What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 12 January 2022 09:57

မျည်ရည်ဘာကြောင့်ကျရတယ်???

မျည်ရည်ဘာကြောင့်ကျရတယ်??? မျက်ရည်များကို လက်ခ်ရီမာဂလင်း (Lacrima Gland) မှ ထုတ်ပေးသည်။ လက်ခ်ရီမာသည် လက်တင်ဝေါဟာရအရ မျက်ရည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းဂလင်းသည် မျက်ခုံးအောက်ဘက်တွင်ရှိသည့် မျက်လုံး၏ အပေါ်တွင် တည်ရှိသည်။ လူသားတို့၏ မျက်ရည်များမှ ဘေဆယ်မျက်ရည် (Basal Tears)၊ တုံ့ပြန်မျက်ရည် (Reflex Tears) နှင့် စိတ်ခံစားမှုကြောင့်ကျရသည့်မျက်ရည် (Emotional Tears) ဟု ပုံစံသုံးမျိုးဖြင့် တွေ့မြင်နိုင်သည်။   ** ဘေဆယ်မျက်ရသည် မျက်လုံးကို အဆီဓာတ်ဖြည့်ပေးသည်။ ** တုံ့ပြန်မျက်ရသည်သည် ပြင်ပမှ မီးခိုးများ၊ ဖုန်မှုန့်များ မျက်လုံးအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ယားယံကျိန်းစပ်ခြင်းခံစားရကာ ထွက်လာသည့် မျက်ရည်ဖြစ်သည်။** စိတ်ခံစားမှုကြောင့်ကျသည့်မျက်ရည်သည် ဝမ်းနည်းပူဆွေးဖွယ်ရာများနှင့် တွေ့ကြုံရသည့်အခါဖြစ်စေ၊ ဝမ်းသာပျော်ရွှင်စရာများကြောင့် အပျော်လွန်သည့်အခါဖြစ်စေ စီးကျလာသည့် မျက်ရည်ဖြစ်သည်။   မျက်ရည်အားလုံးတွင် အဆီရောယှက်နေသောဆားရည်၊ ရောဂါကိုကာကွယ်ပေးသည့် ပဋိပစ္စည်းနှင့် အင်ဇိုင်းများ ပါဝင်သည်။ သို့ရာတွင် မျက်ရည်အမျိုးအစားကိုလိုက်၍ ပါဝင်သည့် မော်လီကျူးများ မတူညီကြပါ။ ဥပမာအားဖြင့် စိတ်ခံစားမှုကြောင့် ကျဆင်းသည့် မျက်ရည်တွင် ပရိုတင်းကိုအခြေခံသည့် ဟောမုန်းဖြစ်သည့် လီယူဆင်း-အန်ကက်ဖာလင် (Leucine-Enkephalin) ပါဝင်သည်။ ၎င်းသည် ခန္ဓာကိုယ်စိတ်ဖိစီးမှု ခံစားရသည့်အခါ သဘာဝအလျာက်ထုတ်လွှတ်ပေးပြီး ခံစားရသည့် နာကျင်မှုကို သက်သာစေသည့် အရည်ဖြစ်သည်။ ကြက်သွန်လှီးဖြတ်သည့်အခါ မျက်ရည်ကျခြင်းကြက်သွန်နီကိုလှီးဖြတ်စဉ် မျက်ရည်ကျရခြင်းမှာ ကြက်သွန်နီမှထွက်သည့် လက်ချရီမေသိုရီဖက်တာဆင်းသေးစ် (Lachrymatory Factor Synthase) ဒြပ်ပေါင်းကြောင့်ဖြစ်သည်။ ကြက်သွန်နီကို မလှီးဖြတ်မီ ရေခဲသေတ္တာထဲတွင် အအေးခံထားခြင်း၊ ဓားထက်ထက်ကိုအသုံးပြုခြင်းအားဖြင့် အဆိုပါဒြပ်ပေါင်းထွက်ရှိမှုကို