What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 May 2018 10:40

အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ

အပေါ်ယံအရေပြားတွေ ပျက်စီးရခြင်း အဓိကအကြောင်းရင်းများ google.com

နေ့စဉ်လုပ်ရှားသွားလာနေရတဲ့လူဘဝမှာ ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေ၊ မသန့်ရှင်းတဲ့အရာတွေမှန်သမျှကြောင့် အသားအရေမှာ ဆဲလ်သေတွေကို ဖြစ်ပေါ်စေပြီး ပြန်လည်မသန့်စင်ပေးဘူးဆိုရင် အသားအရေမှာ ဂျီးတတ်စေပြီး အဲ့ဒီမှ တဆင့် အရေပြားရောဂါအမျိုးမျိုးနဲ့၊ မသန့်ရှင်းတဲ့လက်မှ တဆင့်ဝမ်းတွင်းရောဂါအမျိုးမျိုး ကို ဖြစ်ပေါ်စေမှာပါ။

ဒါအပြင် အရေပြားပေါ်ကဆဲလ်သေတွေက အသားအရေကို ညိုညစ်စေပြီး အရောင်အဆင်းကင်းမဲ့စေပါတယ်။ ဒါကြောင့် နုနယ်စိုပြေလှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတဲ့ ဘယ်သူမဆို ပထမဦးဆုံး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားသင့်ပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဂျီးချွတ်တာပါပဲ။ ဂျီးချွတ်ခြင်းက အရေပြားအပေါ်ယံက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေပါတယ်။ မိမိခန္ဓာကိုယ်မှာရော၊ မျက်နှာမှာပါ ဂျီးချွတ်သန့်စင်ပေးဖို့လိုပါတယ်။ ဆဲလ်သေတွေက ဆောင်းတွင်းမှာ ပိုမိုစုပုံတတ်ပြီး နွေဦးပေါက်တိုင်းမှာ သေချာပေါက်မဖြစ်မနေ တခါလောက် ဂျီးချွတ်သန့်စင်ပေးသင့်ပါတယ်။

ဒီလိုဂျီးချွတ်သန့်စင်ရာမှာ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်သေတွေကိုပဲ သန့်စင်တာဖြစ်တဲ့အတွက်ကြောင့် အရေပြားအောက်မှာရှိတဲ့ ဆဲလ်အသစ်တွေကို ဖယ်ရှားပစ်တတ်တဲ့ အလှကုန်ပစ္စည်းကြမ်းတွေကို မသုံးသင့်ပါဘူး။

အသုံးများတဲ့ ဂျီးချွတ်ပစ္စည်းများကတော့ Scrub လို့ခေါ်တဲ့ ဂျီးချွတ်ပစ္စည်းလေးပါ။ သကြား (သို့) နာနတ်သီးလိုမျိုး အသီးအက်ဆစ်ဓာတ်ပါတဲ့ Scrub မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။မျက်နာမှာရော၊ ခန္ဓာကိုယ်အနှံမှာပါ အသုံးပြုနိုင်ပြီး မျက်နှာဟာနူးညံ့တဲ့အတွက် မျက်နာအတွက် ထုတ်လုပ်တဲ့ ပစ္စည်းတွေက ပိုပျော့တတ်ပါတယ်။ မျက်နာ နဲ့ ခန္ဓာကိုယ်အနှံကို Scrub နဲ့ပွတ်တိုက်ဆေးကြောပြီး ဖြည်းဖြည်းချင်း ပြန်လည်ဆေးချနိုင်ပါတယ်။

Image result for scrub

ဂျီးချွတ်သန့်စင်ခြင်းကို ပုံမှန်လုပ်ပေးသင့်ပြီး ပူနွေးတဲ့ရာသီတွေမှုာ တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ လုပ်ပေးသင့်ပါတယ်။

Image result for scrub

 

ဂျီးချွတ်သန့်စင်နည်း နောက်တစ်မျိုးမှာ ရေချိုးတိုင်းမှာ ဘရပ်ခ်ျနဲ့ ပွတ်တိုက်ပေးပါ။ ဒါကတော့ အိမ်မှာပဲအလွယ်တကူလုပ်လို့ရတဲ့နည်းလေးပေါ့။ ခြေထောက်တွေမှာ အထူးသဖြင့် ခြေဖနောင့်တွေမှာ အသားမာတွေ မဖြစ်အောင် ဂျီးချွတ်ကျောက်တုံးဖြင့် ပွတ်တိုက်ပေးနိုင်ပါတယ်။

Source: Drmyanmar

Read: ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

ဗိုက်ခွဲမွေးပြီးနောက်မပြုလုပ်သင့်သောအချက်များ

Read times Last modified on Monday, 14 May 2018 10:52
Rate this item
(0 votes)