What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 April 2020 23:44

စိတ်ဝင်စားစရာ viral shedding

COVID.png

 

ဒီတခါတော့ Viral shedding နဲ့ပတ်သက်ပြီး ပြည်သူလူထုသိအောင် WHO နဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က မေးမြန်းထားတာကို တင်ပြပါ့မယ်။  ဘာလို့ဒါကို ပြောရသလဲဆိုရင် ဒီနေ့ထွက်တဲ့ Case 23 ဟာ Case 1 ရဲ့အမေဖြစ်ပြီး အမေရိကန်နိုင်ငံက အတူတူ ခရီးထွက်လာကြသူတွေဖြစ်ပါတယ်

 

Case 1 ဟာ ၂၃-၃-၂၀၂၀ ရက်နေ့မှာ ဓာတ်ခွဲအတည်ပြု ပထမဆုံး လူနာဖြစ်ခဲ့ပါတယ်။ ဒီနောက် လူနာအမေအပါအဝင် လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ ကပ်တဲလ်ကျေးရွာကို ၂၄-၃-၂၀၂၀ ရက်နေ့ကစပြီး Lock down လုပ်လိုက်ပါတယ်။ လူနာ ၁ ဟာ ဆေးရုံစတက်ကတဲက ဖျားတာတစ်ခုပဲရှိပြီး ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ ဘာတခုမှ မရှိပါ။ လက်ရှိအချိန်အထိလည်း လူနာ ၁ သည် Still Positive ပဲဖြစ်ပါသည်။

 

ပထမတော့ ကိုဗစ်ဘယ်လိုရောဂါကူးစက်စေသလဲ ရေးမလို့ပဲ သို့သော်ခုချိန်မှာ ပြည်သူတွေက စိတ်ဝင်စားနေတဲ့ အကြောင်းအရာက ဗိုင်းရပ်စ်ပိုးက ဘယ်နှစ်ရက်ကြာတဲ့ထိ နေနိုင်သလဲဆိုတာ ပိုသိချင်နေကြမယ်ထင်လို့ WHO က deputy head နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မေးထားတာကို သူဖြေတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်။

 

၁/ ရောဂါလက္ခဏာမပြပဲ ရောဂါရှိနေနိုင်တဲ့သူဘယ်လောက်ရာနှုန်းရှိလဲလို့ ပထမမေးပါတယ်။ Asymptomatic လူနာများနှင့် ပတ်သက်၍ WHO တွင် တရားဝင်ကိန်းဂဏန်းများမရှိပါ။ သို့သော် US-CDC ဒါရိုက်တာကမကြာသေးမီကပြောကြားခဲ့သည်မှာ - coronavirus အသစ်ကူးစက်ခံထားရသောလူများ၏ ၂၅% သည်ရောဂါလက္ခဏာများမပြနိုင်ပါ။ ဤအရေအတွက်သည် ကူးစက်ရောဂါ၏လမ်းကြောင်းနှင့်ပျံ့နှံ့မှုကိုလျှော့ချရန်မဟာဗျူဟာများကိုကြိုတင်တွက်ချက်ရန်အားထုတ်မှုများကိုရှုပ်ထွေးစေသည်။

 

အချို့သောအစီရင်ခံစာများအရ coronavirus ဖြစ်ပွားမှု၏ ၃၀% သည်တောင်ကိုရီးယားတွင်လက္ခဏာမပြသည့်သူများဖြစ်သည်။ US CDC အရ ၂၅ ရာနှုန်းရှိပြီး တောင်ကိုရီးယားမှာတော့ ၃၀ ရာနှုန်းရှိကြောင်း သိရတယ်လို့ဖြေပါတယ်။  (တခုချင်းစီအတွက် ပေပါတွေ ရှိပါတယ် ဒီမှာတော့ ရှုပ်နေမှာစိုးလို့ မပြတော့ပါ)

 

