ဆီးလမ်းကြောင်း ပိုးဝင်ကူးစက်တဲ့ဝေဒနာ (UTI) က အမျိုးသမီးအများစုကို ခြိမ်း ခြောက်နေပါတယ်။
ဆီးလမ်း ကြောင်းပိုးဝင်တာကို မဖြစ်အောင် အစားအသောက်တွေစားသုံးပြီး ကာကွယ်လို့ရပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်တဲ့အခါ ဗိုက် အောင့်တာ၊ ဆီးသွားတဲ့အခါ ပူတာ၊ အောင့်တာမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ခါးနာတာမျိုးလည်း ခံစားရ နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးမဝင်စေဖို့ အတွက် အာဟာရ မျှတအောင် စားသုံးပေးလို့ရပါတယ်။ အစား အစာတွေထဲမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက free radicals တွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးတာကိုကာကွယ်ပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်တဲ့အစားအစာ (၉) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
(၁) Cranberries
လ့လာမှုတွေအရ cranberry မှာ ပါတဲ့ဓာတ်တွေက ဆီးလမ်း ကြောင်းနံရံမှာ ဘက်တီးရီးယား တွေ ကပ်ညိတာကြောင့်ဖြစ်တဲ့ ရောဂါပိုးကူးစက်တာတွေကို ရပ် တန့်စေနိုင်ပါတယ်။ cranberry မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေက ဆီးလမ်းကြောင်းပိုးဝင် တာကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဒိန်ချဉ်
ဒိန်ချဉ်က probiotic food တစ်မျိုးပါ။ ဒိန်ချဉ်မှာ ဆီးလမ်း ကြောင်းပိုးဝင်တာကိုဖြစ်စေနိုင်တဲ့ အကျိုးမပြု ဘက်တီးရီးယားတွေကို ထိန်းညှိရာမှာ အထောက်အ ကူပြုတဲ့အကျိုးပြုဘက်တီးရီးယား တွေ ပါဝင်နေပါတယ်။ ဆီးလမ်း ကြောင်းပိုးဝင်တာကို ကာကွယ်ဖို့ အတွက် အချိုမပါတဲ့ဒိန်ချဉ်ကို ရွေးချယ်စားသုံးပေးပါ။
(၃) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါတဲ့ ဒြပ် ပေါင်းက ဆီးလမ်းကြောင်းပိုးဝင် တာကို ဖြစ်စေတဲ့ ဘက်တီးရီးယား တွေကို သေစေနိုင်ပါတယ်။ ကြက် သွန်ဖြူမှာပါတဲ့ allicin နဲ့ အခြား sulphur ဒြပ်ပေါင်းတွေက ဘက် တီးရီးယားတွေကို သေစေနိုင်တာ ကြောင့် ဆီးလမ်းကြောင်း ပိုးဝင် တာကို ကာကွယ်ပေးပါတယ်။
(၄) ဗီတာမင်
ဗီတာမင် စီက ဘက်တီးရီး ယားတွေ ပေါက်ဖွားမှုကို ဟန့်တား ပေးနိုင်သလို ဆီးထဲမှာ အက်ဆစ် ပါဝင်မှုကို လျော့ကျစေနိုင်ပါ တယ်။ ဗီတာမင် စီက ဆီးလမ်း ကြောင်းပိုးဝင်နိုင်ခြေကို လျော့ နည်းစေနိုင်ပါတယ်။ လိမ္မော်သီး၊ သံပရိုသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ ထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ မာလကာသီး တို့လိုမျိုး ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို စားသုံးပေးပါ။
(၅) ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာ ဆီးလမ်း ကြောင်းထဲကို ဘက်တီးရီးယားဝင် ရောက်တာကို ကာကွယ်ပေးနိုင် တဲ့ proanthocyanidins လို့ခေါ် တဲ့အပင်ဒြပ်ပေါင်းတွေ ပါဝင်နေပါ တယ်။ ဘလူးဘယ်ရီမှာပါတဲ့ ကိုယ်ခံအားကို တိုးတက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်ပါတယ်။
(၆) အနက်ရောင် ချောကလက်
အနက်ရောင်ချောကလက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်တာကြောင့် free radical တွေကို တိုက်ထုတ်နိုင်ပါတယ်။ အနက်ရောင်ချောကလက်မှာပါ တဲ့ polyphenols နဲ့ flavonoids တို့က ဆီးလမ်းကြောင်း ပိုးဝင်တာ ကို ကာကွယ်ပေးနိုင်ပါတယ်။
(၇) ဝိုင်အနီရောင်
ဝိုင်အနီရောင်ကဆေးဖက် ဝင် ပါတယ်။ ပိုးသေစေနိုင်တဲ့အာ နိသင်ရှိပါတယ်။
(၈) အုတ်ဂျုံ
အုတ်ဂျုံမှာ ပျော်ဝင်နိုင်တဲ့အ မျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေ ပြီး ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။
(၉) ခရမ်းချဉ်သီး
ခရမ်းသီးမှာ ဓာတ်တိုးဆန့် ကျင်အာနိသင်၊ ဗီတာမင်နဲ့သတ္တု ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေ တာကြောင့် ဆီးလမ်းကြောင်း ပိုး ဝင်တာကို ကာကွယ်ပေးရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့အတွက် ရေများများ သောက်ပေးဖို့လည်း လိုအပ်ပါ သေးတယ်။ ဆီးလမ်းကြောင်း ပိုး ဝင်နေတဲ့အခါမျိုးမှာလည်း တစ် နာရီခြားတစ်ခါ ရေတစ်ဖန်ခွက် သောက်ပေးပါ။
Source: Kumudra
Read: နားရွက်အပေါက်နားမှာ ထူးဆန်းစွာရှိနေသည့် အပေါက်သေးသေးလေးတွေအကြောင်း
https://www.healthproducts.com.mm/articles/item/597-preauricular-inus.html