What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 August 2018 14:15

နွားနို့ထက် ကယ်လ်ဆီယမ်ဓာတ်ပိုများတဲ့ အစားအစာတွေကို သိသလား

(၁၉) နှစ်ကနေ (၅၀) အတွင်း အသက်အပိုင်းအခြားမှာ ကယ်လ် ဆီယမ်ခေါ် ထုံးဓာတ်ဟာ

တစ်နေ့ ကို ၁၀၀၀ မီလီဂရမ်လောက် လို အပ်ပြီး အသက် (၁၈) နှစ်ဆိုရင် ၁၃၀၀ မီလီဂရမ်၊ အသက် (၅၀) ကျော်ဆိုရင် ၁၂၀၀ မီလီဂရမ် လောက် လိုအပ်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီ ယမ်ရဖို့အတွက် မဖြစ်မနေ သောက်ကြပြီး တကယ်တမ်း တော့ နွားနို့ တစ်ခွက်မှာ ကယ်လ် ဆီယမ်က ၃၀၀ မီလီဂရမ်လောက် ပဲပါပါတယ်။ ဒီတော့ နွားနို့ သောက်မှ မဟုတ်ဘဲ ကယ်လ်ဆီ ယမ်ကို ဘယ်အစားအစာတွေက နေ ဖြည့်တင်းပေးနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

ကိုက်လန်

အရိုးတွေကို သန်မာစေတဲ့ မဂ္ဂနိစ်နဲ့ ဖော့စ်ပရက်စ် သတ္တုဓာတ်ကြွယ်ဝပြီး ကိုက်လန်အစိမ်းကို ကြိတ်ပြီးဖျော်ထားတဲ့ အနှစ်ရည် လက်ဖက်ရည်တစ်ပန်းကန် မှာ ကယ်လ်ဆီယမ် ၉၀ မီလီဂရမ် ပါရှိပါတယ်။ ဒီတော့ နေ့စဉ်လို အပ်တဲ့ ကယ်လ်ဆီယမ်အတွက် နွားနို့သာ မက ကိုက်လန်ကိုပါ ရွေးချယ်သင့်ပါတယ်။

ဒေါက်ခွရွက်

ဒေါက်ခွရွက်ဖျော်ရည် လက် ဖက်ရည်တစ်ပန်းကန်စာမှာ ကယ်လ်ဆီယမ် ၂၄၄ ဒသမ ၈ မီ လီဂရမ်ရှိပါတယ်။ ဒါ့ပြင် နေ့စဉ် လိုအပ်တဲ့ မဂ္ဂနိစ်ကလည်း ၈၄ ရာခိုင်နှုန်းလောက် ဒေါက်ခွရွက် မှာပါတာကြောင့် အရိုးသန်မာဖို့ နဲ့ အဆစ်အမြစ် အမြှေးပါးတွေ အတွက်လည်း ကောင်းကျိုးပြုပါ တယ်။

အစိမ်းရောင်ဂေါ်ဖီထုပ်

အနှစ်ရည်နှစ်ခွက်သောက် ရင် ကယ်လ်ဆီယမ် ၄၅၂ ဒသမ ၂ မီလီဂရမ်လောက် ရနိုင်ပါတယ်။ ဗီတာမင်ဘီ ၆၊ ဖောလစ်အက် စစ်တို့လည်း ကြွယ်ဝပါတယ်။

နှမ်းစေ့

အရွက်သုပ်တွေပဲဖြစ်ဖြစ် ဟင်းတချို့မှာပဲဖြစ်ဖြစ် နှမ်းစေ့ တွေဖြူးပြီး စားရတာ မခက်ခဲသ လို နှမ်းစေ့ကိုကြိတ်ထားတဲ့အနှစ် ကိုလည်း ပေါင်မုန့်မှာ သုတ်စား တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါ တယ်။ နှမ်းစေ့အနှစ် လက်ဖက် ရည်ပန်းကန်လေးပုံတစ်ပုံ ပမာ ဏမှာ ကယ်လ်ဆီယမ် ၃၅၁ မီလီ ဂရမ် ပါဝင်ပါတယ်။

အော်ဂဲနစ်ဒိန်ချဉ်

ကယ်လ်ဆီယမ်အတွက်ဆို ရင် ဒိန်ချဉ်ကလည်း အရေးပါတဲ့ အစားအစာတစ်ခုပါ။ လက်ဖက် ရည်တစ်ပန်းကန်မှာဆိုရင် ၄၄၇ ဒသမ ၄ မီလီဂရမ်လောက် ကယ်လ်ဆီယမ်ရနိုင်တာကြောင့် တစ်ခါစားတာနဲ့ နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏကို ၄၅ ရာခိုင်နှုန်းလောက် ဖြည့်ဆည်းပြီး သား ဖြစ်စေမှာပါ။

source:7daydaily

Read: ကြွက်နို့အကြောင်းတစေ့တစောင်း

ကြွက်နို့အကြောင်းတစေ့တစောင်း

Read times Last modified on Friday, 31 August 2018 14:22
Rate this item
(1 Vote)