What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 February 2019 16:02

ပရိုတင်းပမာဏ လုံလုံလောက်လောက် စားသုံးမှုမရှိဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်များ

ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်ရန်အတွက် လိုအပ်တဲ့အရာများထဲမှာ ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှ ဆဲလ်တိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပရိုတင်းဓာတ်ကို တစ်သျှူးစများ တည်ဆောက်ရန်အတွက် အသုံးပြုရပါတယ်။

ဒါ့အပြင် အရိုး၊ ကြွက်သား၊ အသားအရေနှင့် သွေးများဖြစ်တည်လာဖို့အတွက်လည်း ပရိုတင်းက လိုကိုလိုအပ်ပါတယ်။

 

ဒါကြောင့် ဒီလိုမျိုးအရေးကြီးတဲ့ ပရိုတင်းဓာတ်ကို လုံလုံလောက်လောက်စားသုံးပေးဖို့ လိုအပ်သည့်အတွက် မစားသုံးဖြစ်ဘူးဆိုပါက ဘယ်လိုမျိုးလက္ခဏာတွေဖြစ်လာနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ ကြွက်သားအားနည်းခြင်း

ပရိုတင်းဓာတ်ဟာ ကြွက်သားအတွက် လောင်စာဆီဖြစ်တဲ့အတွက် နည်းပါးနေပါက အသက်ကြီးလာသည့်အခါ ပိုပြီးစိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။

 

၂။ ဆံပင်အခြေအနေဆိုးရွားလာခြင်း

ခန္ဓာကိုယ်အတွင်းမှ ဆဲလ်အားလုံးရဲ့ အဓိကတည်ဆောက်မှုတစ်ခုဖြစ်တဲ့ ပရိုတင်းနည်းပါးသည့်အခါ ဆံပင်အခြေအနေများလည်း ဆိုးရွားလာနိုင်ပါတယ်။ ဆံပင်တစ်ချောင်းချင်းစီဟာ ကောင်းမွန်သန်မာစွာ ကြီးထွားနိုင်ရန် ပရိုတင်းဓာတ်လိုအပ်ပါတယ်။

 

၃။ မကြာခဏဆာလောင်ခြင်း

အချိုဓာတ်ရှိသည့် အစားအစာများကိုမှ တောင့်တခြင်းက ပရိုတင်းပမာဏ လုံလုံလောက်လောက်မရှိသူများတွင် ပုံမှန်အဖြစ်များပါတယ်။ မကြာခဏဖြစ်ပွားတတ်ပြီး တစ်ခါစားလိုက်ပြီးရင် ဘယ်တော့မှ တင်းတိမ်မှုမရှိနိုင်ပါဘူး။

 

၎။ လက်သည်းများအားနည်းကာ ကြွပ်ဆတ်လာခြင်း

ခန္ဓာကိုယ်အတွင်း ပရိုတင်းဓာတ်နည်းပါးလာသည့်အခါ လက်သည်များတွင်လည်း ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကြွပ်ဆတ်လာပြီး လက်သည်းပေါ်တွင်လည်း အဖြူစက်တွေပေါ်လာနိုင်ပါတယ်။

 

၅။ ကောင်းကောင်းမအိပ်စက်နိုင်ခြင်း

ဦးနှောက်ကို ကျန်းမာမှုရှိရနအတွက် လိုအပ်သောပရိုတင်းဓာတ် လျော့နည်းလာသည့်အခါ အိပ်စက်မှုအပေါ်သက်ရောက်လာနိုင်သော ဟော်မုန်းမညီမျှမှုကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားများနာကျင်ခြင်းကြောင့် အိပ်ပျော်ဖို့အတွက် ခက်ခဲလာနိုင်ပါတယ်။

Source:Myhealthmyanmar

Health Products Directory

 

Read: ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်တဲ့ အရာ ၃ ခု

ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်တဲ့ အရာ ၃ ခု

Read times Last modified on Wednesday, 27 February 2019 13:50
Rate this item
(0 votes)