What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 January 2020 15:46

မန္တလေးတွင် ရောက်ရှိသော ဝူဟန်မှ တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်ခေါ်

မန္တလေးမြို့တွင် ဝူဟန်မြို့မှ ရောက်ရှိနေသော တရုတ်နိုင်ငံသား ၇၃ ဦးအား ဇန်နဝါရီ ၂၈ ရက်ညက တရုတ်လေကြောင်းလိုင်း လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူသွားကြောင်း မန္တလေးတံတားဦး လေဆိပ်မှ Airport Facilitation Committee အတွင်းရေးမှုး ဦးတင်မောင်ကျော်က ဧရာဝတီကို ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား ၇၃ ဦး နေရပ်ပြန်လည်ခေါ်ဆောင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ ရှန်ဟိုင်းမှ မန္တလေးသို့ ပျံသန်းခဲ့သော China Eastern လေကြောင်းလိုင်းဖြင့် မန္တလေးမှ ဝူဟန်မြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဦးတင်မောင်ကျော် က “ဒီလ၂၃ ရက်နေ့က ဝူဟန်ကနေ ရန်ကုန်ကို ရောက်တဲ့ အဖွဲ့ ပြန်ထွက်တာပါ။ သူတို့အဖွဲ့ လိုက်လာတဲ့သူတွေ ဖြစ်တော့ ပြန်ခေါ်တော့လဲ အဖွဲ့လိုက်ပဲခေါ်တဲ့သဘောပါပဲ” ဟု ပြောသည်။

 

မြန်မာနိုင်ငံရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့အား ဆက်သွယ်အကြောင်းကြားကာ ၎င်းနိုင်ငံသားများအား ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီကို ပြောသည်။

 

လက်ရှိ တရုတ်နိုင်ငံ ဟူဘိပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးရှိပြီး တရုတ်နိုင်ငံသာမက အခြားနိုင်ငံ ၁၅ နိုင်ငံကျော်ကို ကူးစက်လျက်ရှိကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။ ထို့အတွက်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပညာတော်သင်ရောက်ရှိနေသော မြန်မာကျောင်းသားများ အား နေရပ်ပြန်လည်ခေါ်ယူရေးအတွက် သံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က “တရုတ်သံရုံးရဲ့ အကြောင်းကြားချက်ကတော့ လက်ရှိ အခြေအနေက အဲဒီလောက်မဆိုးသေးပါဘူး ဆိုတာရယ် တရုတ်အစိုးရက သူ့နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား သာမက တခြားနိုင်ငံသား တွေကိုလဲ အလောတကြီး ပြန်ပို့ပေးဖို့ အခြေအနေ မလိုအပ်သေးပါဘူးပေါ့။ သူတို့ အနေနဲ့ ရောဂါကာ ကွယ်ရေးကို WHO စံနှုန်းနဲ့အညီ ဆောင်ရွက်နေသလို သူနိုင်ငံမှာ လက်ရှိရှိနေတဲ့ နိုင်ငံခြားသားတွေကိုလဲ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေး နေပါတယ်လို့ပြောပါတယ်” ဟု ဧရာဝတီကို ပြောသည်။

 

ဇန်နဝါရီ ၂၇ ရက်က တရုတ်သံရုံးဘက်မှ အကြောင်းကြားလာခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာကျောင်းသား အယောက် ၆၀ ကျော်အား ဝူဟန်မှ တဆင့် မန္တလေးမြို့သို့ ပြန်ပို့မည့်ကိစ္စသည် ရက်အတိအကျပြောမရ သေးဟု ဆိုသည်။ ဦးဇာနည်အောင် က “တို့ကျောင်းသားတွေကတော့ ပြန်ချင်တာပေါ့။ သူတို့ကိုယ်တိုင်ကလဲ မြန်မာသံရုံးကို စာရေးပြီး ဆက်သွယ် လာတာလေ။ ခုလိုအချိန်မှာနေရတာက အစားအသောက်ဆေးဝါးကအစ ရှားပါး နေသလို၊ စိတ်ဓာတ် ရေးရာအရကော ကိုယ့်နိုင်ငံကို ပြန်ချင်တယ်ဆိုပြီး တောင်းဆိုထားကြတယ်” ဟု ပြောပြသည်။

 