၂/ Viral shedding ဗိုင်းရပ်စ်က လူ့ကိုယ်ထဲမှာရော ဘယ်လောက်ကြာကြာ ဆက်ရှိနေနိုင်သလဲမေးပါတယ် Quarantine နှစ်ပတ်ဟာ လုံလောက်ပါသလား မေးထားပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ ခန္ဓာကိုယ်တွင် မည်သည့်အချိန်အထိ နေနိုင်သည့်အကြောင်း နှင့်ပတ်သက်၍ COVID-19 လူနာများသည်ဗိုင်းရပ်စ်နှိမ်နင်းရေးအချက်အလက်များအရရောဂါလက္ခဏာမပြမီ ၂၄-၄၈ နာရီအတွင်း လက္ခဏာပြခြင်းပြီးနောက် 3-4 ပတ်ကြာအောင်ဗိုင်းရပ်စ်ရှိနေနိုင်သည်။

 

COVID-19 သည်ရောဂါအသစ်အဆန်းဖြစ်သောကြောင့်ဗိုင်းရပ်စ်နှိမ်နင်းရေး၏မည်သည့်ကောက်ချက်မဆိုကိုကောက်ယူရန်ကျွန်ုပ်တို့တွင်ရောဂါကူးစက်မှုဆိုင်ရာအချက်အလက်များပိုမိုလိုအပ်သည်။ ဒါ့ကြောင့်မို့ Quarantine နှစ်ပတ်ပြီးသည့်နောက် စိတ်ချရအောင် အိမ်တွင်နှစ်ပတ်ဆက်နေရန် မနေ့က MoHS page က ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်

 

ဟုတ်ပြီ ဒါဆိုမေးကြမယ် အရင်က နှစ်ပတ် Quarantine ဆို လုံလောက်တယ်ဆို ခု မလုံလောက်တော့ဘူးလား မေးစရာရှိပါတယ် ရောဂါပျိုးချိန် ပြောင်းသွားလို့များလား မေးလာရင် အဖြေရှိပါတယ်။ အရင်တုန်းကလဲ WHO ဖြေထားဖူးပါတယ် ရောဂါရဲ့သဘောသဘာဝ ကူးစက်ပုံ ရောဂါလက္ခဏာကို အကုန်အစင်မသိသေးပါဘူး ဒါ့ကြောင့်မို့ ဒီလိုကွက်လပ်တွေကို ဖြည့်ဖို့ ဆောင်ရွက်နေတယ်ပြောပါတယ်

 

ဟုတ်ပြီ ရောဂါပျိုးချိန် ပြောင်းသလားဆိုတော့ မပြောင်းပါ အရင်အတိုင်း ၂-၁၄ ရက်ပါပဲ (ပျှမ်းမျှ ၅-၆ ရက်ပါပဲ) ဒါ့ကြောင့် နှစ်ပတ် Quarantine ထားတာပါ ဒါဆိုဘာတွေပိုသိလာသလဲ ဆိုတော့ ရောဂါရှိသူတချို့ဆီမှာ ဗိုင်းရပ်က ကြာကြာနေတယ်ဆိုတာပါပဲ ဒီတော့ကာ တချို့သူတွေမှာ ၃-၄ ပတ်ထိရှိတယ်ဆိုတော့ စိတ်ချရအောင် အိမ်မှာ နှစ်ပတ် self isolate လုပ်ခိုင်းတာပါပဲ ဒီသဘောကို နားလည်စေချင်ပါတယ် သို့သော် ရောဂါလက္ခဏာ မပြတဲ့သူတွေဆီကကူးပြီး ပြသနာဖြစ်နိုင်လားဆိုတာနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာ မပြသူတွေဆီက ပြည်သူလူထုကို ကူးစပ်စေမှုဟာ major driving force မဟုတ်ပါလို့ WHO ရဲ့ press conference မှာ ဖြေထားပါတယ် ရောဂါရဲ့ သဘောသဘာဝဟာ အမြဲပြောင်းလဲနေပါတယ် လှေနံဒါးထစ်မှတ်၍ မရပါ ပြောင်းလဲချက်များအပေါ် မူတည်၍ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ကူးစက်ရောဂါဗေဒရှုထောင့်မှ စဉ်းစားရပါတယ်။