လျော့နည်းစေနိုင်သည်။ မျက်ရည်ဘယ်ကစ ဖြစ်ပေါ်လာသလဲရာစုများစွာက မျက်ရည်သည် လူသားများ၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသည်ဟု ထင်ကြသည်။ ရှေးကျသည့် လေ့လာမှုများအရ စိတ်နှလုံးသား ပျော့ညံ့မှုကြောင့် မျက်ရည်များ ထွက်ကျသည်ဟု ဆိုထားသည်။ အလယ်ခေတ်တွင် ယောကျ်ားများ ငိုကြွေးကြသည်ကို အပြစ်မမြင်ဘဲ ကောင်းသည်ဟု လက်သင့်ခံကြသည်။ အင်ဂလိုဆေမွန် (Anglo Saxmon) ကဗျာတွင် ဘီအော်ဖ် (Beowulf) ကို နဂါးက သတ်လိုက်သောကြောင့် ဘီအော်ဖ်၏ နောက်လိုက်စစ်သည်များသည် ၎င်းတို့၏ အရှင်သခင် ကွယ်လွန်ခြင်းအတွက် ဖြေသိမ့်မရအောင်ဖြစ်ပြီး ဝမ်းနည်းပက်လက် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးခဲ့ကြသည်။ ဘုရင်အာသာ (Arthur) ကိုလည်း ငိုယိုတတ်သူအဖြစ် လူသိများသည်။   ငိုယိုခြင်းက ကောင်းသည်ဟုဆိုသော်လည်းငိုယိုခြင်းသည် သင့်အတွက်ကောင်းသည်ဟု ဆိုနိုင်သည်။အချို့သောလေ့လာတွေ့ရှိမှုများမှ ဖော်ပြထားသည်မှာ ငိုယိုသည့်အခါတွင် အောက်စီတိုဆင် (Oxytocin) နှင့် အင်ဒေါ်ဖင်စ် (Indorphins) ဒြပ်ပေါင်းများ ထွက်ရှိစေသည့်အတွက် စိတ်သက်သာရာရစေသည်ဟု ဖော်ပြထားသည်။ အခြားသော လေ့လာတွေ့ရှိမှုတစ်ခုမှာ ယေဘုယျအားဖြင့် အငိုလွယ်သူများ၊ ထစ်ခနဲဆိုငိုယိုတတ်သူများသည် ရုပ်ရှင်ကြည့်နေစဉ်အတောအတြင်း အငိုမလွယ်သူများထက် ပိုမို၍ ငိုယိုကြပြီးနောက် ဆိုးဆိုးဝါးဝါး ခံစားကြသည်ကို တွေ့ရှိရသည်။   ငိုယိုသည့်အခါတိုင်း အဘယ်ကြောင့် နှာရည်ကျရသနည်း။ငိုယိုသည့်အခါတိုင်း နှာရည်ကျသည်မှာ အံ့သြစရာကောင်းသည်။ မျက်ရည်ဂလင်း (Lacrimal Gland) မှ အလျှံပယ်ထုတ်လွှတ်လိုက်သည့် မျက်ရည်များသည် မျက်ရည်ပြွန်ထဲသို့ စီးဝင်ကာ ထိုမှတဆင့် နှာခေါင်းပေါက်ထဲသို့စီးဝင်ပြီး နှာခေါင်းအတွင်းရှိ အချွဲနှင့်ရောယှက်ကာ နှာရည်အဖြစ် ထွက်ကျလာရခြင်းဖြစ်သည်။   မျက်ရည်ယိုဓာတ်ငွေ့1980 ပြည့်နှစ်ကျော်ခန့်တွင် အီရတ်တို့သည် မျက်ရည်ယိုဓာတ်ငွေ့များကို ဓာတုလက်နက်အဖြစ် အသုံးပြုလာခဲ့ကြသည်။ 1993 ခုနှစ်တွင် ဓာတ်ုလက်နက်ညီလာခံက စစ်မြေပြင်တွင် မျက်ရည်ယိုဓာတ်ငွေ့ အသုံးမပြုရန် တားမြစ်ခဲ့သည်။   