What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 May 2018 14:47

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၈)

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၈) google.com

(၁) ဖာလစေ့ရဲ့ အကျိုးရှိပုံတွေက ဘာတွေပါလဲ

ဖာလာစေ့ကို တိုင်းရင်ဆေးကုထုံးမှာ အစာခြေစနစ်ပြဿနာ ၊ ခံတွင်းအနာနဲ့ စိတ်ကျေ​ဝဒနာတို့ကို ကုသရာ မှာသုံးပါတယ်။ ဖာလာစေ့ကို ရင်ကျပ်ပန်းနာအတွက်လည်း အသုံးပြုနိုင်ပါတယ်။

Related image

ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ ဖာလာစေ့က ပန်းနာရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေမှာလည်း ကုသနိုင်ပါတယ်။ ဖာလာစေ့က ကျဉ်းမြောင်းနေတဲ့ လေပြွန်တွေကို ဖွင့်ပေးနိုင်ပါတယ်။ လေပြွန်တစ်သျှူးတွေကိုလည်း ပြေလျှော့မှုရစေနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။

(၂) ကြက်သွန်ဖြူအကြောင်း တစေ့တစောင်း သိချင်ပါတယ်

Image result for ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်းပစ္စည်းတွေအများအပြားပါဝင်တဲ့အတွက် နှလုံးရောဂါ ၊ အိုမင်းတာကိုကာ ကွယ်နိုင်ပြီး က်ငဆာဆဲလ်တွေကိုဖြစ်ပေါ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို အားပျော့စေကာ ဆဲလ်တွေပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မှိုပိုးဗိုင်းရပ်စ်ပိုးနဲ့ အနာဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ Allicin ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ သွေးကျဲစေတဲ့ဂုဏ်သတ္တိလည်းရှိပြီး များများစားမိရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူး ၊ လေပွခြင်း ၊ ကြွက်သားနာကျင်ခြင်း တို့ကို ဖြစ်နိုင်တာကြောင့် ကြက်သွန်ဖြူကိုစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင် သင့်ပါတယ်။

(၃) ပေါင်ခြံတစ်ဝိုက် နီရဲယားယံလျှင် ဘယ်လိုလုပ်သင့်သလဲ

3

ပေါင်ခြံတစ်ဝိုက် နီရဲယားယံနေတဲ့အခါ လူရှေ့သူရှေ့မှာ ကုတ်ရဖဲ့ရမလွယ်ပါဘူး။ မကုတ်ပြန်တော့လည်းကသိကအောင့်ဖြစ်နေပြန်ပါတယ်။ အလွယ်ကူဆုံးနည်းတစ်နည်းကတော့ယား ယံပြီး နီရဲရောင်းရမ်းတာကို သက်သာစေဖို့ ပေါင်ခြံတစ်ဝိုက်ကို ရေခဲကပ်ပေးနိုင်ပါတယ်။ တဘက်သေးတစ်ထည်ကိုရေခဲ ရေထဲထည့်စိမ်းပြီး ရေညှစ်လိုက် ကပ်လိုက်ပြုလုပ်းပါ။ ရေခဲရေနဲ့ ရေစိမ်းချိုးတာမျိုးလည်း ပြုလုပိနိုင်ပါတယ်။

(၄) ဒူးရင်သီးစားရင် သွေးတိုးတယ်ဆိုတာမှန်ပါသလား

Related image

တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်စီယမ်များတဲ့အတွက် သွေးပေါင်ချိန်တောင် ကျစေနိုင်ပါတယ်။ ဒါပေမဲ့သူကို သွေးကျတယ်ဆိုပြီး အများကြီးမစားသင့်ပါဘူး။ ဒူးရင်းသီး ၅ဝဝ ဂရမ် ၁၅ မြွှာ စားမိပါက ပိုတက်စီယမ် စတာတွေအရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာတက်ပါတယ်။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓာတ်ပါဝင်မှုများတဲ့အတွက် မစားသင့်တဲ့အသီးထဲမှာပါဝင်ပါတယ်။

Source: ပြည်မြန်မာ

Read: သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်တည်ခြင်း

Read times
Rate this item
(1 Vote)