What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 March 2020 10:46

သွေးကင်ဆာရောဂါအကြောင်း သိကောင်းစရာ

သွေးကင်ဆာရောဂါက သွေးအတွင်းရှိ ဆဲလ်များဖွင့်ဖြိုးမှု ချို့ယွင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

သွေးကင်ဆာရောဂါက သွေးအလုပ်လုပ်မှုစနစ်ကို ရပ်တန့်စေပြီး သွေးထိန်းချုပ်မှု့အောက်မှာ ဆဲလ်များကို ဖွင့်ဖြိုးစေပါတယ်။ သွေးကင်ဆာရောဂါက သွေးခုန်နှုန်းကို ရပ်တန့်စေတဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းများပြုတာ ၊ ကူးစက်ရောဂါများကို တိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ခံခုအားကောင်းစေတဲ့ အစားအသောက်များကို ပုံမှန်စားပေးခြင်းဖြင့် သွေးကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချနိုင်ပါတယ်။

 

သွေးကင်ဆာအမျိုးအစားများ

သွေးဖြူဥ ကင်ဆာ (LEUKEMIA ) ၊ ပြန်ရည်ကျိတ်ဆဲလ်ကင်ဆာ ( LYMPHOCYTE) ၊ ရိုးတွင်းခြင်ဆီကင်ဆာ (MYELOMA ) ဆိုပြီး သွေးကင်ဆာရောဂါ အမျိုးအစားသုံးမျိုး ရှိပါတယ်။ ထိုသွေးကင်ဆာရောဂါ များကလည်း အခြားကင်ဆာများ နဲ့ ဆက်နွယ်မှုများစွာ ရှိပါတယ်။ ခန္ဓာကိုယ်တွင် အလွန်သေးငယ်သော ဆဲလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဆဲများအသစ်ပြန်လည် ထုတ်လုပ်ပြီး ၊ ဆဲဟောင်းများကို ဖျက်စီးခြင်းကြောင့် ခန္ဓာကိုယ်ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင် ခြင်းဖြစ်ပါတယ်။ 

 

Hospitals (Private) (ပုဂ္ဂလိက ဆေးရုံပေါင်း ၁၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospitals (Private)

 

သွေးကင်ဆာရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း

သွေးကင်ဆာရောဂါက DNA များပြောင်းလဲတာ၊ DNAများ လုပ်လုပ်မှုစနစ် မှားခြင်းကြောင့် ဖြစ်ပေါ်သောရာဂါတစ်မျိုး ဖြစ်ပါတယ်။ဒါအပြင် အသက်အရွယ်၊ မျိုးရိုးဗီဇ ၊ ဓာတ်ရောင်ခြည် ၊ ဓာတ်တုပစ္စည်းများနဲ့ ထိတွေ့တာ၊ အခြားကျန်းမာရေးကုသမှုများကြောင့် သွေးကင်ဆာရောဂါ ဖြစ်ပွားနိုင်ပြီး ဖြစ်ပွားတဲ့ သွေးကင်ဆာရောဂါ အမျိုးအစားများ ကွဲပြားနိုင်ပါ။ DNA များပြောင်းလဲမှုက သွေးထဲရှိ အရိုးတွင်းခြင်ဆီ များလျော့နည်းတာ ၊ သွေးတွင်းရှိဆဲလ်များ ကမောက်ကမ ဖြစ်တာ၊ ဆဲလ်များသေဆုံးခြင်းကြောင့် သွေးကင်ဆာ ၊ ကင်ဆာရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

သွေးကင်ဆာရောဂါက သွေးထဲရှိဆဲလ်များ လုပ်ဆောင်ချက်အပေါ် မှုတည်ပြီးဖြစ်ပေါ်ပါတယ်။ Leukaemia ကင်ဆာရောဂါက သွေးထဲရှိသွေးဖြူဥကြောင့် ဖြစ်ပေါ်ပါတယ်။ Lymphoma ကင်ဆာရောဂါက ပြန်ရည်ကျိတ်ဆဲများ ကမောက်က ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Myeloma က plasma cell များကြောင့်ဖြစ် ပွားရခြင်းဖြစ်ပါတယ်။


သွေးကင်ဆာကုသနည်း နဲ့ ဆိုးကျိုးများ

Chemotherapy -ဆေးဝါဖြင့်ကုသနည်း၊ Interferon therapy ကုသနည်း ၊ Stem cell transplantation - ရိုးတွင်းခြင်ဆီအစားထိုးကုသနည်း ၊ Surgery - ခွဲစိတ်ကုသနည်း စတဲ့နည်းများဖြင့် ကုသနိုင်ပါတယ်။ သွေးကင်ဆာကုသခြင်းဖြင့် ဆံပင်ကျွတ်တာ ၊ ပါးစပ်အနာပေါက်တာ ၊ သွေးအားနည်းတာ ၊ အစာအိမ်နဲ့ အူလမ်းကြောင်းထိခိုက်တာ စတဲ့ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

---------


 


 



 



 



 






Read times Last modified on Tuesday, 03 March 2020 13:21
Rate this item
(1 Vote)