အသက်အရွယ်အရ မျက်ရည်ထုတ်လွှတ်မှုလျော့နည်လာခြင်းကျွနုပ်တို့အသက်အရွယ်ရလာသည်နှင့်အမျှ ဘေဆယ်မျက်ရည် (Basal Tears) ထုတ်လွှတ်မှုနှေးကွေးလာသည့်အတွက် မျက်စိခြောက်သွေ့သည့်ရောဂါ ရရှိလာကြသည်။ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်စဉ်ကာလ (သို့) သွေးဆုံးချိန်တို့တွင် ဟော်မုန်းအပြောင်းအလဲကြောင့် ခံနီုင်ရည်နည်းသည့်အတွက် မျက်စိခြောက်သွေ့ရောဂါ ရတတ်ကြသည်။ မျက်ရည်တုမျက်စဉ်း (Lubricating OTC Eye Drops) ခတ်ပေးခြင်းဖြင့်လည်းကောင်း၊ မျက်စိပေါ်သည့် ပူနွေးသောတို့ပတ်ဖြင့် ဖိသိပ်ပေးခြင်းဖြင့်လည်းကောင်း သက်သာစေနိုင်သည်။   မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းက မျက်စိကို ထိခိုက်နိုင်ပါသလား။မိဘတိုင်းလိုလို ၎င်းတို့၏သားသမီးများ မီးအုပ်ဆောင်းအလင်းရောင်အောက်တွင် စာဖတ်သည်ကိုတွေ့သည့်အခါတိုင်း မျက်စိထိခိုက်ပျက်စီးမည်ဟု ဆူပူလေ့ရှိကြသည်။မီးအလင်းရောင်မှိန်မှိန်တွင် စာဖတ်ခြင်းကြောင့် မျက်စိပျက်စီးရသည် (သို့) မျက်စိမှုန်ရသည်ဆိုသည့် အထောက်အထားများ မရှိပါ သို့သော် အလင်းရောင်မှန်မှိန် မီးအုပ်ဆေငာ်းအောက်တွင် စာဖတ်ခြင်းသည် အလင်းရောင်အားနည်းသည့်အတွက်ကြောင့် ခဲယဉ်းစွာအာရုံစူးသိုက်ရခြင်းကြောင့် မျက်စိထိခိုက်ပျက်စီးစေနိုင်သည်ဆိုသည့် အကြောင်းရင်းခံ ဖြစ်နိုင်ပေသည်။ မီးအလင်းအရောင်မှိန်မှိန်တွင် စူးစူးစိုက်စိုက်စာဖတ်ရခြင်းကြောင့် မျက်တောင်ခတ်မှု အကြိမ်အရေအတွက် လျော့နည်းစေသည့်အတွက် မျက်စိခြောက်သွေ့ခြင်းရောဂ် ရစေသဖြင့် အများလက်ခံယုံကြည်ထားသည့်အတိုင်း မျက်စိပျက်စီးစေသည်ဆိုသည့်အချက်တွင် ပါဝင်သော်လည်း အစဉ်အမြဲ မျက်စိကျိန်းစပ်ခြင်း၊ မျက်စိကိုက်ခဲခြင်းများ ခံစားနေရသည်ဆိုသည့် သက်သေအထောက်အထားများမရှိပါ။ ထိန်လင်းသောမီးအလင်းရောင်အောက်တွင် စာဖတ်ခြင်းသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်စွမ်းရှိသော်လည်း မျက်စိကျန်းမာရေးကို ကာကွယ်ရန်အတွက် ပဓာနမကျပါ။   Original Writer - (မိုမိုကို - သုတဗဒသော - စက်တင်ဘာ - 2021)Ref: Eye Opening Facts About Tears (By Jen McCaffery, R.D, May, 2021)

