What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 September 2018 13:50

တစ်လုံးကို ယန်း သန်း ၃၀၀ တန်တဲ့ ကြက်ဥတွေထဲ ကင်ဆာရောဂါတိုက်ဖျက်ဆေးဝါးတွေ ထည့်သွင်းဖို့ စဉ်းစားနေတဲ့ ဂျပန်

ကင်ဆာအပါအဝင် ပြင်းထန်လွန်းတဲ့ ရောဂါတွေကို

ကာကွယ်တိုက်ဖျက်မယ့် ဆေးဝါးတွေထည့်သွင်းပါရှိနေတဲ့ ကြက်ဥတွေကို ပေါက်ဖွားပေးနိုင်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ကြက်မတွေ ဂျပန်သုတေသီတွေမှာ ရှိနေပြီဖြစ်ပြီး ဒါဟာ ကုသစရိတ်တွေကို အဆမတန် လျှော့ချပေးနိုင်မှာဖြစ်တယ်လို့ ဒီကနေ့မှာ သတင်းရရှိခဲ့ပါတယ်။

တကယ်လို့သာ ပရိုတိန်းတစ်မျိုးဖြစ်ပြီး နေမကောင်းဖြစ်ခြင်းကို ကုသနိုင်တဲ့ ဒီထုတ်ကုန်တွေကို တကယ်ပဲ ကောင်းမွန်စိတ်ချရတဲ့ ထုတ်ကုန်တွေအဖြစ်သာ သိပ္ပံပညာရှင်တွေအနေနဲ့ ဖန်တီးနိုင်မယ်ဆိုရင် အဲဒီကြက်ဥတွေရဲ့ဈေးနှုန်းကတော့ ဂရမ်အနည်းငယ်ကိုပဲ ယန်းတစ်သိန်းအထိ မြင့်တက်သွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းအားလည်း သိသိသာသာ ကျဆင်းသွားနိုင်တယ်လို့ ဂျပန်သတင်းစာ Yomiuri Shimbun မှာ ပြောကြားထားတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ကန်ဆိုင်းဒေသမှာရှိတဲ့ National Institute of Advanced Industrial Science and Technology (AIST) က သုတေသီတွေကတော့ မျိုးဗီဇ ပြုပြင်ထားတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ဖို့ ဆိုင်းပြင်းနေပြီဖြစ်ကာ အဲဒီအထဲမှာ Interferon Beta လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို ကြက်တွေရဲ့ရှေ့ပြေးသုတ်ပိုးတွေထဲက ဆဲလ်အတွင်းကို ထည့်သွင်းထားတာဖြစ်ကြောင်း သတင်းစာက ဖော်ပြထားပါတယ်။

အဲဒီကနေမှတစ်ဆင့် ဒီဆဲလ်တွေကို မျိုးပွားထားတဲ့ဥတွေနဲ့ ကြက်မတွေအဖြစ် ဖန်တီးမှာဖြစ်ကာ အဲဒီကနေမှ ရောဂါတွကို ကာကွယ်တိုက်ဖျက်ပေးမယ့် ငှက်သတ္တဝါတွေ ဖြစ်လာစေမှာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သိပ္ပံပညာရှင်တွေဆီမှာ အဲဒီလို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ကြက်မ ၃ ကောင် ရှိနေပါပြီ။ သူတို့ရဲ့ဥတွေမှာတော့ ဆေးဝါးတွေလည်း တစ်ပါတည်း ပါဝင်လာမှာဖြစ်ပြီး အဲဒီကနေ နေ့တိုင်းလိုလိုဥတဲ့ ဥတွေလည်း ရရှိလာမှာဖြစ်တယ်လို့ သုတေသီတွေက မျှော်လင့်နေကြပါပြီ။

ဥအရွယ်ရော၊ အနှစ်အရောင်ပါ တူမှာမဟုတ်တဲ့ ဆေးဝါးထည့်သွင်းထားတဲ့ ကြက်ဥ နမူနာကို တွေ့ရစဉ်

အစောပိုင်းကာလတုန်းကတော့ သုတေသီတွေဟာ ဒီဆေးဝါးတွေကို ဆေးကုမ္ပဏီတွေဆီ ရောင်းချဖို့ စိတ်ကူးခဲ့ကြပေမယ့်လို့ ဒီအစီအစဉ်က ဈေးထက်ဝက်သက်သာစေတာကို တွေ့ရှိခဲ့ကြပါတယ်။ စားသုံးသူတွေအနေနဲ့တော့ ဒီကြက်ဥတွေကို စားရဖို့ အနည်းငယ်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုချက် ကျလာခဲ့ရင်တော့ တစ်လုံးကို ယန်း သန်း ၃၀၀ တန်တဲ့ ကြက်ဥတွေ ပေါ်ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။

source:mingalarbarmorning.com

Read:အတွေ့ရများတတ်တဲ့ ပိုးလေးဖက်နာရောဂါ

အတွေ့ရများတတ်တဲ့ ပိုးလေးဖက်နာရောဂါ

Read times
Rate this item
(0 votes)