 

အခုဆို ကပ်တဲလ်ရွာက လူနာရဲ့အမေ Positive ဖြစ်တယ် ဒီရွာမှာ lockdown လုပ်ထားတာလဲ မဖြည်ရသေးပါဘူး ဘာလို့ဆိုတော့ ပထမလူနာမှ Negative မဖြစ်သေးတာ ဒါ့ကြောင့်တနေ့ကပို့စ်မှာ နောက်တစ်ပတ်ဆက်ထားမယ် ဆိုတဲ့အကြောင်း တင်ထားပါတယ် ခုပုံအတိုင်းဆို နှစ်ပတ်ဆက်ထားရမှာပါ ဒီ ၂၃ လူနာ အမျိုးသမီးကြီးဆီက ကူးတယ်ဆိုတဲ့ အထောက်အထား တစ်ယောက်မှာမှ မတွေ့ရသေးပါ သူတို့တွေဟာ ခုဆို Lockdown လုပ်တာ ၁၆ ရက်ရှိပါပြီ ဒါဟာလဲ ထိရောက်တဲ့ နည်းဗျူဟာတခုဖြစ်ပါတယ် အများစိုးရိမ်နေသလို နှစ်ပတ်နဲ့ Quarantine မဖြည်သေးဘူးဆိုတာ အစောတဲကပြောထားပါတယ်။

 

အချုပ်ဆိုရလျှင် ရောဂါလက္ခဏာ မပြပဲ ရောဂါရှိနေသူများ ပြည်သူလူထုထဲ ရှိနေနိုင်ပါတယ် ဒါကြောင့်လဲ အပြင်တတ်နိုင်သမျှ မထွက်ဖို့ avoid social distancing, လက်နဲ့ မျက်နှာနှာခေါင်းပါးစပ်မထိဖို့ လက်ဆေးဖို့ ချောင်းဆိုးနှာချေလျှင် အုပ်ဆိုးဖို့ သာမန်ဖျားနာရင် အိမ်မှာပဲနေဖို့ ပိုဆိုးလာလျှင် ကျန်းမာရေးဝန်ထမ်းကို အကြောင်းကြားဖို့ သတင်းမှားမယုံဖို့ ခဏခဏ ပြောရခြင်းဖြစ်ပါတယ်။

 

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်မသည် ကျွန်မသာဖြစ်သည် ကျွန်မကို အရာရာ အကုန်သိ သတင်းဌာနဟု မယူဆစေလိုပါ ကျွန်မသိသမျှကို စေတနာအပြည့်ဖြင့် မျက်စိမွဲတဲ့ထိ ကမ္ဘာ့သတင်း WHO ရဲ့ ထုတ်ပြန်ချက် guideline များကို ဖတ်ရှုပြီး စေတနာဗရဗွဖြင့် ကိုယ့်ဖုံးဘေလ်အကုန်ခံ၍ တင်ပေးနေခြင်းသာဖြစ်သည် မည်သူသဘောကျစေဟူသော ရည်ရွယ်ချက်မရှိပါ ကျွန်မသည် ကိုယ်သိထားသမျှကို အလတ်အလတ် ဘယ်ဘက်မှ မယိမ်းပဲ သစ္စာရှိစွာဖြင့် တင်ပါသည်။

 

ကျွန်မ မတင်လည်း ဘာကိစ္စမှ မရှိပါ သတင်းပြန်ကြားရေးကို အဖွဲ့ဝင် ၇ဦးဖြင့် ဖွဲ့စည်းပြီး သတင်းပြန်ကြားရေးကို ညွှန်ချုပ်အဆင့်ဖြင့် မြှင့်တင်ထားပြီးသည်ကို သိမှာပါ ဘာလို့ညွှန်ချုပ် level ထိ မြှင့်တင်ရသလဲ အရေးကြီးလို့ပါ Positive case တွေ များလာသည်နှင့်အမျှ လုပ်ဆောင်စရာတွေ သူ့တာဝန်နဲ့သူ များလာပါသည် ဒါကိုနားလည်စေလိုပါသည်။