Tuesday, 11 January 2022 09:23

ဝက်နှလုံးဖြင့် ဆက်လက်အသက်ရှင်နေသူ

ဝက်နှလုံးဖြင့် ဆက်လက်အသက်ရှင်နေသူ

Wednesday, 29 December 2021 14:45

ဗီတာမင်တွေကို အလွန်အကျွံ သောက်သုံးသင့်ပါသလား???

ဗီတာမင်တွေကို အလွန်အကျွံ သောက်သုံးသင့်ပါသလား???   ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူအများက နေ့စဉ် ဗီတာမင်ဓာတ်တွေကို သောက်သုံးနေကြပါတယ်။ ဘေးကင်းစွာ ဘယ်လိုသောက်ရမယ်ဆိုတာကို ညွှန်ကြားချက်တွေ ဖော်ပြထားပေမယ့် အများစုကတော့ လိုအပ်တာထက်ပိုပြီး သောက်သုံးနေကြပါတယ်။ အချို့သော ဗီတာမင်များဟာဆိုရင် လိုအပ်တဲ့ပမာဏထက် ပိုပြီးသောက်သုံးပါက ကောင်းကျိုးထက် ဆိုကျိုးကို ပိုမိုဖြစ်စေနိုင်တဲ့အတွက် သောက်သုံးသူများကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။   လူသိများတဲ့ ဗီတာမင် (၁၃)မျိုးကို ခွဲခြားမယ်ဆိုရင် ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်နဲ့ အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်ဆိုပြီး ခွဲခြားလို့ရပါတယ်။ ရေတွင်ပျော်ဝင်သောဗီတာမင်ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကို ခန္ဓာကိုယ်မှ အလွယ်တကူ စွန့်ထုတ်နိုင်ပြီး တစ်ရှူးများတွင် အလွယ်တကူ သိမ်းဆည်းနိုင်ခြင်း မရှိပါ။ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်စီ နှင့် ဗီတာမင်ဘီ ရှစ်မျိုး ပါဝင်သည်။ Vitamin C - ဗီတာမင်စီVitamin B1 - ဗီတာမင် B1 (thiamine)Vitamin B2 - ဗီတာမင် B2 (riboflavin)Vitamin B3 - ဗီတာမင် B3 (နိုင်ယာစင်)Vitamin B5 - ဗီတာမင် B5 (ပန်တိုသနစ်အက်ဆစ်)Vitamin B6 - ဗီတာမင် B6 (pyridoxine)Vitamin B7 - ဗီတာမင် B7 (ဘိုင်အိုတင်)Vitamin B9 - ဗီတာမင် B9 (ဖောလိတ်)Vitamin B12 - ဗီတာမင် B12 (ကိုဘာလာမင်) ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကို သိုလှောင်မထားသော်လည်း ဆီးမှတဆင့် စွန့်ထုတ်သောကြောင့်၊ လိုအပ်သောပမာဏထက် ပိုမိုသောက်သုံးသော်လည်း အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ သို့သော်လည်း ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်အချို့၏ megadoses ကိုသောက်သုံးခြင်းသည် အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။   ဥပမာအားဖြင့်၊ ဗီတာမင် B6 ကို အလွန်အမင်း သောက်သုံးခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ အာရုံကြောပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပြီး၊ ပုံမှန်အားဖြင့် တစ်နေ့လျှင် 2 ဂရမ်ထက် ပိုတဲ့ ပမာဏအများအပြားကို သောက်သုံးခြင်းဖြင့် အသည်းကို ပျက်စီးစေနိုင်ပါတယ်။   အဆီတွင်ပျော်ဝင်သောဗီတာမင်ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များနှင့် မတူဘဲ အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များသည် ရေတွင်ပျော်ဝင်ခြင်းမရှိသည့်အပြင် သင့်ခန္ဓာကိုယ်၏တစ်ရှူးများ တွင် အလွယ်တကူ သိမ်းဆည်းထားပါတယ်။   အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်လေးမျိုးရှိပါတယ်။ Vitamin A - ဗီတာမင်အေ၊Vitamin D -ဗီတာမင်ဒီVitamin E - ဗီတာမင်အီး၊Vitamin K - ဗီတာမင်ကေ၊ အဆီပျော်ဝင်တဲ့ ဗီတာမင်တွေက ခန္ဓာကိုယ်ထဲမှာ စုပုံလာနိုင်တာကြောင့် ဒီအာဟာရတွေက ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေထက် အဆိပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဗီတာမင် A၊ D သို့မဟုတ် E များလွန်းပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည် တနည်းအားဖြင့် ဓာတုမဟုတ်သော ဗီတာမင် K ကို မြင့်မားစွာ သောက်သုံးခြင်းသည် အန္တရာယ်မရှိပုံပေါ်သောကြောင့် ဤအာဟာရအတွက် အထက်စားသုံးမှုအဆင့် (UL) ကို မသတ်မှတ်ထားရပါ။   ဗီတာမင်တွေ အများကြီးသောက်ရင် အန္တရာယ်များပါတယ်။ဗီတာမင်တွေကို ဆေးဝါးတွေကမှတဆင့်ပဲ ရနိုင်တာ မဟုတ်ပါဘူး။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကတစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဆေးဝါးသောက်သုံတာနဲ့ အစားအစာ စားသုံးခြင်းကရတဲ့ ဗီတာမင်တွေက ဘာတွေကွာခြားသလဲဆိုရင် အစားအစာများမှတစ်ဆင့် သဘာဝအတိုင်း စားသုံးသောအခါမှာတော့ ပမာဏများစွာ စားသုံးသော်လည်း အန္တရာယ်မဖြစ်နိုင်ပါဘူး။   ဒါပေမယ့် လူအများစုက အစားအစာတွေ စားသုံးရခြင်းထက် အလွယ်တကူရရှိနိုင်တဲ့ ဆေးဝါးတွေသောက်သုံးရတာကို ပိုမိုနှစ်သက်ကြတယ်။ ဒီ့အတွက် လိုအပ်တဲ့ပမာဏထပ်ပိုပြီး သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များ အလွန်အကျွံစားသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများဗီတာမင်စီဗီတာမင်စီသည် အဆိပ်အတောက်အတော်နည်းသော်လည်း လိုအပ်တဲ့ပမာဏထက်ကျော်လွန်ပါက ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်းအပါအဝင် အစာအိမ်လမ်းကြောင်းဆိုင်ရာ အနှောင့်အယှက်များကို ဖြစ်စေနိုင်ပါတယ်။သည်။ နှစ်ရှည်လများစွာ သောက်သုံးပါက ကျောက်ကပ်နဲ့ ဆီးအိမ်တို့မှာ ကျောက်တည်ခြင်းများ ဖြစ်ပွားတတ်ပါတယ်။   ဗီတာမင် B3 (နိုင်ယာစင်)နီကိုတင်းနစ်အက်ဆစ်ပုံစံဖြင့်သောက်သောအခါ၊ နိုင်ယာစင်သည် သွေးတိုးခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနှင့် အသည်းပျက်စီးခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။   ဗီတာမင် B6 (pyridoxine) B6 ကို နှစ်ရှည်လများ အလွန်အကျွံ စားသုံးခြင်းက ပြင်းထန်သော အာရုံကြောဆိုင်ရာ လက္ခဏာများ၊ အရေပြားဒဏ်ရာများ၊ အလင်းရောင်ကို အာရုံခံနိုင်မှု ၊ ပျို့အန်ခြင်းနှင့် ရင်ပူခြင်းတို့ကိုဖြစ်စေနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်များအတွက် သန္ဓေသားအာဟာရ ထိခိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။   ဗီတာမင် B9 (ဖောလိတ်)ဖည့်စွက်ပုံစံတွင် ဖောလိတ် သို့မဟုတ် ဖောလစ်အက်ဆစ်ကို အလွန်အကျွံသောက်သုံးခြင်းဟာဆိုရင် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို ပျက်စီးစေနိုင်ပါတယ်။ ဗီတာမင်စီသည် ကျန်းမာသောလူများတွင် အဆိပ်အတောက်မဖြစ်နိုင်သော်လည်း၊ ၎င်းသည် တစ်သျှူးများပျက်စီးခြင်းနှင့် hemochromatosis သံဓာတ်သိုလှောင်မှုဆိုင်ရာရောဂါ ( ရှိသူများတွင် အသက်သေဆုံးစေသော နှလုံးမူမမှန်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များ အလွန်အကျွံစားသုံးခြင်းနှင့် ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများ ဗီတာမင်အေဗီတာမင်အေကို လွန်ကဲစွာသုံးစွဲမယ်ဆိုရင် ကလေးသူငယ်များအတွက် ခေါင်းကိုက်၊ ခေါင်းခဲ၊ ဝမ်းပျက်၊ ဝမ်းလျောခြင်းတွေအပါအဝင် ငယ်ထိပ်ဖောင်းခြင်း၊ ငယ်ထိပ်လှုပ်ခြင်း၊ ဦးနှောက်ရောင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ လူကြီးများက ဗီတာမင်အေကို လွန်ကွဲစွာ သုံးစွဲမယ်ဆိုရင်တော့ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော်ဂလီဆန်ခြင်း၊ အရေပြားလန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။   ဗီတာမင်ဒီဗီတာမင်ဒီ ဖြည့်စွက်စာ အများအပြား သောက်သုံးခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ အပါအဝင် အန္တရာယ်ရှိသော လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ အစားခြေဖျက်စွမ်းအားကို ထိခိုက်နိုင်ခြင်း၊ ဆီးလွန်ကဲခြင်း၊ အင်အားချိနဲ့ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။   ဗီတာမင် အီးဗီတာမင် အီး ပမာဏများသော ဖြည့်စွက်စာများသည် သွေးခဲခြင်း၊ သွေးယိုခြင်းကို ဖြစ်စေပြီး ခေါင်းခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိအာရုံေ၀ဝါးခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း။ ပါးစပ်ရောင်ခြင်း၊ အမျိုးသမီးများ ရာသီမမှန်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။   ဗီတာမင် K သည် အဆိပ်သင့်နိုင်ချေနည်းပါးသော်လည်း၊ warfarin နှင့် ပဋိဇီဝဆေးများကဲ့သို့သော အချို့သောဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။   သောက်သုံးသင့်သည့် ဗီတာမင်ပမာဏပြဇယား  

