What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 March 2020 13:29

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၁ လမ်းက ကိုဗစ်၁၉ လူနာနေထိုင်ရာ ရှစ်ထပ်တိုက်ကို Lockdown ချ

90251442_832926683874316_4730726126572273664_n.png

 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၁ လမ်းက ကိုဗစ်၁၉ လူနာ နေထိုင်တဲ့ ရှစ်ထပ်တိုက်ကို ဒီကနေ့ မတ်လ ၂၇ ရက်မနက်ပိုင်းမှာ အဝင်အထွက် အကုန်ကန့်သတ်လိုက်တယ်လို့ မင်္ဂလာတောင်ညွန်မြို့နယ်လွှတ်တော်အမတ် ဦးလှဌေးက ဘီဘီစီကိုပြောပါတယ်။
အဲဒီရှစ်ထပ်တိုက်တစ်တိုက်လုံးဟာ လူနာနဲ့ ဆွေမျိုးတွေနေထိုင်ကြတာဖြစ်ပြီး စည်ပင်က လောလောဆယ် တိုက်ခန်းတွေနဲ့ မော်တော်ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းထားပြီးပြီလို့ ဆိုပါတယ်။

ဒါ့အပြင်စောင့်ကြည့်တဲ့အဖွဲ့တစ်ဖွဲ့လည်း ထားရှိထားတယ်လို့ ဆိုပါတယ်။ ၁၀၁ လမ်းက နှစ်ပိုင်းရှိရာမှာ ယခုလူနာနေတဲ့လမ်းက သိမ်ဖြူဘက်ခြမ်းနဲ့နီးတဲ့အပေါ်လမ်းဖြစ်ပြီး တစ်လမ်းလုံးကို အဝင်အထွက်ပိတ်မပိတ်ကို လက်ရှိမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေဆွေးနွေးနေတယ်လို့ ပြောပါတယ်။


လူနာနေထိုင်တဲ့အိမ်မှာတော့ စုစုပေါင်းမိသားစုဝင် ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။ အသက် ၆၉ နှစ်အရွယ် အမျိုးသားလူနာဟာ နှာခေါင်းကင်ဆာကြောင့် နိုင်ငံခြားမှာဆေးသွားကုနေတာ နှစ်နှစ်ရှိပြီဖြစ်ပြီး ဒီတစ်ခေါက် ပုံမှန်ဆေးသွားကုပြီးအပြန် မှာ ဖျားနာလာလို့ ဆေးရုံသွားပြရာက ကိုဗစ် ၁၉ ရှိကြောင်း တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဦးလှဌေးကပြောပါတယ်။


"မိသားစုတွေထဲကတစ်ဦးကို ကျွန်တော်တို့ ဆက်သွယ်ပြောဆိုပါတယ်။ အပြင်မထွက်ဖို့ပေါ့နော်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုက ပီပီပြင်ပြင်မရှိဘူး။ ကျန်းမာရေးဌာနက လိုချင်တဲ့အချက်အလက်ကိုတောင် သူတို့မပေးနိုင်ဘူး။အခု Lockdown လုပ်တဲ့အခြေအနေကိုတောင် ကျွန်တော်တို့ တော်တော်လေးအားစိုက်ထားရတယ်။ ဒီလူနာက အခု ICU မှာရောက်နေတယ်။ တကယ်လို့ လူနာကတစ်ခုခုဖြစ်ရင် သူတို့က ထွက်နိုင်တဲ့အခြေအနေဆိုတော့ ဒီဘက်မှာတော်တော်လေး ဌာနဆိုင်ရာတွေပေါင်းပြီး ထိန်းသိမ်းနေရတယ်" လို့ ဦးလှဌေးက ပြောပါတယ်။


မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ အတည်ပြုလူနာ နှစ်ဦးထပ်တွေ့ကြောင်း အစိုးရက ဒီမနက် ၁ နာရီ ၄၅ မိနစ်မှာထုတ်ပြန်ပြီးတဲ့နောက် စုစုပေါင်း ကိုဗစ်၁၉ လူနာ ၅ ဦး ရှိလာပြီး အဲဒီထဲမှာ အခု ၁၀၁ လမ်းက လူနာက အသက် ၆၉ နှစ်နဲ့အသက်ကြီးဆုံးဖြစ်ပါတယ်။

 

မန္တလေးက အမေရိကန်နိုင်ငံသား လူနာကိုတော့ ကန်တော်နဒီဆေးရုံမှာစောင့်ကြည့်နေပြီး သူဟာ မြန်မာနိုင်ငံရောက်ပြီး ခြောက်ရက်အကြာမှာ ရောဂါလက္ခဏာပြပြီးဖျားတဲ့အတွက် ဒီကြားထဲ သူနေထိုင်သွားလာရာလမ်းကြောင်းတစ်လျှောက်က ထိတွေ့ခဲ့သူတွေကို မြန်မြန်ထိန်းချုပ်နိုင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

 

ဒီမနက် ကိုးနာရီထိုးခါနီးမှာ မန္တလေးက ကိုဗစ်လူနာနေခဲ့တဲ့ မြရည်နန္ဒာအိမ်ရာက တိုက်တစ်တိုက်လုံးကိုလည်း အဝင်အထွက်ကန့်သတ်လိုက်ပြီး ပိုးသတ်ဆေးဖြန်းမယ်လို့ သိရပါတယ်။ သူနဲ့အတူနေမိသားစုကိုလည်း ကန်တော်နဒီဆေးရုံကိုပို့ဆောင်စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese

Read times
Rate this item
(1 Vote)