 

ဆရာ့ ဆရာကြီးများ ထစ်ကနဲရှိ ကျွန်မကို မေးခွန်းတွေ တရစပ်မေးမည့်အစား ကိုယ့်ဟာကိုယ် ဖတ်မှတ်လေ့လာပါ ရှာပါ ကျွန်မသည် မေးခွန်းတိုင်းကို ဖြေကြားရန် တာဝန်မရှိပါ ရည်ရွယ်သည်မှာ အများစုသော ပြည်သူလူထုသာ ဖြစ်ပါသည် ကိုဗစ်နှင့် ပတ်သက်၍ မည်သူမျှ တာဝန်မပေးခင်ကတဲက တာဝန်သိစိတ်တခုတည်းဖြင့် ကျွန်မတင်ပါသည် စတင်ကတည်းက သတင်းအမှန်ကိုသာ တစိုက်မတ်မတ်တင်ပါသည် ပြည်သူတွေ သိသင့်သိထိုက်သော အရာများကို ကိုယ့်စွမ်းကိုယ်စဖြင့် လေ့လာဖတ်ရှုပြီး တင်ပါသည် ပြည်သူတွေကို တခါမှ ခြောက်လှန့်ခြင်း မပြုလုပ်ခဲ့ပါ အစိုးရိမ်ကြီးလွန်းခြင်းသည် ရောဂါထက် ပိုဆိုးပါသည်

 

သို့သော် မစိုးရိမ်ပဲလဲ မနေစေလိုပါ US လို နိုင်ငံကြီးတောင်မှ ဓာတ်ခွဲအတည်ပြု လူဦးရေ ၄၃၂,၅၉၆ ဦးရှိပြီး သေဆုံးသူ ၁၇,၆၆၉ ဦးရှိပါသည် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူထဲမှ ပြန်ကောင်းသူ ၇၇,၆၇၉ ရှိကြောင်းသိရပါသည် positive ဖြစ်တဲ့သူတိုင်း ဆေးရုံတင်ရန်မလိုပါ သို့သော် ကိုယ်လဲအချိန်မရွေး ကူးစက်နိုင်သည်ဟု သဘောထားစေလိုပါသည်။ ထို့ကြောင့် လုံးဝ မပေါ့ဆစေလိုပါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များအတိုင်း တသဝေမတိမ်း လိုက်နာကြရန် တိုက်တွန်းအပ်ပါသည်

 

နှစ်ပတ် Quarantine ပြီးထားသောသူများလည်း အိမ်တွင်နှစ်ပတ် self isolate လုပ်နေဖို့ အရေးကြီးပါတယ် မိမိ မိသားစုကို မကူးစက်စေဖို့ အထူးတာဝန်ရှိပါသည် ဒါကိုစနစ်တကျ အတိအကျ လိုက်နာဖို့ လိုအပ်လှပါကြောင်း မေတ္တာနဲ့ နှိုးဆော်လိုက်ရပါတယ် ။ ရောဂါကူးစက်ပုံ ပေပါ ၂၂ စောင်ကိစ္စကတော့ ဒီနေ့မတင်နိုင်တော့ပါ မျက်စိကကြည့်မကောင်းတော့လို့ မနက်ဖြန်တင်ပါ့မည် ယခုကိစ္စက ပိုမိုအရေးကြီးသဖြင့် အလျင်တင်လိုက်ရပါသည်။

HPD.png

Khin Khin Gyi  (Fcebook)

