What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 08 November 2018 11:28

ကိုလက်စထရော ကျစေမယ့် အစားအစာ ၅ မျိုး

သင်ဟာ အလုပ်များသူ တစ်ယောက်ဖြစ်ပြီး နေ့တိုင်း အစားအစာတွေကို ဖြစ်သလို စားသုံးနေသူပါလား?

ဒါမှမဟုတ် သင်ဟာ Junk Food တွေကို စားရတာ နှစ်သက်သူပါလား ? ဒါဆိုရင်တော့ သင်ရဲ့ ကိုလက်စထရောဟာ ရှိသင့်တာထက် ပိုပြီး မြင့်နေမယ် ဆိုတာ သေချာသလောက်ပါပဲ။ အလားတူပဲ အ၀လွန်နေသူတွေနဲ့ အိုဗာတ် ရှိသူတွေကလည်း ကိုလက်စထရော လယ်ဗယ်များ နေတတ်ပါတယ်။ အဲ့ဒီ အချက်ကပဲ သင့်ကို မကျန်းမာစေတာပါ။ နေရထိုင်ရတာ လေးလံစေတာပါပဲ။

ကိုလက်စထရောတွေ များလာတဲ့ အခါ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားလာစေတတ်ပြီး ရုတ်တရက် လေဖြတ်လေဖြန်းခြေ င်းတွေ ကိုလည်း ဖြစ်စေတတ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီ ကိုလက်စထရောကို လျော့ချပေးဖို့ အတွက် အစားအစာ ၅မျိုး ကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ ဒီ အစားအစာ ၅မျိုးကို မျှတအောင် စားပေးရင်တော့ ကိုလက်စထရော လယ်ဗယ်ကို ထိန်းပြီး သား ဖြစ်သွားမှာပါ။

၁။ အုတ်ဂျုံ 

အုတ်ဂျုံမှာ ကိုလက်စထရောဟာ ၂၀% လျော့ပြီး ပါဝင်ပါတယ်။ အဓိက အမျှင်ဓာတ် ပါဝင်စေပြီး ပရိုတိန်းကိုလည်း ရရှိစေပါတယ်။ ဒီဂျုံဟာ ကျန်းမာစေမယ့် အစားအစာ အဖြစ် မှတ်တမ်း ၀င်ထားပါတယ်။

 

၂။ သစ်ကြားသီး 

အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တွေ နှစ်မျိုးလုံး ပါဝင်ပါတယ်။ ဒီ အခွံမာသီးမှာ ကိုလက်စထရော ၁၅% န ည်းပါးစွာ ပါဝင်ပါတယ်။ သွေးလည်ပတ်မှုနဲ့ အစာချေဖျက်မှုတို့ကိုလည်း ကောင်းမွန်စေပါတယ်။

 

၃။ သံလွင်ဆီ 

သံလွင်ဆီဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ အားလုံး သိပြီး ဖြစ်မှာပါ။ ကောင်းမွန်စေတဲ့ အဆီဓာတ်ကြောင့် ကိုလက် စထရောကို လျှော့ချပေးဖို့ အစွမ်းတွေ ရှိပါတယ်။ ချက်ပြုတ်စားကြသလို Salad ထဲကိုလည်း ထည့်ပြီး စားကြပါတယ်။

 

၎။ ပဲပိစပ်

ပဲပိစပ်နဲ့ ပဲပိစပ်ကနေ လုပ်တဲ့ အစားအစာတွေမှာ ပရိုတင်းဓာတ်၊ အိုမီဂါ၃၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကြွယ်ဝစွာ ပါဝင်ပါတ ယ်။ တိုဖူး၊ ပဲပိစပ်ဆီ၊ ပဲပုပ်၊ ပဲနို့တို့ဟာလည်း ကိုလက်စထရောကို လျော့ချနိုင်တဲ့ အစားအစာတွေပါပဲ။

 

၅။ ငါး

ငါးတွေဟာ လူတွေနဲ့ အသင့်တော်ဆုံး အသားတစ်မျိုးပါပဲ။ အထူးသဖြင့် ဆယ်လ်မွန်ငါးနဲ့ တူနာငါးတွေကတော့ အကောင်းဆုံးပါပဲ။

Source:mystylemyanmar

 

Read: ဂေါက်(အဆစ်အမြစ်ရောင်ရောဂါ)နှင့် ပတ်သက်၍ သိထားရမည့်အချက်များ

ဂေါက်(အဆစ်အမြစ်ရောင်ရောဂါ)နှင့် ပတ်သက်၍ သိထားရမည့်အချက်များ

 

Read times
Rate this item
(2 votes)