What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 April 2018 14:29

သံဓာတ်ချို့တဲ့မှုနဲ့ပတ်သတ်၍ လွဲမှားနေသော အယူအဆ (၄) ချက်

သံဓာတ်ချို့တဲ့မှုနဲ့ပတ်သတ်၍ လွဲမှားနေသော အယူအဆ (၄) ချက် google.com

မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် ၅ ယောက်တွင် ၂ ယောက်လောက်ဟာ သံဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းရောဂါကို ခံစားနေကြရပါတယ်။

ဒီရောဂါဟာ ပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရသည် အထိ ဖြစ်ပွားနိုင်ပြီး ကာကွယ်ရန်နည်းလမ်းမှာ သံဓာတ်ကြွယ်ဝသည့်အစားအစာများကို စားသုံးခြင်းဖြင့်လွယ်ကူစွာ တိုက်ဖျက်နိုင်ပါတယ်။

ဒါပေမဲ့ သံဓာတ်ချို့တဲ့ခြင်း၏ လက္ခဏာရပ်များကို ခွဲခြားသတ်မှတ်ခြင်းနှင့် လိုအပ်သော ကာကွယ်မှု များ ပြုလုပ်ရာတွင် အယူအဆအလွဲများရှိနေခြင်းတို့ကြောင့် မဖြစ်သင့်တဲ့ ပြဿနာများဖြစ်လာရတာပါ။

သံဓာတ်ချိုတဲ့သွေးအားနည်းရောဂါ၏ လက္ခဏာများကို လူနာ၏အနီးပတ်ဝန်းကျင်၊ မိသားစုများက သတိမပြုမိကြပါဘူး၊ သံဓာတ်အားနည်းခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်လက်ညောင်း ညာကိုက်ခဲခြင်းတို့ကိုလည်း ပေါ့ပေါ့တန်တန်ထင်နေတတ်ကြပါတယ်။ ဒီလိုသံဓာတ်ချို့တဲ့သွေးအားနည်းရော ဂါ၏ ပတ်သတ်တဲ့ ဗဟုသုတအလွန်အားနည်းလို့ ရောဂါအားပိုမိုဆိုးရွားစေတာပါ။

ဒါကြောင့် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ၏ လူအများသိထားတဲ့ အယူအဆအလွဲများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သက်သက်လွတ်အသီးအရွက်စားသုံးသူများ သံဓာတ်ချို့တဲ့နိုင်ခြေပိုများ

နေ့စဉ်စားသုံးမှုပုံစံထဲကနေ အသား၊ ငါးကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သံဓာတ်ချို့တဲ့နိုင်နေပါပြီ၊ ဒါပေမဲ့သံဓာတ်ကြွယ်ဝတဲ့အသီးအရွက်များစွာရှိသည့်အတွက် သေချာရွေးချယ်စားသုံးမယ်ဆိုရင်တော့ ဆိုးဆိုးရွားရွားမဖြစ်စေနိုင်ပါဘူး။

(၂) ကျန်းမာရေးနှင့်အညီစားသုံးခြင်းက သံဓာတ်ချို့တဲ့ရောဂါ မဖြစ်နိုင်

သင့်အနေဖြင့် ဘယ်လောက်ပဲသံဓာတ်ကြွယ်ဝသည့် အစားအစာများကိုစားနေသည့်ဖြစ်စေ ခန္ဓာကိုယ်အတွင်းမှ သံဓာတ်အားစုပ်ယူနိုင်မှုကသာ အဓိကကျပါတယ်။ ဗီတာမင်စီကြွယ်ဝသည့် အစားအစာကို စားသုံးပေးခြင်းက သာလျှင် သံဓာတ်စုပ်ယူမှုကို ၅ ဆပိုမိုအားကောင်းစေမည်ဖြစ်တယ်။ မြန်မာလူမျိုးအများစုသည် ထမင်းကို လက်ဖက်သုပ်တပွဲနဲ့တင် စားနိုင်ကြသော်လည်း လက်ဖက်(သို့) ကော်ဖီသောက်သုံးခြင်းသည် ခန္ဓာကိုယ်အတွင်းမှ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါဟာ မှန်ကန်တဲ့စားသောက်မှ ပုံစံမဟုတ်ပါဘူး။ လက်ဖက်နှင့်ကော်ဖီကို ထမင်းစားပြီး ၁ နာရီလောက်မှသာ စားပေးသင့်ပါတယ်။

(၃) သံဓာတ်ချို့တဲ့ခြင်းလက္ခဏာများ မပေါ်သေး၍ ကျန်းမာရေးကောင်းမွန်သည်ဟုထင်

သံဓာတ်ပမာဏနည်းပါးလွန်းခြင်းသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်ယိုယွင်းစေသော်လည်း အစပိုင်းမှာတော့ ရောဂါလက္ခဏာတွေမပေါ်သေးပါဘူး။ ထို့အတူ သံဓာတ်ချို့တဲ့မှုခံစားနေရသည့် လူနာအနေနဲ့လည်း အစပိုင်းမှာတော့ ရောဂါလက္ခဏာများ ခံစားရမည်မဟုချေ။ဒါကြောင့် ရောဂါအခြေအနေဆိုးမှ ဆရာဝန်ဆီသွားတာထက်စာရန် မိမိခန္ဓာကိုယ်မှာ မူမမှန်မှုတခုခုခံစားရပါက သွားသင့်ပါတယ်။

(၄) ကလေးတွေနဲ့ အမျိုးသမီးတွေပဲ သံဓာတ်ချို့တဲ့မှုဖြစ်ပွားနိုင်သည်

တကယ်တော့ မည်သည့်အသက်အရွယ်မရွေး သံဓာတ်ချို့တဲ့မှုရောဂါခံစားရနိုင်ပါတယ်။ အထူးသဖြင့်ကလေးငယ်များ၊ ကြီးထွားချိန်၊မိခင်များ နို့တိုက်ကျွေးသည့်အချိန်နှင့် သက်ကြီးရွယ်အိုများတွင် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ပွားနိုင်ပါတယ်။ ချွမ်းချက်အနေနဲ့ အာဟာရကို လုံလောက်စွာ ဖြည့်တင်းစားသုံးပေးခြင်းမရှိပါကလည်း ရောဂါခံစားရနိုင်ပါတယ်။

ဒါကြောင့် လူတိုင်းအာဟာရစုံလင်စွာ စားသုံးခြင်းဖြင့် အာဟာရအဆင့်အတန်းကို မြင့်တင်ခြင်း၊ ၊ သံဓာတ်ချို့တဲ့မှုကို တိုက်ဖျက်ကြပါစို့။

Source: Dr khin mar cho

Read: လိင်တူချစ်သူများအတွက် ကျန်းမာရေးဗဟုသုတများ

လိင်တူချစ်သူများအတွက် ကျန်းမာရေးဗဟုသုတများ

Read times Last modified on Friday, 27 April 2018 17:55
Rate this item
(0 votes)