ဒီတခါတော့ Viral shedding နဲ့ပတ်သက်ပြီး ပြည်သူလူထုသိအောင် WHO နဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့က မေးမြန်းထားတာကို တင်ပြပါ့မယ်။  ဘာလို့ဒါကို ပြောရသလဲဆိုရင် ဒီနေ့ထွက်တဲ့ Case 23 ဟာ Case 1 ရဲ့အမေဖြစ်ပြီး အမေရိကန်နိုင်ငံက အတူတူ ခရီးထွက်လာကြသူတွေဖြစ်ပါတယ်
 
Case 1 ဟာ ၂၃-၃-၂၀၂၀ ရက်နေ့မှာ ဓာတ်ခွဲအတည်ပြု ပထမဆုံး လူနာဖြစ်ခဲ့ပါတယ်
 
ဒီနောက် လူနာအမေအပါအဝင် လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ ကပ်တဲလ်ကျေးရွာကို ၂၄-၃-၂၀၂၀ ရက်နေ့ကစပြီး Lock down လုပ်လိုက်ပါတယ်
 
လူနာ ၁ ဟာ ဆေးရုံစတက်ကတဲက ဖျားတာတစ်ခုပဲရှိပြီး ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ ဘာတခုမှ မရှိပါ။ လက်ရှိအချိန်အထိလည်း လူနာ ၁ သည် Still Positive ပဲဖြစ်ပါသည်
 
ပထမတော့ ကိုဗစ်ဘယ်လိုရောဂါကူးစက်စေသလဲ ရေးမလို့ပဲ သို့သော်ခုချိန်မှာ ပြည်သူတွေက စိတ်ဝင်စားနေတဲ့ အကြောင်းအရာက ဗိုင်းရပ်စ်ပိုးက ဘယ်နှစ်ရက်ကြာတဲ့ထိ နေနိုင်သလဲဆိုတာ ပိုသိချင်နေကြမယ်ထင်လို့ WHO က deputy head နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက မေးထားတာကို သူဖြေတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်။
 
၁/ ရောဂါလက္ခဏာမပြပဲ ရောဂါရှိနေနိုင်တဲ့သူဘယ်လောက်ရာနှုန်းရှိလဲလို့ ပထမမေးပါတယ်။ Asymptomatic လူနာများနှင့် ပတ်သက်၍ WHO တွင် တရားဝင်ကိန်းဂဏန်းများမရှိပါ။
 
သို့သော် US-CDC ဒါရိုက်တာကမကြာသေးမီကပြောကြားခဲ့သည်မှာ - coronavirus အသစ်ကူးစက်ခံထားရသောလူများ၏ ၂၅% သည်ရောဂါလက္ခဏာများမပြနိုင်ပါ။ ဤအရေအတွက်သည် ကူးစက်ရောဂါ၏လမ်းကြောင်းနှင့်ပျံ့နှံ့မှုကိုလျှော့ချရန်မဟာဗျူဟာများကိုကြိုတင်တွက်ချက်ရန်အားထုတ်မှုများကိုရှုပ်ထွေးစေသည်။
 
အချို့သောအစီရင်ခံစာများအရ coronavirus ဖြစ်ပွားမှု၏ ၃၀% သည်တောင်ကိုရီးယားတွင်လက္ခဏာမပြသည့်သူများဖြစ်သည်။
 
US CDC အရ ၂၅ ရာနှုန်းရှိပြီး တောင်ကိုရီးယားမှာတော့ ၃၀ ရာနှုန်းရှိကြောင်း သိရတယ်လို့ဖြေပါတယ်
 
(တခုချင်းစီအတွက် ပေပါတွေ ရှိပါတယ် ဒီမှာတော့ ရှုပ်နေမှာစိုးလို့ မပြတော့ပါ)
 
၂/ Viral shedding ဗိုင်းရပ်စ်က လူ့ကိုယ်ထဲမှာရော ဘယ်လောက်ကြာကြာ ဆက်ရှိနေနိုင်သလဲမေးပါတယ် Quarantine နှစ်ပတ်ဟာ လုံလောက်ပါသလား မေးထားပါတယ်
 