Thursday, 16 December 2021 17:18

ထိုင်းမှာ ကျန်းမာရေးအတွက် ဆားခွန် စည်းကြပ်မည်

ထိုင်းမှာ ကျန်းမာရေးအတွက် ဆားခွန် စည်းကြပ်မည်

Tuesday, 30 November 2021 20:47

Omicron ကိုဗစ်မျိုးကွဲကာကွယ်ရေး နှာခေါင်းစည်းမဖြစ်မနေတပ်ဖို့ တာဝန်ရှိသူတွေတိုက်တွန်း

Omicron ကိုဗစ်မျိုးကွဲကာကွယ်ရေး နှာခေါင်းစည်းမဖြစ်မနေတပ်ဖို့ တာဝန်ရှိသူတွေတိုက်တွန်း

Monday, 22 November 2021 01:59

နေ့လယ်တမှေးအိပ်ခြင်း၏ အကျိုးကျေးဇူးများ

နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်းက စိတ်ကို အနားရစေတယ်။ မှတ်ဉာဏ် ထက်သန်စေတယ်။

Thursday, 18 November 2021 10:26

မိနစ် ၃၀ ကာယလေ့ကျင့်ခန်းနှင့် ခြေလှမ်း တစ်သောင်း

မိနစ် ၃၀ ကာယလေ့ကျင့်ခန်းနှင့် ခြေလှမ်း တစ်သောင်း

Tuesday, 16 November 2021 09:27

အသက်ရှု နည်းမှန်ရင် ကျန်းမာမယ်

အသက်ရှူနေတာက အလိုလို ရှူနေတာဆိုတော့ သတိမထားမိဘူး။ မကျန်းမမာဖြစ်တဲ့အခါ အသက်ရှူမဝတာ အသက်ရှူမရတာ ဖြစ်လာရင်တော့ အသက်ရှူတာကို သတိမူမိပါတယ်။

Sunday, 14 November 2021 09:49

ဒေသအလိုက် အများဆုံး သွေးအမျိုးအစား အုပ်စုများ

သွေးကို အုပ်စုခွဲခြား သတ်မှတ်ထားတယ်။ သွေးမှာပါတဲ့ ပဋိဇာတ်များ antigens က သွေးအမျိုးအစားကို အဆုံးအဖြတ်ပေးတယ်။