What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 15:50

ကုလသမဂ္ဂမှ မြန်မာနိုင်ငံသို့ TEST KITS ၅၀၀၀၀ ထပ်မံ ထောက်ပံ့မည်

90251442_832926683874316_4730726126572273664_n.png

COVID - 19 ရောဂါ စစ်ဆေးနိုင်ရန် ကုလသမဂ္ဂမှ မြန်မာနိုင်ငံသို့ TEST KITS ၅၀၀၀၀ ထပ်မံ ထောက်ပံ့မည်

COVID- 19 ရောဂါ စစ်ဆေးနိုင်ရန် ကုလသမဂ္ဂမှ မြန်မာနိုင်ငံသို့ TEST KITS ၅၀၀၀၀ ထပ်မံ ထောက်ပ့ံမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။


မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးအနေဖြင့် လက်ရှိတွင်COVID-19 စမ်းသပ်စစ်ဆေးရန် အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာနအတွက် testing kits စုစုပေါင်း အရေအတွက် ၅၀၀၀၀ ကို ဝယ်ယူခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအရေအတွက်မှာ WHO နှင့် မိတ်ဖက်အဖွဲ့ အစည်းများက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအား အထောက်အပံ့ပေးခဲ့သော testing kits အရည်အတွက် ၃၀၀၀ ပေါ်တွင် ထပ်တိုးမှာယူပေးထားခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

 

“ကုလသမဂ္ဂ အနေဖြင့် အစိုးရ၏ ရောဂါစစ်ဆေးရေး တိုးမြှင့်ဆောင်ရွက်ရန် ကြိုးစား အားထုတ်မှုများအား ဆက်လက်၍ ထောက်အပံ့ပေးရန် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါသည်” ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ဌာနေ ကိုယ်စားလှယ်/လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေး တာဝန်ခံ Ola Almgren က ပြောကြားသည်။

90165828_212716063139335_1462378197545910272_n.png

Eleven News

Read times Last modified on Monday, 30 March 2020 16:13
Rate this item
(2 votes)