ဗိုင်းရပ်စ်ပိုးရဲ့ ခန္ဓာကိုယ်တွင် မည်သည့်အချိန်အထိ နေနိုင်သည့်အကြောင်း နှင့်ပတ်သက်၍ COVID-19 လူနာများသည်ဗိုင်းရပ်စ်နှိမ်နင်းရေးအချက်အလက်များအရရောဂါလက္ခဏာမပြမီ ၂၄-၄၈ နာရီအတွင်း လက္ခဏာပြခြင်းပြီးနောက် 3-4 ပတ်ကြာအောင်ဗိုင်းရပ်စ်ရှိနေနိုင်သည်။
 
COVID-19 သည်ရောဂါအသစ်အဆန်းဖြစ်သောကြောင့်ဗိုင်းရပ်စ်နှိမ်နင်းရေး၏မည်သည့်ကောက်ချက်မဆိုကိုကောက်ယူရန်ကျွန်ုပ်တို့တွင်ရောဂါကူးစက်မှုဆိုင်ရာအချက်အလက်များပိုမိုလိုအပ်သည်။
 
ဒါ့ကြောင့်မို့ Quarantine နှစ်ပတ်ပြီးသည့်နောက် စိတ်ချရအောင် အိမ်တွင်နှစ်ပတ်ဆက်နေရန် မနေ့က MoHS page က ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်
 
ဟုတ်ပြီ ဒါဆိုမေးကြမယ် အရင်က နှစ်ပတ် Quarantine ဆို လုံလောက်တယ်ဆို ခု မလုံလောက်တော့ဘူးလား မေးစရာရှိပါတယ် ရောဂါပျိုးချိန် ပြောင်းသွားလို့များလား မေးလာရင် အဖြေရှိပါတယ်
 
အရင်တုန်းကလဲ WHO ဖြေထားဖူးပါတယ် ရောဂါရဲ့သဘောသဘာဝ ကူးစက်ပုံ ရောဂါလက္ခဏာကို အကုန်အစင်မသိသေးပါဘူး ဒါ့ကြောင့်မို့ ဒီလိုကွက်လပ်တွေကို ဖြည့်ဖို့ ဆောင်ရွက်နေတယ်ပြောပါတယ်
 
ဟုတ်ပြီ ရောဂါပျိုးချိန် ပြောင်းသလားဆိုတော့ မပြောင်းပါ အရင်အတိုင်း ၂-၁၄ ရက်ပါပဲ (ပျှမ်းမျှ ၅-၆ ရက်ပါပဲ) ဒါ့ကြောင့် နှစ်ပတ် Quarantine ထားတာပါ ဒါဆိုဘာတွေပိုသိလာသလဲ ဆိုတော့ ရောဂါရှိသူတချို့ဆီမှာ ဗိုင်းရပ်က ကြာကြာနေတယ်ဆိုတာပါပဲ ဒီတော့ကာ တချို့သူတွေမှာ ၃-၄ ပတ်ထိရှိတယ်ဆိုတော့ စိတ်ချရအောင် အိမ်မှာ နှစ်ပတ် self isolate လုပ်ခိုင်းတာပါပဲ ဒီသဘောကို နားလည်စေချင်ပါတယ် သို့သော် ရောဂါလက္ခဏာ မပြတဲ့သူတွေဆီကကူးပြီး ပြသနာဖြစ်နိုင်လားဆိုတာနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာ မပြသူတွေဆီက ပြည်သူလူထုကို ကူးစပ်စေမှုဟာ major driving force မဟုတ်ပါလို့ WHO ရဲ့ press conference မှာ ဖြေထားပါတယ် ရောဂါရဲ့ သဘောသဘာဝဟာ အမြဲပြောင်းလဲနေပါတယ် လှေနံဒါးထစ်မှတ်၍ မရပါ ပြောင်းလဲချက်များအပေါ် မူတည်၍ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ကူးစက်ရောဂါဗေဒရှုထောင့်မှ စဉ်းစားရပါတယ်
 
