What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 July 2018 16:33

အသည်းကွဲခြင်းကြောင့် ခန္ဓာကိုယ်တွင် ဖြစ်လာနိုင်တဲ့အရာများ

အသည်းကွဲခြင်းကြောင့် ခန္ဓာကိုယ်တွင် ဖြစ်လာနိုင်တဲ့အရာများ Google.com

တစ်စုံတစ်ယောက်က လမ်းခွဲတဲ့အကြောင်းကို ထုတ်ပြောတဲ့အခါတိုင်း သင့်စိတ်ထဲဝင်လာတဲ့အရာအားလုံးက နှလုံးသားနာကျင်ခြင်းပဲဖြစ်ပါတယ်။

သို့သော် အသည်းကွဲခြင်းကြောင့် ဖြစ်လာတာက ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဒါကို ဒီနည်းလမ်းအတိုင်းစဉ်းစားပါ။ သင်နာကျင်တဲ့အခါ အလုပ်ကို အာရုံစိုက်ပြီးလုပ်ဆောင်နိုင်ပါသလား။ အလားတူစွာပဲ နှလုံးသားနာကျင်တဲ့အခါ သေချာပေါက် အလုပ်ကို အာရုံစိုက်ပြီးမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် လမ်းခွဲခြင်း(ဒါမှမဟုတ်) ကွာရှင်းခြင်းက အောက်တွင်ဖော်ပြထားတဲ့ လက္ခဏာရပ်များဖြစ်လာစေနိုင်ပါတယ်။

ကြွက်သားနာကျင်ခြင်း

Image result for body pain
ခေါင်းကိုက်ခြင်းနှင့် လည်ပင်းနာခြင်းများ မြင့်မားလာရင်း သင့်ကြွက်သားတွေ ယောင်ရမ်းလာနိုင်ပါတယ်။ သင့်ခြေထောက်တွေက လှေကားတတ်ဖို့၊ လမ်းအနည်းငယ်လျှောက်ဖို့တောင် သင့်အတွက် ခက်ခဲကောင်းခက်ခဲလာနိုင်ပါတယ်။  လေ့လာတွေ့ရှိချက်အရ ကွာရှင်းထားတဲ့စုံတွဲတစ်တွဲက လှုပ်ရှားဖို့အတွက် အခက်အခဲ ၂၃ရာခိုင်နှုန်းရှိလာနိုင်ပါတယ်။ ကြွက်သားတွေရုတ်တရက် နာကျင်မှုများလဲရနိုင်ပါတယ်။

ရင်ဘက်အောင့်ခြင်း

Image result for lung pain
သင်နာကျင်တဲ့အခါ အသက်ရှုမ၀သလို ခံစားရတယ်မလား။ တကယ်တော့ ဒါက သင့်စိတ်ထဲကဖြစ်တာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုက တကယ်တော့ ရင်ဘက်တွင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ဖြစ်စေနိုင်ပြီး တစ်စုံတစ်ယောက်က ရင်ဘက်ကိုထိုးလိုက်သလို ခံစားရနိုင်ပါတယ်။ သင့်ရင်ဘက်ထဲတွင် တင်းကျပ်မှုလဲ ခံစားရနိုင်ပါတယ်။

မျက်လုံးများအစ်နေခြင်း

Image result for eye  pain

တစ်ညလုံး ငိုနေတဲ့အတွက်ကြောင့် နောက်နေ့မနက်တွင် သိသိသားသား မျက်လုံးများအစ်နေပါလိမ့်မယ်။ စိတ်ခံစားချက်ကြောင့်ငိုတဲ့မျက်ရည်က အခြားအချိန်တွေမှာ ငိုတဲ့ မျက်ရည်တွေထက် အငန်ဓာတ်နည်းပါတယ်။ စိတ်ခံစားချက်ကြောင့်နာကျင်မှုကြောင့် ငိုမယ်ဆိုရင် သင့်မျက်လုံးတွေ ပိုပြီးဖောင်းလာတာဖြစ်ပါတယ်။

အစာအိမ်ပြဿနာများ

Image result for stomach  pain
သင့်ကြွက်သားတွေ နာကျင်တဲ့အတွက်ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်များက ပြောင်းပြန်ဖြစ်သွားနိုင်ပြီး မလုံလောက်တဲ့ဖြည့်စွက်ချက်များက အစာခြေအော်ဂင်သို့ ရောက်သွားနိုင်ပါတယ်။ စားချင်စိတ်မရှိခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

ဝိတ်တတ်လာခြင်း

Related image
စိတ်ဖိစီးမှုက ဝိတ်တတ်ခြင်းများလဲ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ဆဲလ်များက အင်ဆူလင်ကို ထိခိုက်မှုနည်းလာပြီး သင့်ခန္ဓာကိုယ်က အစားထိုးဖို့အတွက် အင်ဆူလင်ကို ပိုပြီးထုတ်လွှတ်ပေးပါတယ်။ အဆီအဖြစ် သကြားဓာတ်များသိုလှောင်ထားတဲ့အတွက် သင့်ခန္ဓာကိုယ်က ဝိတ်တတ်လာတာဖြစ်ပါတယ်။

နှလုံးပြဿနာ

Related image
သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်များ မြင့်တတ်လာတဲ့အတွက်ကြောင့် နှလုံးပြဿနာများဖြစ်လာနိုင်ပါတယ်။ လမ်းခွဲပြီးတဲ့နောက် နှလုံးရောဂါဖြစ်လာနိုင်ဖို့ များပါတယ်။

အသားအရေပြဿနာများ
စိတ်ဖိစီးမှုဟော်မုန်းများ များလာတဲ့အတွက်ကြောင့် သင့်အသားအရေက မွဲခြောက်ခြောက်ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံ၊အနီပိမ့်များပေါက်လာပြီဆိုရင် သင့်အသားအရေက နောက်ထပ် အခြေအနေဆိုးလာနိုင်ပါတယ်။

source:mingalarbarmorning

Read:သံချဆေး အကြောင်း သိပြီးပြီးလား

သံချဆေး အကြောင်း သိပြီးပြီးလား

Read times Last modified on Thursday, 05 July 2018 16:42
Rate this item
(1 Vote)