Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ သတ်မှတ်ချက်ကို သြဂုတ်လ ၃၁ရက်ထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက အသိပေးကြေညာလိုက်သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုး (C0vid-19) ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ
Covid-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် သြဂုတ်လ ၁၅ရက်အထိ ထုတ်ပြန်ထားသော
ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာကို ရက်တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။
By Health Products Guide