အခုဆို ကပ်တဲလ်ရွာက လူနာရဲ့အမေ Positive ဖြစ်တယ် ဒီရွာမှာ lockdown လုပ်ထားတာလဲ မဖြည်ရသေးပါဘူး ဘာလို့ဆိုတော့ ပထမလူနာမှ Negative မဖြစ်သေးတာ ဒါ့ကြောင့်တနေ့ကပို့စ်မှာ နောက်တစ်ပတ်ဆက်ထားမယ် ဆိုတဲ့အကြောင်း တင်ထားပါတယ် ခုပုံအတိုင်းဆို နှစ်ပတ်ဆက်ထားရမှာပါ ဒီ ၂၃ လူနာ အမျိုးသမီးကြီးဆီက ကူးတယ်ဆိုတဲ့ အထောက်အထား တစ်ယောက်မှာမှ မတွေ့ရသေးပါ သူတို့တွေဟာ ခုဆို Lockdown လုပ်တာ ၁၆ ရက်ရှိပါပြီ ဒါဟာလဲ ထိရောက်တဲ့ နည်းဗျူဟာတခုဖြစ်ပါတယ် အများစိုးရိမ်နေသလို နှစ်ပတ်နဲ့ Quarantine မဖြည်သေးဘူးဆိုတာ အစောတဲကပြောထားပါတယ်
 
အချုပ်ဆိုရလျှင် ရောဂါလက္ခဏာ မပြပဲ ရောဂါရှိနေသူများ ပြည်သူလူထုထဲ ရှိနေနိုင်ပါတယ် ဒါကြောင့်လဲ အပြင်တတ်နိုင်သမျှ မထွက်ဖို့ avoid social distancing, လက်နဲ့ မျက်နှာနှာခေါင်းပါးစပ်မထိဖို့ လက်ဆေးဖို့ ချောင်းဆိုးနှာချေလျှင် အုပ်ဆိုးဖို့ သာမန်ဖျားနာရင် အိမ်မှာပဲနေဖို့ ပိုဆိုးလာလျှင် ကျန်းမာရေးဝန်ထမ်းကို အကြောင်းကြားဖို့ သတင်းမှားမယုံဖို့ ခဏခဏ ပြောရခြင်းဖြစ်ပါတယ်
 
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်မသည် ကျွန်မသာဖြစ်သည် ကျွန်မကို အရာရာ အကုန်သိ သတင်းဌာနဟု မယူဆစေလိုပါ ကျွန်မသိသမျှကို စေတနာအပြည့်ဖြင့် မျက်စိမွဲတဲ့ထိ ကမ္ဘာ့သတင်း WHO ရဲ့ ထုတ်ပြန်ချက် guideline များကို ဖတ်ရှုပြီး စေတနာဗရဗွဖြင့် ကိုယ့်ဖုံးဘေလ်အကုန်ခံ၍ တင်ပေးနေခြင်းသာဖြစ်သည် မည်သူသဘောကျစေဟူသော ရည်ရွယ်ချက်မရှိပါ ကျွန်မသည် ကိုယ်သိထားသမျှကို အလတ်အလတ် ဘယ်ဘက်မှ မယိမ်းပဲ သစ္စာရှိစွာဖြင့် တင်ပါသည်
 
ကျွန်မ မတင်လည်း ဘာကိစ္စမှ မရှိပါ သတင်းပြန်ကြားရေးကို အဖွဲ့ဝင် ၇ဦးဖြင့် ဖွဲ့စည်းပြီး သတင်းပြန်ကြားရေးကို ညွှန်ချုပ်အဆင့်ဖြင့် မြှင့်တင်ထားပြီးသည်ကို သိမှာပါ ဘာလို့ညွှန်ချုပ် level ထိ မြှင့်တင်ရသလဲ အရေးကြီးလို့ပါ Positive case တွေ များလာသည်နှင့်အမျှ လုပ်ဆောင်စရာတွေ သူ့တာဝန်နဲ့သူ များလာပါသည် ဒါကိုနားလည်စေလိုပါသည်
 
