What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 May 2019 17:55

ဂျပန်တွင် ကလေးနို့ရည်ဖော်မြူလာသစ်ဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံမှာကလေးနို့ရည်ဖော်မြူလာသစ်ဈေးကွက်ဝင်လာပြီး

အဲဒီနို့ရည်ကအဆင်ပြေတယ်လို့ ကလေးမိဘတွေကပြောပါတယ်။ဈေးနည်းနည်းကြီးပေမဲ့ ဂျပန်နိုင်ငံမှာဖော်မြူလာသစ်နဲ့ ထုတ်ထားတဲ့ ကလေးနို့ရည် ကကလေးမိဘတွေကို ဆွဲဆောင်နေပါတယ်။

 

အဲဒီနို့ရည်ဟာ ကလေးနို့မှုန်ဘူးဖော်မြူလာတွေလိုရေနွေးရှိဖို့မလိုသလိုအခန်းအပူချိန်မှာပဲအချိန်အကြာကြီးသိမ်းဆည်းထားနိုင် ပါတယ်။ လုပ်ငန်းနဲ့ထုတ်ပိုးမှုနည်းပညာတွေတိုးတက်လာလို့ ဥရောပနဲ့ အမေရိကတို့မှာ ကလေးနို့ရည်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ခေတ်စားလာပေမဲ့ ဂျပန်မှာတော့ ကလေးနို့ရည်နဲ့ပတ်သက်ရင် စည်းမျည်းစံနှုန်းသတ်မှတ်ချက်ပဲကာလရှည်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာဂျပန်အစိုးရကစည်းမျဥ်းသတ်မှတ်ပေးလိုက်တဲ့နောက်မှာမှ နိုင်ငံတွင်းနဲ့နိုင်ငံခြားလုပ်ငန်းတွေ ပွင့်လင်းလာတာပါ။

 

အမှုန့်မဟုတ် ဘဲအရည်ဖြစ်နေလို့ ဖောက်ပြီးတာနဲ့ကလေးတွေကိုတန်းပြီးတိုက်နိုင်တာကကလေးတွေအတွက် အဆင်ပြေတယ်လို့ ကလေးမိဘတစ်ယောက်ကပြောပါတယ်။

Read More : အရိုးကျိုး အရိုးကွဲ အရိုးအက်များကို ကုသနိုင်တဲ့ အရိုးဆက်ပင်အကြောင်

အရိုးကျိုး အရိုးကွဲ အရိုးအက်များကို ကုသနိုင်တဲ့ အရိုးဆက်ပင်အကြောင်း

 

ကလေးနို့ရည်ဘူးတွေကကော်ဖီရောင်နဲ့ အညိုရောင်ပဲဖြစ်နေတော့ ဂျပန်မိဘတွေကသိပ် လက်မခံချင်လို့ မီးအေးအေးနဲ့အပူပေးရတဲ့လုပ်ငန်းစဉ်လုပ်ရတဲ့အချိန်ကိုနည်းနည်းလျှော့ခဲ့ရတယ်လို့ နို့ရည်ထုတ်လုပ်တဲ့ အဲဇာကီဂလီယိုကုမ္ပဏီက သုတေသနနဲ့ထုတ်လုပ်ရေးမှာတာဝန်ရှိတဲ့ ယူရီကိုမီဇူကိုချီကပြောပါတယ်။

 

Source: MRTV-4

Read times Last modified on Tuesday, 21 May 2019 18:05
Rate this item
(1 Vote)