လက်ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂ နှစ်ပညာတော်သင် ရောက်ရှိနေသော ကျောင်းသူ တဦးက “ဒီမှာ အခြေအနေကဆိုးတော့ ကိုယ့်ကိုမကူးအောင် မနည်းဂရုစိုက်နေရတယ်။ ဖြစ်ရင်မလွယ်ဘူးလေ။ ပြီးတော့ ဗီတာမင်စီစတဲ့ ဆေးတို့ mask တို့ကလဲ ဝယ်မရတော့ဘူး။ ကိုယ့်ရှိတာလေးနဲ့ အဆင်ပြေအောင်နေနေပြီး အခန်းထဲပဲ အောင်းနေနေရတယ်၊ သူတို့ ရောဂါကိုထိန်းချုပ်နိုင်ဖို့ပဲ ဆုတောင်း နေရတယ်” ဟု ဧရာဝတီကို ပြောသည်။


မန္တလေးလေဆိပ်တွင် တရုတ်လေကြောင်းလိုင်း ၁၀ လိုင်းဖြင့် ၂၅ မြို့ကို ပျံသန်းပြေးဆွဲလျက်ရှိရာ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ တရုတ်လေကြောင်းလိုင်း ၇ လိုင်းအား မန္တလေးနှင့် ဆက်သွယ် ပျံသန်းခြင်းကို ယာယီ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။

Irrawaddy

 

(Zawgyi)

-----------

မႏၲေလးတြင္ ေရာက္ရွိေသာ ဝူဟန္မွ တ႐ုတ္ႏိုင္ငံသား ၇၀ ေက်ာ္ ျပန္ေခၚ

 

မႏၲေလးၿမိဳ႕တြင္ ဝူဟန္ၿမိဳ႕မွ ေရာက္ရွိေနေသာ တ႐ုတ္ႏိုင္ငံသား ၇၃ ဦးအား ဇန္နဝါရီ ၂၈ ရက္ညက တ႐ုတ္ေလေၾကာင္းလိုင္း ေလယာဥ္ျဖင့္ ျပန္လည္ေခၚယူသြားေၾကာင္း မႏၲေလးတံတားဦး ေလဆိပ္မွ Airport Facilitation Committee အတြင္းေရးမႈး ဦးတင္ေမာင္ေက်ာ္က ဧရာဝတီကို ေျပာသည္။ အဆိုပါ တ႐ုတ္ႏိုင္ငံသား ၇၃ ဦး ေနရပ္ျပန္လည္ေခၚေဆာင္ရန္အတြက္ ဇန္နဝါရီ ၂၈ ရက္က တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းမွ မႏၲေလးသို႔ ပ်ံသန္းခဲ့ေသာ China Eastern ေလေၾကာင္းလိုင္းျဖင့္ မႏၲေလးမွ ဝူဟန္ၿမိဳ႕သို႔ ျပန္လည္ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

 

ဦးတင္ေမာင္ေက်ာ္ က “ဒီလ၂၃ ရက္ေန႔က ဝူဟန္ကေန ရန္ကုန္ကို ေရာက္တဲ့ အဖြဲ႕ ျပန္ထြက္တာပါ။ သူတို႔အဖြဲ႕ လိုက္လာတဲ့သူေတြ ျဖစ္ေတာ့ ျပန္ေခၚေတာ့လဲ အဖြဲ႕လိုက္ပဲေခၚတဲ့သေဘာပါပဲ” ဟု ေျပာသည္။ ျမန္မာႏိုင္ငံရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးမွ ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ျပည္တြင္းေလေၾကာင္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတို႔အား ဆက္သြယ္အေၾကာင္းၾကားကာ ၎ႏိုင္ငံသားမ်ားအား ျပန္လည္ ေခၚယူခဲ့ျခင္းျဖစ္သည္ဟု မႏၲေလးတိုင္း ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ဧရာဝတီကို ေျပာသည္။

 

လက္ရွိ တ႐ုတ္ႏိုင္ငံ ဟူဘိျပည္နယ္ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့ေသာ ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၃၂ ဦးရွိၿပီး တ႐ုတ္ႏိုင္ငံသာမက အျခားႏိုင္ငံ ၁၅ ႏိုင္ငံေက်ာ္ကို ကူးစက္လ်က္ရွိကာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၆၀၀၀ ေက်ာ္ရွိၿပီးျဖစ္ေၾကာင္း သိရသည္။ ထို႔အတြက္ေၾကာင့္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ပညာေတာ္သင္ေရာက္ရွိေနေသာ ျမန္မာေက်ာင္းသားမ်ား အား ေနရပ္ျပန္လည္ေခၚယူေရးအတြက္ သံ႐ုံးမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