ဆရာ့ ဆရာကြီးများ ထစ်ကနဲရှိ ကျွန်မကို မေးခွန်းတွေ တရစပ်မေးမည့်အစား ကိုယ့်ဟာကိုယ် ဖတ်မှတ်လေ့လာပါ ရှာပါ ကျွန်မသည် မေးခွန်းတိုင်းကို ဖြေကြားရန် တာဝန်မရှိပါ ရည်ရွယ်သည်မှာ အများစုသော ပြည်သူလူထုသာ ဖြစ်ပါသည်
 
ကိုဗစ်နှင့် ပတ်သက်၍ မည်သူမျှ တာဝန်မပေးခင်ကတဲက တာဝန်သိစိတ်တခုတည်းဖြင့် ကျွန်မတင်ပါသည် စတင်ကတည်းက သတင်းအမှန်ကိုသာ တစိုက်မတ်မတ်တင်ပါသည် ပြည်သူတွေ သိသင့်သိထိုက်သော အရာများကို ကိုယ့်စွမ်းကိုယ်စဖြင့် လေ့လာဖတ်ရှုပြီး တင်ပါသည် ပြည်သူတွေကို တခါမှ ခြောက်လှန့်ခြင်း မပြုလုပ်ခဲ့ပါ အစိုးရိမ်ကြီးလွန်းခြင်းသည် ရောဂါထက် ပိုဆိုးပါသည်
 
သို့သော် မစိုးရိမ်ပဲလဲ မနေစေလိုပါ US လို နိုင်ငံကြီးတောင်မှ ဓာတ်ခွဲအတည်ပြု လူဦးရေ ၄၃၂,၅၉၆ ဦးရှိပြီး သေဆုံးသူ ၁၇,၆၆၉ ဦးရှိပါသည် ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူထဲမှ ပြန်ကောင်းသူ ၇၇,၆၇၉ ရှိကြောင်းသိရပါသည် positive ဖြစ်တဲ့သူတိုင်း ဆေးရုံတင်ရန်မလိုပါ သို့သော် ကိုယ်လဲအချိန်မရွေး ကူးစက်နိုင်သည်ဟု သဘောထားစေလိုပါသည်
 
ထို့ကြောင့် လုံးဝ မပေါ့ဆစေလိုပါ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များအတိုင်း တသဝေမတိမ်း လိုက်နာကြရန် တိုက်တွန်းအပ်ပါသည်
 
နှစ်ပတ် Quarantine ပြီးထားသောသူများလည်း အိမ်တွင်နှစ်ပတ် self isolate လုပ်နေဖို့ အရေးကြီးပါတယ် မိမိ မိသားစုကို မကူးစက်စေဖို့ အထူးတာဝန်ရှိပါသည် ဒါကိုစနစ်တကျ အတိအကျ လိုက်နာဖို့ လိုအပ်လှပါကြောင်း မေတ္တာနဲ့ နှိုးဆော်လိုက်ရပါတယ်
 
ရောဂါကူးစက်ပုံ ပေပါ ၂၂ စောင်ကိစ္စကတော့ ဒီနေ့မတင်နိုင်တော့ပါ မျက်စိကကြည့်မကောင်းတော့လို့ မနက်ဖြန်တင်ပါ့မည် ယခုကိစ္စက ပိုမိုအရေးကြီးသဖြင့် အလျင်တင်လိုက်ရပါသည်
 
အားလုံးနှလုံးစိတ်ဝမ်း ချမ်းမြေ့ကြပါစေ
 
မိမိကိုယ်တိုင်နဲ့ တပါးသူကို အပူမပေးတဲ့သူ ဖြစ်နိုင်ကြပါစေ
 
ကံဆိုတာ အလုပ်ဖြစ်သည့်အတွက် မိမိကတော့ ကံကောင်းအောင် ကောင်းသည့်အလုပ်များပဲ လုပ်ဆောင်နေပါကြောင်း အသိပေးအပ်ပါသည်
Read times
Rate this item
(0 votes)