What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 March 2020 17:37

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။ ၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့၊ ညနေတွင် ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ - (က) အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် ကလေး (ကျား) (၁) ဦး၊ (ခ) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၃၄) နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် (ဂ) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်ခဲ့သည့် အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ (အမှတ် - (ခ) နှင့် (ဂ) လူနာ (၂) ဦး ဆုံးပါးခဲ့မှု သတင်းကို ယမန်နေ့ည (၈) နာရီတွင် ထုတ်ပြန်ခဲ့သည့် သတင်းတွင်ပါဝင်ခဲ့ပြီးဖြစ်ပါသည်၊။) ၃။ ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား ကျောင်းသူ (၁၀) ဦး ထံမှ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ ၎င်းတို့ (၁၀) ဦးလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ ၄။ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။   zawgyi COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း(၇-၃-၂၀၂၀) ရက္ေန႔၊ ညေန (၄:၃၀) နာရီ ၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး သံသယလူနာ၊ ေစာင့္ၾကည့္လူနာႏွင့္ COVID-19 ေရာဂါျဖစ္ပြားသူႏွင့္ ထိေတြ႕ခဲ့သူမ်ားထံမွ ဓာတ္ခြဲနမူနာမ်ားရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ စစ္ေဆးလ်က္ရွိပါသည္။ ၂။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ယေန႔၊ ညေနတြင္ ေပးပို႔လာေသာ ဓာတ္ခြဲအေျဖမ်ားအရ - (က) အင္းစိန္အေထြေထြေရာဂါကုေဆး႐ုံႀကီးတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈ ခံယူေနေသာ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ (၁၄) ႏွစ္အ႐ြယ္ ကေလး (က်ား) (၁) ဦး၊ (ခ) ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမႈခံယူခဲ့ေသာ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေနထိုင္ခဲ့သည့္ အသက္ (၃၄) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ (ဂ) လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမႈခံယူခဲ့ေသာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္တြင္ ေနထိုင္ခဲ့သည့္ အသက္ (၄၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ စုစုေပါင္း (၃) ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။ (အမွတ္ - (ခ) ႏွင့္ (ဂ) လူနာ (၂) ဦး ဆုံးပါးခဲ့မႈ သတင္းကို ယမန္ေန႔ည (၈) နာရီတြင္ ထုတ္ျပန္ခဲ့သည့္ သတင္းတြင္ပါဝင္ခဲ့ၿပီးျဖစ္ပါသည္၊။) ၃။ ထို႔အျပင္ ေဝဘာဂီအထူးကုေဆး႐ုံတြင္ အသြားအလာကန႔္သတ္ကာ ေရာဂါျဖစ္ပြားမႈ ရွိ၊ မရွိ ေစာင့္ၾကပ္ၾကည့္ရႈမႈခံယူေနသည့္ ကိုရီးယားသမၼတႏိုင္ငံရွိ ေရာဂါကူးစက္မႈ အျမင့္ဆုံးၿမိဳ႕ျဖစ္ေသာ ဒယ္ဂူးၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ေသာ ျမန္မာႏိုင္ငံသား ေက်ာင္းသူ (၁၀) ဦး ထံမွ ဓာတ္ခြဲနမူနာမ်ားရယူကာ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ စစ္ေဆးခဲ့ရာ ၎တို႔ (၁၀) ဦးလုံးတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။ ၄။ ဓာတ္ခြဲအေျဖသတင္းမ်ား ထပ္မံရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။

Friday, 06 March 2020 22:40

ဝေဘာဂီမှ နယူးဇီလန်သား ကိုယ်တွေ့အတွေ့အကြုံ

ဝေဘာဂီ ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် နေထိုင်ရသော နယူဇီလန်နိုင်ငံသား အမည်ကို ဖော်ပြရာ၌ နှုတ်သီးရှည် အတောင်တို အမြီးမပါသော ငှက်တစ်မျိုးဖြစ်ပြီး နယူဇီလန်ငှက်ဖြစ်သည့် ကီဝီ ဟု ဖော်ပြထားသည်။

Friday, 06 March 2020 14:36

မန္တလေးမြို့ရှိ COVID -19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး

မန္တလေးမြို့ရှိ COVID -19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး 

Friday, 06 March 2020 11:09

တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရမည့်သူများအတွက် ကြိုတင်ပြင်ဆင်နေ

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရှိ/မရှိ ၁၄ ရက် စောင့်ကြည့်မှုပြုလုပ်ရန် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးရှိ တည်ဆောက်ပြီး

Friday, 28 February 2020 08:37

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19