 

မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က “တ႐ုတ္သံ႐ုံးရဲ႕ အေၾကာင္းၾကားခ်က္ကေတာ့ လက္ရွိ အေျခအေနက အဲဒီေလာက္မဆိုးေသးပါဘူး ဆိုတာရယ္ တ႐ုတ္အစိုးရက သူ႔ႏိုင္ငံမွာေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသား သာမက တျခားႏိုင္ငံသား ေတြကိုလဲ အေလာတႀကီး ျပန္ပို႔ေပးဖို႔ အေျခအေန မလိုအပ္ေသးပါဘူးေပါ့။ သူတို႔ အေနနဲ႔ ေရာဂါကာ ကြယ္ေရးကို WHO စံႏႈန္းနဲ႔အညီ ေဆာင္႐ြက္ေနသလို သူႏိုင္ငံမွာ လက္ရွိရွိေနတဲ့ ႏိုင္ငံျခားသားေတြကိုလဲ လိုအပ္တဲ့ ေထာက္ပံ့မႈေတြ လုပ္ေပး ေနပါတယ္လို႔ေျပာပါတယ္” ဟု ဧရာဝတီကို ေျပာသည္။

 

ဇန္နဝါရီ ၂၇ ရက္က တ႐ုတ္သံ႐ုံးဘက္မွ အေၾကာင္းၾကားလာျခင္းျဖစ္ၿပီး လက္ရွိတြင္ ျမန္မာေက်ာင္းသား အေယာက္ ၆၀ ေက်ာ္အား ဝူဟန္မွ တဆင့္ မႏၲေလးၿမိဳ႕သို႔ ျပန္ပို႔မည့္ကိစၥသည္ ရက္အတိအက်ေျပာမရ ေသးဟု ဆိုသည္။ ဦးဇာနည္ေအာင္ က “တို႔ေက်ာင္းသားေတြကေတာ့ ျပန္ခ်င္တာေပါ့။ သူတို႔ကိုယ္တိုင္ကလဲ ျမန္မာသံ႐ုံးကို စာေရးၿပီး ဆက္သြယ္ လာတာေလ။ ခုလိုအခ်ိန္မွာေနရတာက အစားအေသာက္ေဆးဝါးကအစ ရွားပါး ေနသလို၊ စိတ္ဓာတ္ ေရးရာအရေကာ ကိုယ့္ႏိုင္ငံကို ျပန္ခ်င္တယ္ဆိုၿပီး ေတာင္းဆိုထားၾကတယ္” ဟု ေျပာျပသည္။

 

လက္ရွိ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ၂ ႏွစ္ပညာေတာ္သင္ ေရာက္ရွိေနေသာ ေက်ာင္းသူ တဦးက “ဒီမွာ အေျခအေနကဆိုးေတာ့ ကိုယ့္ကိုမကူးေအာင္ မနည္းဂ႐ုစိုက္ေနရတယ္။ ျဖစ္ရင္မလြယ္ဘူးေလ။ ၿပီးေတာ့ ဗီတာမင္စီစတဲ့ ေဆးတို႔ mask တို႔ကလဲ ဝယ္မရေတာ့ဘူး။ ကိုယ့္ရွိတာေလးနဲ႔ အဆင္ေျပေအာင္ေနေနၿပီး အခန္းထဲပဲ ေအာင္းေနေနရတယ္၊ သူတို႔ ေရာဂါကိုထိန္းခ်ဳပ္ႏိုင္ဖို႔ပဲ ဆုေတာင္း ေနရတယ္” ဟု ဧရာဝတီကို ေျပာသည္။


မႏၲေလးေလဆိပ္တြင္ တ႐ုတ္ေလေၾကာင္းလိုင္း ၁၀ လိုင္းျဖင့္ ၂၅ ၿမိဳ႕ကို ပ်ံသန္းေျပးဆြဲလ်က္ရွိရာ တ႐ုတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားခ်ိန္မွ ယေန႔အထိ တ႐ုတ္ေလေၾကာင္းလိုင္း ၇ လိုင္းအား မႏၲေလးႏွင့္ ဆက္သြယ္ ပ်ံသန္းျခင္းကို ယာယီ ရပ္နားထားလိုက္ၿပီျဖစ္ေၾကာင္း မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ သိရသည္။

Irrawaddy

Read times Last modified on Monday, 03 February 2020 21:16
Rate this item
(0 votes)