What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 March 2020 17:10

ရေခဲရေ သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်

အခုလိုပူပြင်းတဲ့ ရာသီမှာဆိုရင် လူတိုင်းနီးပါ ရေခဲရေကို သောက်သုံးလာကြပါတယ်။

ရေခဲကို အစားအသောက်များ ပုပ်သိုးခြင်းမရှိအောင် ထိန်းသိမ်းတာ၊ ရောင်ရမ်းခြင်းကို သက်သာစေတာ စတဲ့နေရာများတွင် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။ တစ်ကယ်တော့ ရေခဲ နဲ့ ရေခဲရေ သောက်သုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုတာသတိထားမိချင်မှ သတိထားမိကြမှာပါ။ ရေခဲရေသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကိုဖော်ပြပေးလိုက်ပါတယ်။

 

နှလုံးခုန်နှုန်း နှေးစေခြင်း

ရေခဲရေသောက်သုံးခြင်းက နောက်ကြောဘက်တွင်ရှိသော အာရုံကြောများအလုပ်လုပ်မှုစနစ်ကို နောက်နှေးစေပြီး နှလုံးခုန်နှုန်းကိုပါ နှေးကွေးစေပါတယ်။ ခန္ဓာကိုယ်ရဲ့ပုံမှန် ပူချိန်ပြန်မရမခြင်း နှလုံးခုန်နှုန်းကို နှေးစေပါတယ်။

 

ခန္ဓာကိုယ်တွင်းရှိ အဆီများခဲစေခြင်း

ရေခဲသောက်သုံးခြင်းက အစာချေစနစ်ကို ထိခိုက်စေတဲ့အပြင် ကယ်လိုရင်းများလောင်ကျွမ်းမှုကို နှောက်နှေးစေပါတယ်။ ဒါအပြင် ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ်များကို ခဲစေတာ၊ ပျစ်ခဲသွားစေသောကြောင့် အစာချေစနစ်ကို ထိခိုက်စေပါတယ်။

 

Manufacturers (ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၁၇၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ဆေးဝါးထုတ်လုပ်

 

ဝမ်းချုပ်တာ

ရေခဲရေသောက်ခြင်းက အစာချေစနစ်ကို ထိခိုက်စေတဲ့အပြင် အူလမ်းကြောင်းများကို ကျုံ့ စေခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ဟိုက်ဒရိုဂျင်ကို ထုတ်လွှတ်မှုကို အဟန့်အတားဖြစ်စေခြင်း

သက်ရှိများ အသက်ရှူနိုင်ရန် အောက်စီဂျင် လိုအပ်သလို မကောင်းတဲ့လေ ဟိုက်ဒရိုဂျင်ပြန်လည် ထုတ်လွှတ်မှု ကလည်းအရေးကြီး လှပါတယ်။ ခန္ဓာကိုယ်ပုံမှန်အပူချိန်ရှိမှသာ အောက်စီဂျင် ကနေပြောင်းလဲလိုက်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ကို ထုတ်လွှတ်နိုင်မှာ ဖြစ်တဲ့အတွက် ရေခဲရေ သောက်သုံးခြင်းက အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင် လည်ပတ်မှုစနစ်ကို ထိခိုက်စေပါတယ်။

 

ပင်ပန်းနွမ်းနယ်ခြင်း

ရေခဲရေသောက်သုံးခြင်းက ခဏအတွင်းမှာဘဲ ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ် ။ ဒါပေမဲ့ ရေခဲရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အပူချိန်က လျော့ကျလာပြီး ပုံမှန်ကိုယ်အပူချိန်ပြန်လည်ရရှိ ဖို့စွမ်းအင်ကို ပိုအသုံးပြုရသောကြာင့် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 



 



 


Image result for ဆေးဝါးထုတ်လုပ်

 

ဝမ်းချုပ်တာ


 



 




Read times
Rate this item
(0 votes)