What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 March 2018 13:45

ပူလောင်တဲ့ ရာသီဥတုမှာအပူရှပ်ခြင်း ကင်းဝေးစေရန် သိသင့်သည့် အချက် (၈)ချက်

ပူလောင်တဲ့ ရာသီဥတုမှာအပူရှပ်ခြင်း ကင်းဝေးစေရန် သိသင့်သည့် အချက် (၈)ချက် google.com

အခုလိုပူလောင်တဲ့ ရာသီဥတုမျိုးမှာ အပူရှပ်တဲ့ ကိစ္စဟာလူတိုင်းနီးပါးဖြစ်နေပါတယ်။

နေပူထဲကပြန်လာလာချင်းပဲဖြစ်ဖြစ်၊ ရေမသောက်ပဲ ရေချိုးလိုက်တာ၊ ခြေထောက်ရေဆေးလိုက်တာ စတဲ့ အမှုမဲ့အမှတ်မဲ့ လုပ်မိတာတွေ ကြောင့် အသက်သေဆုံးတဲ့ အထိ အန္တရာယ်ရှိပါတယ်။

ထို့ကြောင့် အပူရှပ်တဲ့ လက္ခဏာတွေဖြစ်လာရင် အမြန်ဆုံးကုသနိုင်ဖို့အတွက် အပူရှပ်တဲ့လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်အပူချိန်မြင့်တတ်နေမယ်၊

(၂) အသားအရေ နီပြီး ခြောက်သွေ့နေမယ်၊

(၃) အော့အန်မယ်၊

(၄) မူးဝေမယ် ခေါင်းကိုက်မယ်၊

(၅) ချွေးမထွက်ခြင်း၊

(၆) နှလုံးခုန်နှုန်းမြန်မယ်၊

(၇) ကြောင်တောင်တောင်ဖြစ်ပြီး အာရုံစိုက်မရ ကယောက်ကတမ်းဖြစ်နေမယ်၊

(၈) သတိလစ်မေ့မျောသွားမယ်၊

စတဲ့ အချက်တွေ မြင်တွေ့နေရပြီဆိုရင်တော့-

Symptoms of Dehydration Treatment

 

လူနုာကို အရိပ်ထဲသွင်းပါ။

အဝတ်တွေကို ချွတ်ပစ်ပါ။

ရေအေးနဲ့ ရေပတ်တိုက်ပါ၊ ဖြန်းပါ ( ဂျိုင်း နဲ့ ဂွကြား တွေကို ရေခဲကပ်ပါ)

လဲလျောင်းခိုင်းပြီး ပန်ကာဖွင့်ပါ အဲကွန်းဖွင့်ပါ၊

ရေ (သို့) ရေဓာတ်အားဖြည့်အချိုရည်တခုခုတိုက်ပါ။

နီးစပ်ရာဆေးရုံ ၊ဆေးခန်းများသို့ အမြန်ဆုံးပို့ဆောင်ပါ။

အပူရှပ်ခြင်းမှ ကင်းဝေစေရန်-

(၁) နေပြင်းထန်စွာပူနေသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီးစသည့် အကာအကွယ်များ မဖြစ်မနေ ဆောင်ပါ။

(၂) အပြင်မှ ပြန်လာလျှင် ချက်ချင်းရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။

(၃) နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။

(၄) အပူစုပ်စေသော အမဲရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန် ၊ပိုးချည်ထည် အဝတ်အစားများရှောင်ပါ။

(၅) အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ပါ။

(၆) အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ၊ သောက်သုံးခြင်းသတိပြုပါ။

အထက်ပါ အချက်များလိုက်နာမယ်ဆိုရင် နွေရာသီကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြတ်သန်းရမှာပါ။

Read: ခန္ဓာကိုယ်မှ သံဓာတ်အသုံးပြုပုံအဆင့်ဆင့်နှင့် သံဓာတ်ပိုလျှံမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

https://goo.gl/UcXQcX

ခန္ဓာကိုယ်မှ သံဓာတ်အသုံးပြုပုံအဆင့်ဆင့်နှင့် သံဓာတ်ပိုလျှံမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

Read times Last modified on Wednesday, 21 March 2018 11:01
Rate this item
(0 votes)