What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 April 2018 16:40

ကျန်းမာရေးအတွက် မြန်မာ့သနပ်ခါး၏ အသုံးဝင်ပုံများ

ကျန်းမာရေးအတွက် မြန်မာ့သနပ်ခါး၏ အသုံးဝင်ပုံများ google.com

မြန်မာသနပ်ခါးသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်း ချလျက်ရှိသော အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ အရာတော်၊ မုံရွာ၊ ဘုတလင် ၊ ချောင်းဦး၊ မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါတယ်။

မြန်မာ့သနပ်ခါးသည် မြန်မာမိန်းခလေးများ၏ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အလွန်အသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် အပူနာ၊ အအေးနာနှစ်မျိုးလုံးတွင် သုံးနိုင်ပါတယ်။

သနပ်ခါး၏အသုံးဝင်ပုံများ

(၁) သနပ်ခါး အရွက်က ဝက်ရူးပြန်ရောဂါကုဆေးဖော်စပ်ရာတွင် အသုံးပြုတယ်။ အနာကြီးရောဂါသည်များအ တွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းပေးပါ။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်စေပါတယ်။ မြုံနေသော အနာများအတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့်သောက်ပေးပါ။ အရွက်အခြောက်ကို နေလှန်းအမှုန့်လုပ်ပြီး ကွမ်းသီးလုံးပမာဏ အမှုန့်တို့ကို ရေနှင့်သောက်ပါက အဖောအရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ မှန်သမျှ ပပျောက် စေပါတယ်။

(၂) သနပ်ခါး အသီး သည် အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေး နှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင်ထည့်သွင်းအသုံးပြုပါတယ်။ သွားနာခြင်းအတွက်လည်း အရွက်( သို့) အသီးလက်တစ်ဆုပ်စာကို ရေနွေးနဲ့ ပြုတ်ပြီး ခပ်နွေးနွေးမှာ အရည်ကို ငုံဆေး၊ အဖက်ကို နာနေတဲ့သွားပေါ်တွင် ကပ်ပေးပါကလည်း ပျောက်ကင်းနိုင်ပါတယ်။

(၃) သနပ်ခါး ပင်စည်ကို သွေးပြီးတစ်ကိုယ်လုံးလိမ်းပေးပါကလည်း ခန္ဓာကိုယ်တွင်းထဲမှရှိတဲ့ မမြင်ရတဲ့ အညစ်အကြေးအခိုးတွေကို အပြင်ဘက်ကို ဆွဲယူလိုက်သလို အပူအပုပ်များကို ထွက်စေမှာပါ။ တင်းတိပ်၊ မှည့်ခြောက်နှင့် အဆီပြန်ခြင်းမှကင်းဝေးစေပြီး အသားအရေအေးမြ ၍နေလောင်းဒဏ် ခံနိုင်ပြီး စိုပြည်လှပစေမှာပါ။

ဝက်ခြံအမာရွက်များအတွက်လည်း သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ညလိမ်းပေးပါ၊ သနပ်ခါးကိုဆားအနည်းငယ်ခပ်၍လည်း လိမ်းပေးပါက မိတ်၊အင်ပြင်တို့ကို သက်သာစေနိုင်ပါတယ်။

ရေနွေးပူလောင်တာ၊ မီးပူလောင်တာ၊ များကိုလည်း သနပ်ခါးထူထူလိမ်းပေးပါက အကောင်းပကတိအတိုင်းအသားအရေကိုပြန်ရစေမှာပါ။ အရေပြားပါးလွှာပြီး၊ယားနာအဖုများ မကြာခဏ ထွက်လေ့ရှိသူများအဖို့လည်း ဆပ်ပြာနဲ့ရေချိုးသန့်စင်ပြီးတိုင်း သနပ်ခါးထူထူလိမ်းပါ။

ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနှင့် အစာအိမ်နာတို့ကို ကုသရာတွင်မှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သနပ်ခါးသွေးရည်ကို တဝရှုပေးခြင်းဖြင့်လည်း စိတ်ကိုကြည်လင်လန်းဆန်းစေတယ်၊ ခေါင်းကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတတ်၊ နှာခေါင်းပိတ် စတဲ့ရောဂါတွေကို ကံ့ကော်ဝတ်ဆံနှင့် သနပ်ခါးရောပြီး သကြားအနည်းငယ်ထည့်သောက်ပေးပါ။ အပူများတဲ့ဒေသများတွင်လည်း သနပ်ခါးလိမ်းပေးခြင်းဖြင့် အပူငြိမ်းစေပါတယ်။

နွေရာသီတွင်ကလေးများဖြစ်တတ်သော အပူဖု၊ အပူနာ၊ ကျောက်၊ ဝက်သက်ပေါက်ချိန်မှာ သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။ တစ်ကိုယ်လုံးလိမ်းပေးပါ၊ ရင်ခွင်ပိုက်ကလေးများ အညှော်မိတဲ့အခါမျိုးတွင်လည်း သနပ်ခါးသွေးရည်ကို အနည်းငယ်ခွံ့ပေးခြင်းဖြင့် အညှော်အသင်းထွက်စေပါတယ်။

(၄) အမြစ်၏ ဆေးဖက်ဝင်ပုံ

Related image

ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့ ဖော်စပ်ရာမှာ ထည့်သွင်းသုံးလေ့ရှိပါတယ်။ အမြစ်ကို နနွင်းမှုန့်နှင့်သွေး၍ သောက်ပေးလိမ်းပေးပါက မီးယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပျောက်စေပါတယ်။

ကလေးများ ခရီးသွားရင်း၊ အအေးမိ၊ အစားမှား၊ ချွဲကပ် စသည်တို့အတွက် သနပ်ခါးအမြစ်တုံးကို သွေး၍ ကွမ်းရွက်စိမ်းရည် နဲ့ဆတူရောပြီး တိုက်ကျွေးပါ။ သနပ်ခါးမြစ်ငါးပဲသားကို ပျားရည်ခြောက်ပဲသားနှင့် ရော၍ လျက်ပေးခြင်းဖြင့်လည်း မြွေဆိပ်ပျောက်ကင်းစေနိုင်ပါတယ်။ သနပ်ခါး မြစ်ကို သကြား၊ပျားရည်တို့နှင့် ရော၍လျက်ပေးပါက အစာအိမ်ရှိအဆိပ်များကို ပြေစေပါတယ်။ သနပ်ခါးအမြစ်ကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေစိုပြည်ဝင်းအိစေပြီး ဆားနဲ့ သွေး၍နေ့စဉ်ရေနွေးကြမ်းတစ်ပန်းကန်လုံးတစ်ဝက်စာလောက်ကို သောက်သုံးပေးပါက အသည်းရောင်ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

Source: YCDC

Read: FDA မှ ထပ်မံစစ်ဆေးတွေ့ရှိသည့် မာကျူရီပါအလှကုန်ပစ္စည်း (၂) မျိုး

FDA 10.4.18

 

Read times
Rate this item
(4 votes)