What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 April 2020 09:13

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရမ်ဒီဆီဗီယာကို မျောက်သတ္တဝါတွင် စမ်းသပ်ကုသခြင်းအား ထိရောက်မှုရှိဟုဆို

စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရမ်ဒီဆီဗီယာ (remdesivir ) ကို မျောက်သတ္တဝါများအား စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကုသနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီဟု အမေရိကန်အစိုးရ သိပ္ပံပညာရှင်များက ယမန်နေ့တွင် ပြောကြားသည်။

 

လိုက်နာဆောင်ရွက်ရန် ရည်ရွယ် ယင်းစမ်းသပ်လေ့လာမှုသည် ပဏာမအဆင့်တွင်သာရှိသေးပြီးအခြားသိပ္ပံပညာရှင်များက သုံးသပ်မှုမပြုရသေးပေ။ ယင်းလေ့လာမှုကို များပြားသည့် လူသားများတွင် စမ်းသပ်ရန်အတွက် ဆေးရုံတက်ရောက်နေသည့် ကိုဗစ်-၁၉ လူနာများအတွက် အသုံးပြုသည့် ဆေးတိုက်ခြင်းနှင့်ကုသခြင်း ထုတ်လုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

COVID.png

ယင်းလေ့လာမှုတွင် ဆားစ်ရောဂါ (SARS-CoV-2) ဗိုင်းရပ်စ်ပိုး ထည့်သွင်း ထားသည့် မျောက်နီခြောက်ကောင် အုပ်စုနှစ်စုပါဝင်သည်။ ပထမအုပ်စုကို ဂျီလိဒ်သိပ္ပံက ထုတ်လုပ်သည့် အဆိုပါဗိုင်းရပ်စ် ကာကွယ်ဆေးကို ထိုးပေးပြီး အခြားအုပ်စုကို မည်သည့်ဆေးမျှ ထိုးမပေးပေ။


ကာကွယ်ဆေးထိုးပေးမည့် မျောက်အုပ်စုကို ၎င်းတို့ ဗိုင်းရပ်စ်ကူးစက် ခံရပြီး ၁၂ နာရီအကြာတွင် ကာကွယ်ဆေးကို အကြောအတွင်းသို့ ပထမဆုံး ထိုးပေးသည်။ ထို့နောက် ခြောက်ရက်ကြာအောင် ကာကွယ်ဆေးကို နေ့စဉ် ထိုးပေးသည်။ ၎င်းတိရစ္ဆာန်များ၏ အဆုတ်များတွင် ဗိုင်းရပ်စ်ပိုးများ အများဆုံးပမာဏ မရောက်ရှိမီအချိန်တွင် ပထမဆုံးဆေးကို ထိုးသွင်းပေးရန် သိပ္ပံပညာရှင်များက အချိန်ကိုက် သတ်မှတ်ထားသည်။


ဆေးကုသမှုရရှိသည့် တိရစ္ဆာန်များသည် ပထမဆုံးဆေးထိုးခြင်းခံရပြီး နောက် ၁၂ နာရီအကြာတွင် သိသာထင်ရှားသည့် တိုးတက်မှုကို ပြသသည်။ တစ်ပတ်ကြာ လေ့လာမှုအတွင်း အလားအလာကောင်း ဆက်လက်ရရှိခဲ့သည်။ ဆေးကုသမှုရရှိသည့် တိရစ္ဆာန်ခြောက်ကောင်အနက် တစ်ကောင်သည် မပြင်းထန်သည့် အသက်ရှူရခက်ခဲသည့် အခြေအနေကို ပြသသည်။ သို့သော်လည်း ဆေးကုသမှုမပေးဘဲထားသည့် တိရစ္ဆာန်ခြောက်ကောင်စလုံး သည် ရုတ်ခြည်းအသက်ရှူရခက်ခဲလာသည်။

 

အဆုတ်များထဲတွင် တွေ့ရသည့်ဗိုင်းရပ်စ်ပိုးပမာဏသည် ဆေးကုသမှု မရရှိသည့် တိရစ္ဆာန်အုပ်စုထက် ဆေးကုသမှုရရှိသည့်အုပ်စုတွင် သိသိသာသာ နည်းပါးသည်ကို တွေ့ရသည်။ ဆေးကုသမှုရရှိသည့်အုပ်စုတွင် အဆုတ်ပျက်စီး မှု နည်းပါးသည်ကိုလည်း တွေ့ရသည်။

SharedScreenshot.jpg

ရမ်ဒီဆီဗီယာဆေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသဆေးအဖြစ် အဆိုပြုကြသည့် ပထမဆုံးဆေးဝါးများတွင် ပါဝင်သည်။ ၎င်းဆေးကို လက်တွေ့ကုသမှုများ ပြုလုပ်ရာတွင် တိုးတက်မှုများ တွေ့ရသည်။

 

ချီကာဂို ဆေးရုံမှ အဆိုပါလက်တွေ့ကုသမှုများတွင် ပါဝင်ခဲ့သည့် လူနာများကို ကုသရာ တွင် အဆိုပါဆေးသည် ကောင်းမွန်သည့်အကျိုးအာနိသင်ကို ပြသခဲ့ကြောင်း ကျန်းမာရေးသတင်းဝက်ဘ်ဆိုက် Stat က ကြာသပတေးနေ့တွင် ဖော်ပြသည်။ ရမ်ဒီဆီဗီယာဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်သည့် သန္ဓေပြောင်းလဲမှု ကို ယင်းဗိုင်းရပ်စ်အတွင်း၌ ဖြစ်ပေါ်စေသည်။

HPD.png

ကိုးကား- အေအက်ဖ်ပီ
အောင်ဇော်လင်း

Read times
Rate this item
(1 Vote)