ ဒီအတြက္ ပူပင္ေနရသူေတြအတြက္ ၃ရက္အတြင္း အိုေကမွာ စိုေျပေစမယ့္ နည္းေကာင္းေလး႐ွိတယ္ေနာ္။ ဒီနည္းေလးေတြအတြက္ေတာ့ အာလူး၊ သံပရာ၊ ေရခဲတံုးေလးေတြပဲ လိုပါတယ္။

 

၁။ ညိဳမည္းေနတာေတြကို အေရာင္ေဖ်ာ့သြားေစႏိုင္စြမ္း႐ွိတဲ့ အာလူးအေနေတာ္တစ္လံုးကို အခြံခြာၿပီး အတံုးေသးေလးေတြ တံုးထားပါ။

 

၂။ အသားအေရေပၚက ေၾကး(ဂ်ီး) ေတြကို ဖယ္႐ွားေပးၿပီး အသားအေရ ျဖဴစင္ေတာက္ပေစတဲ့ သံပရာသီးတစ္လံုးကို အရည္ညႇစ္ယူထားပါ။

 

၃။ ၿပီးရင္ အာလူးကို အာလူးအႏွစ္ရည္ရေအာင္ Blender နဲ႔ က်ိတ္ပါ။

 

တိုင္းရင္းေဆးဝါး ထ/လ လုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

eth_tradmedicine208291.jpg

 

၄။ ရလာတဲ့ အာလူးအႏွစ္ရည္ထဲကို သံပရာရည္ေရာၿပီး ႏွံေအာင္ေမႊကာ ေရခဲတံုးလုပ္မယ့္ ပံုစံခြက္ငယ္ထဲထည့္ကာ ေရခဲေသတၱာထဲမွာ ၆နာရီခန္႔ အေအးခံပါ။

 

၅။ ၆နာရီေက်ာ္တဲ့အခါ ရလာတဲ့ ေရခဲတံုးေလးကို မ်က္ႏွာေပၚက အမည္းစက္ေတြအေပၚ ျဖည္းျဖည္းညင္သာ ပြတ္ေပးပါ။

 

ပြတ္ၿပီးရင္ ခဏထားၿပီး ေရေအးေအးနဲ႔ မ်က္ႏွာကို စင္ေအာင္ေဆးေၾကာၿပီး လိမ္းေနက် Moisturizer ကို လိမ္းေပးလိုက္ေနာ္။ ေန႔စဥ္မွန္မွန္လုပ္ေပးရင္ ထိေရာက္ျမန္ဆန္တဲ့ရလဒ္ကို ေတြ႕ရမွာပါ။

Read times Last modified on Friday, 07 February 2020 15:56
Rate this item
(0 votes)